ကျောရိုးအဆစ်ပြားများယိုယွင်းခြင်းကြောင့် ဖြစ်လာသောခါးနာရောဂါကို ကုသရန် ခွဲစိတ်မှုကို ရှောင်ကြဉ်ပြီး လေဆာနည်းပညာကို အသုံးပြု၍ ပြုပြင်ပါ။ 

ခါးနာခြင်းသည် များသောအားဖြင့် အလုပ်လုပ်သောအရွယ်နှင့် သက်ကြီးရွယ်အိုများတွင် ဖြစ်တတ်ပါသည်။ ခါးနာခြင်းသည်နာတာရှည်ဖြစ်လာနိုင်ပြီး လူနာ၏အထွေထွေကျန်းမာရေးနှင့် နေ့စဉ်နေထိုင်မှုဘဝကို ထိခိုက်စေပြီး ခရီးသွားခြင်းကဲ့သို့သော ပုံမှန်လှုပ်ရှားသွားလာမှုများကို လုပ်ဆောင်ရန်ပင် ခက်ခဲစေပါသည်။ ခါးနာကျင်ရခြင်းသည်အကြောင်းအရင်းများစွာရှိပြီး ကျောရိုးအဆစ်လွဲခြင်း၊ ကျောရိုးအဆစ်ပြားကျွံခြင်း သို့မဟုတ် အသက်အရွယ်အလိုက် ကျောရိုးအဆစ်များယိုယွင်းခြင်းများကြောင့်လည်း ဖြစ်နိုင်ပါသည်။ 

ခွဲစိတ်စရာမလိုဘဲ နာတာရှည် ခါးနှင့် လည်ပင်းနာကျင်မှုကို ကုသရန် အတွက်နောက်ဆုံးပေါ် ကုသမှုနည်းပညာ 

ခါးနာခြင်းကို ကုသသည့်နောက်ဆုံးပေါ်နည်းပညာသည် ခွဲစိတ်ရန်မလိုသည့်အပြင် လေဆာဓါတ်ကို ပိုမိုအားကောင်းစေသည့် ဓါတ်ရောင်ခြည်လှုံ့ဆော်ထုတ်လွှတ်မှု (Stimulated Emission of Radiation) နည်းပညာကို အသုံးပြုထားပါသည်။ လေဆာအလင်းတန်းသည် အကွာအဝေးကြီးမားသော်လည်း ကျဉ်းမြောင်းနေသည့် အလင်းတန်းတစ်ခုဖြစ်သောကြောင့် CD များ၊ DVD စက်များ၊ လေဆာပရင်တာများ၊ pointers များသာမက ဆေးလောကတွင်လည်း လေဆာကိုအသုံးပြု၍ ရောဂါကုသခြင်းနှင့် ခွဲစိတ်မှုများတွင် အသုံးပြုခြင်း၊ စသည့် များစွာသောလုပ်ငန်းများစွာတွင် တွင်တွင်ကျယ်ကျယ်အသုံးပြုလာသည်ကိုမြင်တွေ့ရခြင်းဖြစ်ပါသည်။ 

လေဆာဖြင့် ကုသခြင်း၏ အကျိုးကျေးဇူးများ

၁။ ခွဲစိတ်ရာတွင်အသုံးပြုသည့်ဓါးထက် တစ်သျှူးများကို ပိုမိုတိကျစွာ ဖြတ်တောက်ပေးနိုင်ပါသည်။
၂။ ပုံမှန်သမားရိုးကျခွဲစိတ်မှုထက် သွေးထွက်မှုနည်းပါးပါသည်။
၃။ ပုံမှန်သမားရိုးကျ ခွဲစိတ်ကိရိယာများဖြင့် မပြုလုပ်နိုင်သော ကျဉ်းမြောင်းသောနေရာများကို ဖြတ်ရန် အသုံးပြုနိုင်ပါသည်။
၄။ တစ်ရှူးများကို ဖြတ်ပြီး ခွဲခြမ်းခြင်းပြုလုပ်နိုင်ပါသည်။
၅။ လက်ရှိအသုံးပြုနေသော ခွဲစိတ်မှုများသည် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (endoscope) ပြုလုပ်သောကြောင့် သေးငယ်သောခွဲစိတ်မှုများလိုအပ်ပါသည်။
၆။ လေဆာသည် သမားရိုးကျ ခွဲစိတ်ကိရိယာများထက် ပိုမိုတိကျကောင်းမွန်စွာလုပ်ဆောင်နိုင်ပါသည်။

ကျောရိုးအဆစ်ပြားခွဲစိတ်မှုအတွက် လေဆာအသုံးပြုရာတွင် ပတ်ဝန်းကျင်ရှိ အာရုံကြောများနှင့် တစ်ရှူးများကို ထိခိုက်ပျက်စီးမှုမရှိစေရန်အတွက် အပူမထုတ်သော လေဆာအမျိုးအစားကို အသုံးပြုရန် လိုအပ်ပါသည်။ ဆေးပညာလောကတွင် အသုံးပြုသော လေဆာအမျိုးအစားများစွာရှိသော်လည်း ကျောရိုးအဆစ်ပြားခွဲစိတ်မှုအတွက် အကောင်းဆုံးသောအမျိုးအစားမှာ Holmium Yag လေဆာဖြစ်ပြီး ၎င်းသည် အချင်းဝက် ၀.၂ မီလီမီတာအထိသာ အပူထုတ်လွှတ်သောကြောင့် အနီးအနားရှိတစ်သျှူးများနှင့် အာရုံကြောများကို မထိခိုက်နိုင်ပါ။ 

ယခုအခါတွင် ကျောရိုးအဆစ်ပြားခွဲစိတ်မှုကို အများအားဖြင့် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (endoscope) ဖြင့် ပြုလုပ်ကြသည်။ ၎င်းသည် ခွဲစိတ်မှုပြုလုပ်ရန်အတွက် ၈ မီလီမီတာမျှသာ လိုအပ်ပြီး ခွဲစိတ်မှုပြုလုပ်ရန် သေးငယ်သော ခွဲစိတ်ကိရိယာကို မှန်ပြောင်းမှတစ်ဆင့် ထည့်သွင်းထားပါသည်။ ထို့ကြောင့် သေးငယ်ကျဉ်းမြောင်းသောပိုက်မှတဆင့် လေဆာကိုအသုံးပြုခွဲစိတ်ခြင်းသည် ကုသမှုကိုသက်သာစေသည့်အပြင် ပိုမိုကောင်းမွန်သောရလဒ်များကို ပေးဆောင်နိုင်ပါသည်။ အမေရိကန်ပြည်ထောင်စုနှင့် အခြားနိုင်ငံများတွင် ကျောရိုးအဆစ်ပြားခွဲစိတ်ကို လေဆာဖြင့်သာ ကုသကြပါသည်။  

ကျောရိုးအဆစ်ပြားမှ အာရုံကြောဖိမိခြင်းကိုလျှော့ချရန် လေဆာအသုံးပြုခြင်းဖြင့် လက် သို့မဟုတ် ခြေထောက်များအထိ နာကျင်မှုကူးစက်လာခြင်းကို သက်သာစေပါသည်။ 

လက် သို့မဟုတ် ခြေထောက်များအထိ ပျံ့နှံ့လာသော နာကျင်မှုသည် လည်ပင်း သို့မဟုတ် ကျောရိုးရှိ အာရုံကြောများမှတဆင့် ပျံ့နှံ့သွားခြင်းဖြစ်ပါသည်။ ကျောရိုးအဆစ်ပြားများမှ အာရုံကြောကို ဖိမိခြင်းကြောင့်ဖြစ်ပေါ်လာသော ထိုနာကျင်မှုများကို MRI မှတဆင့် ရောဂါရှာဖွေနိုင်သည်။ သောက်ဆေးနှင့် လေးကျင့်ခန်းဆိုင်ရာကုထုံးများဖြင့် မသက်သာပါက လူနာသည် အာရုံကြောကိုဖိမိနေသော ကျွံ့နေသောကျောရိုးအဆစ်ပြားကို ဖယ်ရှားရန်အတွက် ခွဲစိတ်ကုသမှုကိုခံယူရန် လိုအပ်နိုင်ပါသည်။

အချို့သောလူနာများ၏ MRI အဖြေတွင် အဆစ်ပြားကျွံခြင်းသည် မပြင်းထန်သောကြောင့် နာကျင်မှုမှာ ကျောရိုးအဆစ်ပြား၏ အနီးပတ်ဝန်းကျင်ရှိ အာရုံကြောကိုထိခိုက်မိသောကြောင့်ဖြစ်ပြီး ထိုနာကျင်မှုကို ဆေးဝါးနှင့် လေးကျင့်ခန်းဆိုင်ရာ ကုထုံးများဖြင့် ကုသနိုင်ပါသည်။ 

ဆေးဝါးနှင့် လေးကျင့်ခန်းဆိုင်ရာကုထုံးများသည် အချို့သောလူနာများ၏နာကျင်မှုကို မသက်သာစေပါ။ ထိုအခါ နာကျင်မှုကို သက်သာစေရန်အတွက် ခွဲစိတ်ကုသမှုကိုခံယူရန်မလိုပဲ Disc Decompression ခေါ် ခါးရိုးကိုစွဲခြင်းလေ့ကျင်ခန်း ကို ခံယူခြင်းဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါသည်။ 

လေဆာဓါတ်ရောင်ခြည်များသည် အပူကိုထုတ်လွှတ်နိုင်သည့်အတွက် ကျောရိုးအဆစ်ပြားအတွင်းရှိ အရည်များ အငွေ့ပျံသွားစေနိုင်ခြင်းဖြင့် ဖိအားကိုသက်သ စေပါသည်။ အရည် ၀.၅-၁ မီလီမီတာခန့် အငွေ့ပျံရုံဖြင့် နာကျင်မှုကို သက်သာစေနိုင်ပါသည်။

S-Spine and Nerve ဆေးရုံသည် ထိုင်းနိုင်ငံ၏ ပထမဆုံး ကျောရိုးနှင့် အာရုံကြောဆိုင်ရာ အထူးကုဆေးရုံဖြစ်ပြီး အဆင့်မြင့်ကုသမှုနည်းပညာများကိုသာ အသုံးပြု၍ လူနာများ လျှင်မြန်စွာပြန်ကောင်းမွန်လာစေရန် ခွဲစိတ်မှုကို ရှောင်ကြဉ်ခြင်းဖြင့် နာကျင်မှုဝေဒနာကို ကုသရန် အဓိကထား လုပ်ဆောင်ပါသည်။ ကျွန်ုတို့၏ ကျောရိုးနှင့် အာရုံကြောဆိုင်ရာအထူးကုအဖွဲ့သည် အတွေ့အကြုံရင့်ကျတ်သည့် ဆေးပညာရှင်အဖွဲ့ဖြစ်ပြီး သင့်အားကူညီရန် အမြဲအဆင်သင့်ရှိနေပါသည်။ 

Share This Story