အရိုး Cement ထိုးဆေးသည် ခွဲစိတ်မှုမခံယူလိုသော လူနာများအတွက် ကျောရိုး ကျိုးခြင်း၊ အက်ခြင်းနှင့် ပြိုကျခြင်းများအတွက် အစားထိုးကုသမှုတစ်ခုဖြစ်ပါသည်။ ဤနည်းလမ်းသည် အောင်မြင်မှုနှုမ်းအလွန်မြင့်မားပြီး လူနာများကို နာကျင်ကိုက်ခဲမှုမှ ပြန်လည်သက်သာစေပြီး ၎င်းတို့၏ ပုံမှန်ဘဝနေထိုင်မှုအရည်အသွေးသို့ ပြန်လည်ရောက်ရှိစေရန် ကူညီပေးပါသည်။

ကျောရိုးကျိုးခြင်း၊ အက်ခြင်း သို့မဟုတ် ပြိုကျခြင်းကို ဖြစ်စေနိုင်သော ရောဂါများ သို့မဟုတ် အခြေအနေများ-
  • အရိုးပွရောဂါ
  • ထိခိုက်ဒဏ်ရာရခြင်း။
  • အမြင့်မှ ပြုတ်ကျခြင်း။
  • ကျောရိုးအတွင်း အကျိတ်များရှိနေခြင်း။

အထက်ဖော်ပြပါ အကြောင်းရင်းများထဲမှ တစ်ခုနှင့်အထက် ဖြစ်ပေါ်လာပါက အချို့သော လူနာများသည် ရောဂါပြင်းထန်မှုပေါ် မူတည်၍ နာကျင်မှု အတိုင်းအတာအမျိုးမျိုး ခံစားရနိုင်ပါသည်။ နာကျင်မှု ပြင်းထန်ပြီး မခံမရပ်နိုင်ဖြစ်လာပါက ကျောရိုးအဆစ်များ ရွေ့လျှားခြင်း၊ ကျောရိုးပုံသဏ္ဍာန်ပြောင်းခြင်း နှင့် အာရုံကြောဖိသိပ်မှုဖြစ်ခြင်းစသည့် နောက်ဆက်တွဲ ပြဿနာများ၏အန္တရာယ်ကို ကာကွယ်ရန် အထူးကုဆရာဝန်ထံ အမြန်ပြသရန် အကြံပြုလိုပါသည်။

ရောဂါရှာဖွေရေးလုပ်ငန်းစဉ်-

ကျောရိုးကျိုးခြင်း၏ အဓိက အကြောင်းအရင်းကို ကုသရန်အတွက် ဆရာဝန်သည် အရိုးတည်ဆောက်ပုံကို မြင်နိုင်သော ဓာတ်မှန်ရိုက်ခြင်း နှင့် ကျောရိုးနှင့် အာရုံကြောအမျိုးမျိုးတို့ကို မြင်နိုင်ရန် MRI အပါအဝင် သင့်လျော်သော ရောဂါရှာဖွေစစ်ဆေးမှုကို ပြုလုပ်မည်ဖြစ်ပါသည်။ ဤရောဂါရှာဖွေစစ်ဆေးမှုများသည် ကုသမှုအစီအစဥ်အတွက် ဆုံးဖြတ်ချက်ချရာတွင် မရှိမဖြစ်လိုအပ်ပါသည်။

Standing MRI- ဤရောဂါရှာဖွေနည်းသည် ခါးနာခြင်း၏အကြောင်းရင်းကို ရှာဖွေဖော်ထုတ်ရန် ကူညီပေးပါသည်။

ကုသမှုနည်းလမ်းများ-
  • အထွေထွေကုသမှု-
    ခါးနာခြင်းကို သက်သာစေရန်နှင့် ကျောရိုးတင်းခြင်းကို ကာကွယ်ရန် ဆေးသောက်ပြီး၊ ကျောရိုးရွေ့လျားမှုကို ကန့်သတ်ရန် ခါးနာသူများအသုံးပြုသော ခါးပတ်ကို ပုံမှန် ဝတ်ဆင်ထားသင့်ပါသည်။ ရောဂါလက္ခဏာများ မသက်သာပါက သို့မဟုတ် နှစ်ပတ်အကြာတွင် နာကျင်မှု ပိုမိုဆိုးရွားလာပါက၊ ကျောရိုးအထူးကုဆရာဝန်ထံ ချက်ချင်းပြသရန် အကြံပြုလိုပါသည်။
  • အရိုး Cement ဆေးထိုးခြင်း-
    အရိုး Cement ထိုးဆေးသည် ကျောရိုးကျိုးခြင်းကြောင့် ဖြစ်ပေါ်လာသော ခါးနာခြင်း နှင့် ကျောရိုးပုံသဏ္ဍာန် မမှန်သော လူနာများအတွက် အသုံးပြုသည့် ခွဲစိတ်ရန်မလိုသော နည်းလမ်းတစ်ခုဖြစ်ပါသည်။ ကျောရိုးတွင် အကျိတ်များ၊ သို့မဟုတ် ကျောရိုးဒဏ်ရာရရှိထားသူများတွင်လည်း အသုံးပြုပါသည်။ ဤကုသနည်းတွင် ကျိုးသွားသောကျောရိုး၏ ကြံ့ခိုင်မှုကို အားဖြည့်ရန်အတွက် ပြိုကျနေသော၊ ကျိုးသွားသော သို့မဟုတ် ပျက်စီးသွားသော ကျောရိုးထဲသို့ အရိုး Cement ကို ထိုးသွင်းပြီး ကျိုးသွားသောကျောရိုးကို ခန္တာကိုယ်အလေးချိန် ပြန်လည်ခံနိုင်စေရန်ဖြစ်ပါသည်။

ကုသမှုခံယူပြီးနောက် ရေရှည်ပြန်လည်ကောင်းမွန်လာစေရန် ခွဲစိတ်ပြီးနောက် ဆရာဝန်ပေးထားသော ညွှန်ကြားချက်များကို လိုက်နာရန် အရေးကြီးပါသည်။

• ခွဲစိတ်ပြီးနောက်၊ လိုက်နာရမည့် လမ်းညွှန်ချက်အချို့မှာ အောက်ပါအတိုင်းဖြစ်သည်-

အရိုး Cement ဆေးထိုးခြင်းအတွက် အဆင့်များ-

ဆရာဝန်သည် သေးငယ်သော အပ်တစ်ချောင်းနှင့် ဖလိုရိုစကုပ် (fluoroscope) ဟုခေါ်သော အထူးဓာတ်မှန်စက်ကို အသုံးပြုကာ ကျိုးကြေ၊ ကွဲအက်နေသော ကျောရိုး နေရာကို ရှာဖွေကာ ထိုးဖောက်မည်ဖြစ်ပါသည်။ ထို့နောက် ဆရာဝန်သည် အရိုးထဲမှ စိမ့်ထွက်ခြင်းမှ ကာကွယ်ရန် အရိုး Cement ဆေးကို ပမာဏအနည်းငယ်ဖြင့် တဖြည်းဖြည်း ထိုးသွင်းမည်ဖြစ်ပါသည်။ ဆရာဝန်သည် အရိုး Cementဆေးခိုင်မာလာစေရန် စောင့်ဆိုင်းပြီး အပ်ကို ဖယ်ရှားကာ ဒဏ်ရာကို ဖုံးအုပ်ရန် ပလတ်စတာ (plaster) ကို အသုံးပြုပါမည်။ ဒဏ်ရာက သေးငယ်သည့် အတွက် ချုပ်စရာမလိုပါ။

ထိုးသွင်းထားသော အရိုး Cementဆေး ခိုင်မာစေရန် လူနာသည် 1-2 နာရီကြာ လှုပ်ရှားခြင်းမပြုပဲ အနားယူရန် လိုအပ်ပါသည်။ ဆေးထိုးပြီးနောက် နာကျင်မှု သက်သာလာသည့်အတွက် ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်းကဲ့သို့သော ပုံမှန်လှုပ်ရှားမှုများကို ပြန်လည်စတင်နိုင်လာမည်ဖြစ်ပါသည်။ ဤကုသနည်းကို ကျောရိုးကုသမှုတွင် အထူးကျွမ်းကျင်သော အထူးပြုဆရာဝန် မှသာလုပ်ဆောင်ရပါမည်။

Share This Story