ကျောရိုးအဆစ်ကျဉ်း ရောဂါသည်  ခါးနာစေသည့်အဓိကအကြောင်းရင်းများထဲမှ တစ်ခုဖြစ်ပြီး ကျောရိုးပေါက်ကျဉ်းမြောင်းခြင်းကြောင့်  အာရုံကြောဖြတ်သောလမ်းကြောင်းကိုကျဉ်းမြောင်းစေပါသည်။ ကျောရိုးအပေါက် ကျဉ်းခြင်းအတိုင်းတာ သည်  တစ်ဆင့်  သို့မဟုတ် တစ်ဆင့်ထက်ပိုသော အဆင့်တွင်သာ ဖြစ်ပွားနိုင်ပြီးခါးရိုးအဆစ်ကျည်း အဖြစ်များဆုံးနေရာမှာ   ကျောရိုးအောက်ပိုင်းနှင့် လည်ပင်းတစ်ဝိုက်တွင် မကြာခဏ တွေ့ရပါသည်။

ကျောရိုးအဆစ်ကျဉ်းခြင်း ဖြစ်စေသောအကြောင်းရင်းများ
ကျောရိုးအဆစ်ကြားအရိုးနု များယိုယွင်းခြင်းမှစတင်ပြီး  အသက်အရွယ်ကြီးလာသည်နှင့်အမျှ ခန္ဓာကိုယ်နှင့်လိုက်ပြီး ပြောင်းလဲမှုတစ်ခုဖြစ်၍ ခါးရိုးဆစ်ကြားအရိုးနု များသည် တဖြည်းဖြည်းကျဉ်းလာပြီး    လုပ်ဆောင်ချက်လည်း တဖြည်းဖြည်းလျော့လာ ခြင်းကြောင့် ကိုယ်အလေးချိန် ဖိအားကိုထိန်းရန်ခါးရိုးဆစ်အရိုးနု ကျွံထွက် ၍   ကျောရိုးပေါက်အတွင်း ရှိ အာရုံ ကြော များထံ ဖိမိခြင်းကြောင့် ဖြစ်ပေါ်စေပါသည်။

လက္ခဏာများ

လူနာအများစုသည် ခြေထောက်နှစ်ဖက်လုံး နာကျင်ကိုက်ခဲခြင်းကို ခံစားရခြင်း သို့မဟုတ် ခြေထောက် ကြွက်သားများအားနည်းသောကြောင့် ခြေထောက်များ မလှုပ်ရှားနိုင်ခြင်း၊ ခြေထောက်နာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်းများကို သက်သာစေရန် ထိုင်ခုံတစ်ခုခုရှာထိုင်၍အနားယူ မှသာသက်သာခြင်း၊ ခါးရိုးအဆစ် ကျဉ်းပြီး အာရုံကြောအပေါ် ပိုမိုဖိမိပါက လမ်းလျှောက်နိုင်မည့် ကွာအဝေးလည်း  တဖြည်းဖြည်းနဲလာစေပါမည် ။

ရောဂါရှာဖွေခြင်း
X-ray နှင့် MRI တို့ဖြင့်စစ်ဆေးမှုများသည် ဤရောဂါရှာဖွေဖော်ထုတ်ရန် စံနှုန်းတစ်ခုဖြစ်ပါသည်။

ခါးရိုးအဆစ်ကျဉ်း ရောဂါကုသမှုအတွက်  အုပ်စု ၂ ခု ခွဲခြားထားပါသည်။

အုပ်စု ၁: နာကျင်သည့် လက္ခဏာမပြင်းထန်ခြင်း-

အကိုက်အခဲပျောက်ဆေးသောက်ရာမှ စတင်၍လက္ခဏာများကုသခြင်း၊  နာကျင်မှုကို သက်သာစေရန် ကာယကုထုံး သို့မဟုတ် အာရုံကြောအတွင်း ဆေးထိုးကုသခြင်း။ ရောဂါလက္ခဏာများ မသက်သာပါက နောက်နည်းလမ်းမှာ မှန်ပြောင်း (endoscopic) ဖြင့်  ခွဲစိတ်မှုပြုလုပ်ခြင်း။

အုပ်စု ၂: ခွဲစိတ်ကုသမှုခံယူသင့်သော  လူနာများ-

ကျောရိုးဆစ်ကျဉ်းခြင်းကို မှန်ပြောင်းဖြင့်  ခွဲစိတ်ကုသရန်အတွက်  ဆရာဝန်သည် နောက်ကျောဧရိယာတွင် 0.5 စင်တီမီတာခန့်ရှိ အရေပြားတွင်အပေါက်တစ်ခုကို ဖေါက်ပြီး  အပ်ထိတ်တွင်ကင်မရပါသော (Endoscopic discectomy)  ကရိယာဖြင့် ဖိမိနေသော ဧရိယာကို  တိုက်ရိုက်ခွဲစိတ်မှု ပြုလုပ်ပေးနိုင်ပါသည်။  ထိုးထွက်ပြီးအာရုံကြောဖိနေသော အရိုးနု အစိတ်အပိုင်းကိုသာ ဖြတ်ရန် သို့မဟုတ်  ပြဿနာရှိသော အရိုးနု နေရာ  အဆစ်အရိုးများမှ ဖိသိပ်နေသော နေရာကိုသာရွေးချယ်ခွဲစိတ်နိုင်သည့်အပြင်   အရေးကြီးဆုံးအချက်မှာ  ထိုနည်းလမ်းဖြင့်ခွဲစိတ်မှုပြုလုပ်ခြင်းသည်   ကြွက်သားထိခိုက်မှု အလွန်နည်းပါးပြီး လူနာအတွက် ခွဲစိတ်ပြီးပြီးချင်း လမ်းလျှောက်စေနိုင်ပါသည်။

အားသာချက်များ
– အနာ ၀.၅ စင်တီမီတာ ခန့်သာသေးငယ်ခြင်း ခွဲထားသောအနာ နာကျင်မှုနည်းခြင်း
– ရောဂါပိုးဝင်နိုင်သောနှုန်းထားနည်းပါးခြင်း
– ခွဲစိတ်သည့်အနာတစ်ဝိုက်ရှိ ကောင်းသောကြွက်သားများ ထိခိုက်စေမှု နည်းပါးခြင်း
– ခွဲစိတ်ပြီးနောက် လူနာသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်ပြီး 24 နာရီအတွင်း အိမ်ပြန်နိုင်ခြင်း
– သွေးထွက်နည်းသောကြောင့် သွေးသွင်းစရာမလိုခြင်း
– အသုံးပြုသည့်ကိရိယာသည် အလွန်သေးငယ်သော ကင်မရာဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာ နည်းပါးစေပြီး  ဆေးရုံတက်ရန် အချိန်အတိုတွင်းသာလိုအပ်ခြင်း

ကန့်သတ်ချက်များ
– ဤနည်းလမ်းဖြင့် ခွဲစိတ်ကုသရာတွင် ကုသမှုရလဒ်ကောင်းများရရှိရန် နှင့် နောက်ဆက်တွဲ ပြဿနာများမရှိစေရန် အတွေ့အကြုံရှိကျွမ်းကျင်သော အထူးကုဆရာဝန်များလိုအပ်ပါသည်။

Share This Story