လူနာအများစုသည် “ကျောရိုးခွဲစိတ်ကုသမှု” ဟုဆိုလိုက်သည်နှင့် အရင်ဦးဆုံး စိတ်တွင်ဖြစ်ပေါ်လာသည်မှာ ခွဲစိတ်မှုအပြီးတွင် ပြန်လည်လမ်းလျှောက်နိုင်ခြေနှင့်ပတ်သက်သည့် “ကြောက်ရွံ့ခြင်း” နှင့် “စိုးရိမ်မှု” တို့ ပါဝင်လေ့ရှိပြီး ထိုစိုးရိမ်စိတ်များတွင် ခွဲစိတ်မှုအပြီးလမ်းမလျှောက်နိုင်၍ အိပ်ယာပေါ်တွင်သာနေရခြင်း၊ သွက်ချာပါဒကြောင့် လုံးဝ ခါးအောက်ပိုင်းလှုပ်မရတော့ခြင်း နှင့် အခြားသောအကြောင်းအရာများပါဝင်ပါသည်။ အဘယ်ကြောင့်ဆိုသော်ထိုရလဒ်များသည် ယခင်က ကျောရိုးခွဲစိတ်ကုသမှုခံယူခဲ့သော လူနာအတော်များများအမှန်တကယ်ဖြစ်ခဲ့ဖူးသောကြောင့်ဖြစ်ပါသည်။ 

ယနေ့ခေတ်ကဲ့သို့ ခွဲစိတ်ကိရိယာများ ခေတ်မမီသေးသည့်အချိန်တွင် ကျောရိုးခွဲစိတ်ကုသခြင်းသည် အလွန်ကြီးမားသော ဆေးကုသမှုတစ်ခုဖြစ်ပါသည်။ ထိုအခါကယနေ့ခေတ်ကဲ့သို့ ဓာတ်မှန်စက်များ၊ မြင်ကွင်းကျယ် ခွဲစိတ်ကင်မရာများ၊ လုံလောက်သောအလင်းပေးနိုင်သည့် ခွဲစိတ်ခန်းမီးများနှင့် အထူးကျွမ်းကျင် ခွဲစိတ်ဆရာဝန်များ မရှိသေးသောကြောင့် ကျောရိုးခွဲစိတ်ကုသရာတွင် ကြီးမားသော ခွဲစိတ်ကုသမှုများ လိုအပ်ပါသည်။ ထိုသို့ကြီးမားသောခွဲစိတ်ကုသမှုသည် ခွဲစိတ်နေစဉ်အတွင်း သွေးအလွန်အကျွံဆုံးရှုံးခြင်းကြောင့် အသက်သေဆုံးမှုများ၊ ခွဲစိတ်ဒဏ်ရာမှပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်းများနှင့် ခွဲစိတ်မှုနောက်ပိုင်း နောက်ဆက်တွဲပြဿနာများစွာကို ဖြစ်ပေါ်စေခဲ့ပါသည်။ ဤအချက်အလက်များသည် ကျောရိုးရောဂါ ကုသမှုနှင့် ပတ်သက်၍ လူနာများနှင့် ၎င်းတို့၏ မိသားစုဝင်များအတွက် စိုးရိမ်စရာအချက်များ ဖြစ်ပါသည်။ သို့သော်လည်း ယခုအခါတွင် ကျောရိုးခွဲစိတ်မှုနည်းပညာနှင့် နည်းစနစ်များ တိုးတက်ပြောင်းလဲမှုများစွာရှိခဲ့ပြီဖြစ်ပါသည်။ ယနေ့ခေတ်ခွဲစိတ်ကုသမှုများသည် ပြဿနာရှိသော ကျောရိုးနေရာကိုသာ တိကျစွာပစ်မှတ်ထားသောကြောင့် သွေးဆုံးရှုံးမှုနှင့် ကြွက်သားပျက်စီးမှုသည် ယခင်သမားရိုးကျခွဲစိတ်ကုသနည်းများနှင့် နှိုင်းယှဉ်ပါက သိသိသာသာနဲပါးပါသည်။ ထို့အပြင် ဆေးရုံတက်ရချိန်တိုတောင်းခြင်းသည် လူနာများအား ၎င်းတို့၏ ပုံမှန်နေ့စဉ်ဘဝကို ပိုမိုမြန်ဆန်စွာ ပြန်လည်စတင်နိုင်စေပါသည်။ 

ခွဲစိတ်ဒဏ်ရာ အရွယ်အစားနှင့် ပြန်လည်နလန်ထူချိန်- သိသင့်သည့်အချက်များ 

ယခင်နှင့်ယနေ့ခေတ်၏ ခွဲစိတ်မှုနည်းလမ်းများကို နှိုင်းယှဉ်ကြည့်ရာတွင် ထိခိုက်သည့် ကျောရိုးအဆစ်အရေအတွက်အလိုက် ခွဲစိတ်ဒဏ်ရာအရွယ်အစား မူတည်ကြောင်း ထင်ရှားပါသည်။ ပုံမှန်အားဖြင့်၊ ကျောရိုးတစ်ဆစ်ကုသရန်အတွက် ခွဲစိတ်မှုဒဏ်ရာသည် ၂-၇ စင်တီမီတာခန့်ရှည်ပြီး အဆင့်နှစ်ဆင့်အတွက်ခွဲစိတ်မှုသည် ခန့်မှန်းခြေအားဖြင့် ၁၀-၁၂ စင်တီမီတာအထိ ရှည်နိုင်ပါသည်။ ထို့ကြောင့် လူနာများသည် ရည်ရှည်ကြွက်သားပျက်စီးခြင်းကို ရှောင်ရှားရန်အတွက်နှင့် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် ဆေးရုံတွင် ၇-၁၀ ရက် သို့မဟုတ် ထိုထက်မကပိုနေရန် လိုအပ်ပါသည်။ 

မြင်ကွင်းကျယ် အဏုကြည့်မှန်ဘီလူးပါသည့် ခွဲစိတ်ကင်မရာများကို အသုံးပြုခြင်းသည် ဒဏ်ရာအရွယ်အစားကို ၃ မှ ၅ စင်တီမီတာသာရှိစေပါသည်။ ဤတိုးတက်မှုသည် လူနာအတွက် အန္တရာယ်နည်းပါးခြင်းကို မြှင့်တင်ပေးရုံသာမက ဆေးရုံတက်ချိန်သည် အရင်နှင့်ယှဉ်လျှင် ၃-၄ ရက်အထိ သက်သာစေပါသည်။ သို့သော် ကာယကြံ့ခိုင်မှုအားနည်းသောလူနာများ၊ သက်ကြီးရွယ်အိုများနှင့် အထူးသဖြင့် နဂိုရောဂါအခံရှိသူများသည် ကြွက်သားများ၏ ပုံမှန်လုပ်ငန်းဆောင်တာများပြန်လည်ရရှိစေရန်အတွက် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းပြုလုပ်ရန် လိုအပ်ပါသည်။ 

မှန်ပြောင်းဖြင့်ကျောရိုးခွဲစိတ်မှု (MIS) နည်းသည် ကင်မရာ၏အဆုံးတွင် မှန်ဘီလူးကိုအသုံးပြုထားပြီး လူနာ၏ခန္ဓာကိုယ်အတွင်း၌ ခွဲစိတ်ဆရာဝန်၏မျက်လုံးများအနေဖြင့် လုပ်ဆောင်ပေးပါသည်။ ဤနည်းလမ်းသည် ခွဲစိတ်ဒဏ်ရာပတ်ဝန်းကျင်ရှိ ကောင်းမွန်သောကြွက်သားများကို မထိခိုက်မှုမရှိစေပဲ ပြဿနာရှိသောနေရာများကိုသာ ရွေးချယ်ဖယ်ရှားနိုင်ကာ ရောဂါပျောက်ကင်းမှုနှုမ်းမှာ ပုံမှန်ခွဲစိတ်ကုသမှုများနှင့် တန်းတူပင်ဖြစ်ပါသည်။ အဓိကအကျိုးကျေးဇူးမှာ ခွဲစိတ်ဒဏ်ရာသည် ၀.၅ စင်တီမီတာသာရှိသည့်အတွက် လူနာများသည် မည်သည့်ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းမှ ပြုလုပ်ရန်မလိုပဲ ဆေးရုံတွင် တစ်ညသာနေရန်လိုအပ်ပြီး ၎င်းတို့၏နေ့စဉ်ဘဝများကို လျင်မြန်စွာ ပြန်လည်စတင်နိုင်ပါသည်။ 

ယနေ့ခေတ်တွင် အသုံးပြုနေသော ကျောရိုးခွဲစိတ်မှုနည်းများသည် လူနာများအတွက် ရွေးချယ်စရာ အခွင့်အရေးများဖြစ်ပါသည်။ ယေဘုယျအားဖြင့် နည်းပညာအသစ်များသည် ကုန်ကျစရိတ်ပိုများသော်လည်း အဆိုပါတိုးတက်မှုများသည် လူနာများအတွက် ခွဲစိတ်မှုအန္တရာယ်နှင့် ဒဏ်ရာများကို လျှော့ချပေးခြင်း၊ ခွဲစိတ်မှုအပြီးတွင် နေ့စဉ်ပုံမှန်လှုပ်ရှားနိုင်သောအခြေအနေသို့ မြန်ဆန်စွာ ပြန်လည်ရောက်ရှိခြင်း၊ စသည့်အကျိုးကျေးဇူးများကို ရရှိစေပါသည်။ 

S Spine and Nerve ဆေးရုံသည် ကျောရိုးနှင့် အာရုံကြောဆိုင်ရာ ကုသမှုများကို အထူးပြုပြီး လူနာအားလုံးအတွက် ရေရှည်ကျမ်းမာရောဂါကင်းဝေးစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 

စာရေးသူ :
Chumpon Kakanan, MD.
ကျောရိုးနှင့်အာရုံ‌ကြောအထူးကု 

Share This Story