+6620340808

ခါးနာကျင်မှုသည် ခြေထောက်သို့ကူးစက်လာခြင်းအကြောင်းကို အသေးစိတ်လေ့လာခြင်း။

Sciatic nerve (အာရုံကြော) သည် လူ့ခန္ဓာကိုယ်တွင် အရှည်ဆုံးအာရုံကြောဖြစ်ပြီး ကျောရိုးမှခါးအထိ အာရုံကြောစုအဖြစ်ရှိပြီး တင်ပါးဆုံတွင် အာရုံကြောများပေါင်းကာ ခြေထောက်များအောက်သို့ ဆင်းသွားခြင်းဖြစ်ပါသည်။ Sciatic အာရုံကြောသည် ပေါင်၊ ဒူးခေါင်း၊ ခြေကျင်းဝတ်၊ ခြေဖဝါးနှင့် ခြေချောင်းများရှိ ကြွက်သားများနှင့် အဆစ်များကို ထိန်းချုပ်ပေးပါသည်။

• หมอนรองกระดูกปลิ้นคือ?
• กระดูกเคลื่อนได้อย่างไร
MRI แบบยืน ค้นหาสาเหตุของคนปวดหลัง

Sciatica သည် တင်ပါးဆုံမှ ခြေထောက်အထိ (များသောအားဖြင့် ခြေထောက်တစ်ဖက်တည်း) နာကျင်မှုပျံ့နှံ့သွားပြီးခြင်းဖြစ်ပြီး ပုံမှန်အားဖြင့် sciatic အာရုံကြောရောင်ရမ်းခြင်း သို့မဟုတ် ဖိသိပ်မှုရှိနေခြင်းများကြောင့် ဖြစ်ပေါ်လာသည့် ရောဂါတစ်ခုဖြစ်ပါသည်။ နာကျင်မှုသည် အများအားဖြင့် ပေါင်အနောက်ဘက်၊ ခြေကျင်းဝတ်၊ တင်ပါးဆုံရိုးရှေ့ သို့မဟုတ် ခြေထောက်ဘေးဖက်အချမ်းများတွင် ဖြစ်တက်ပါသည်။ ထို့နောက်နာကျင်မှုသည် ခြေကျင်းဝတ်၊ ခြေဖဝါးနှင့် ခြေချောင်းများအထိလည်း ပျံ့နှံ့သွားနိုင်ပါသည်။ အချို့သောလူနာများတွင် ခြေထောက်သို့ နာကျင်မှုမပျံ့နှံ့မီ ခါးနာခြင်း သို့မဟုတ် တင်ပါးဆုံတွင်းနာကျင်ခြင်းကိုလည်း ခံစားရနိုင်သည်။

နာကျင်မှုကြာချိန်သည် ရောဂါဖြစ်ရသည့်အကြောင်းအရင်းနှင့် ရောဂါကိုကုသမှုမပြုပဲ လျစ်လျူရှုထားခဲ့သည့် ကြာမြင့်ချိန်ပေါ်တွင်မူတည်သည်။ နာကျင်မှုသည် နာရီအနည်းငယ်မှ ရက်အနည်းငယ် သို့မဟုတ် ရက်သတ္တပတ်ခန့်အထိ ကြာရှည်နိုင်ပါသည်။

နာကျင်မှုအဆင့်သည် အာရုံကြောများ ရောင်ရမ်းခြင်း သို့မဟုတ် ဖိသိပ်မှုရှိနေခြင်းများအပေါ် မူတည်ပါသည်။ နာကျင်ကိုက်ခဲမှုမှာ ကြွက်သားတောင့်တင်းခြင်းမှသည် စူးရှသော နာကျင်ခြင်း၊ ဆေးထိုးအပ်ဖြင့် ထိုးခံရခြင်း သို့မဟုတ် ပုရွက်ဆိတ်ကိုက်ခံရခြင်းကဲ့သို့ ထုံကျင်ခြင်း နှင့် ပေါင်၊ ခြေသလုံး သို့မဟုတ် ခြေထောက်တို့တွင် အားနည်းခြင်းများအထိ ဖြစ်နိုင်ပါသည်။

နာကျင်ခြင်းနှင့် ထုံကျင်မှုတို့သည် ချောင်းဆိုးချိန်၊ နှာချေချိန်နှင့် ဝမ်းသွားသည့်အခါတို့တွင် ပိုမိုဆိုးရွားလာနိုင်ပါသည်။ နာကျင်မှုကိုခံစားနေရသည့်အချိန်တွင် ပုံမှန် နေ့စဉ်လုပ်ဆောင်မှုများဖြစ်သော လမ်းလျှောက်ခြင်း၊ ခါးကုန်းခြင်း၊ ထိုင်ခြင်း သို့မဟုတ် အိပ်ရာပေါ်မှထခြင်းကဲ့သို့သော လုပ်ဆောင်မှုများသည်ပင်လျှင် ပိုမိုခက်ခဲလာပါသည်။

သင်သည် ခန္ဓာကိုယ်တစ်ဖက်ကို ပိုမိုအားပြု၍လျှောက်သည့်အချိန်များတွင် နာကျင်မှုသက်သာသကဲ့သို့ခံစားရပါလိမ့်မည် အဘယ်ကြောင့်ဆိုသော် အာရုံကြောများဖိသိပ်မှုရှိနေသော ဖက်သို့ ဖိအားလျှော့ထားသောကြောင့်ဖြစ်ပါသည်။

ကျောရိုးဒဏ်ရာများသည် မော်တော်ယာဉ်မတော်တဆဖြစ်ခြင်း၊ ပြုတ်ကျခြင်း၊ အားကစားကစားခြင်း၊ ကိုယ်ဟန်အနေအထားမှားယွင်းစွာနေခြင်း၊ သင်၏ကျောရိုးကိုမှားယွင်းစွာအသုံးပြုခြင်း နှင့် လေးလံသောအရာများကို ပုံစံမမှန်စွာ သယ် မ ခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်။

ဤအထက်ဖေါ်ပြပါချက်များသည် သင့်ကျောရိုးမညီညာခြင်း၊ ကျောရိုးအဆစ်ပြားရှိ အရည်မညီမျှခြင်း၊ နှင့် ပေါင်တွင်းကြွက်သားတောင့်တင်းခြင်း တို့ကိုဖြစ်ပေါ်စေပြီး ထိုမှတဆင့် sciatic အာရုံကြောများ ရောင်ရမ်းခြင်း နှင့် ကျောရိုးအဆစ်ပြားကျွံခြင်း စသည့်ဒဏ်ရာများကို နောက်ဆက်တွဲဖြစ်ပေါ်စေပါသည်။

  • အောက်တွင်ဖေါ်ပြထားသည့် မိမိကိုယ်ကို ဦးစွာပြုစုကုသနည်း ၅ ချက်သည် ခြေထောက်သို့ပျံ့နှံ့သွားသော ခါးနာကျင်မှု သို့မဟုတ် ပြင်းထန်သောခါးနာခြင်းဖြစ်ပေါ်ခဲ့ပြီး ဆရာဝန်နှင့်ချက်ချင်းတွေ့ဆုံဆွေးနွေးရန်အခွင့်မရမီ၊ သင့်အခြေအနေအား သတိမပြုမိလိုက်ပဲ ပိုဆိုးလာခြင်းမှ ကာကွယ်နိုင်ရန်အတွက် လုပ်ဆောင်ရမည့်အချက်များဖြစ်ပါသည်။
  • ခါးနာကျင်မှုသည် သင့်ခြေထောက်သို့ကူးဆက်နာကျင်လာခြင်း သို့မဟုတ် ရုတ်တရက်ပြင်းထန်သော ခါးနာခြင်း ခံစားရပါက သင်လုပ်နေသည့်အရာများကို ရပ်တန့်ခြင်း၊ သယ်ဆောင်လာနေသည့် ပစ္စည်းကို ဆက်လက်သယ်ဆောင်ခြင်းမပြုသင့်ပါ။
  • ဒဏ်ရာဖြင့်နာကျင်နေသော ကျောရိုးကိုအနားပေးရန်အတွက် ထိုင်ခြင်း သို့မဟုတ် လှဲလျောင်းခြင်း အနေအထားဖြင့်နေပါ။
  • ရေခဲအိတ်ကို နာကျင်ခြင်း သို့မဟုတ် ရောင်ရမ်းမှု သက်သာသွားသည်အထိ ၁၀ မိနစ်ခန့် ၂ နာရီခြားတစ်ခါကပ်ပေးပါ။
  • သင့်နာကျင်မှုကို သက်သာစေရန် ကျောရိုးသန်မာရေး လေ့ကျင့်ခန်းများကို လုပ်ဆောင်ပါ။ ထိုလေ့ကျင့်ခန်းကို တစ်ခါလျှင် ၁၀ မိနစ်ခန့်၊ ၂ နာရီတခါခန့်ပြုလုပ်ပါ။ လေ့ကျင့်ခန်းလုပ်နေစဉ် နာကျင်မှု ပြင်းထန်လာပါက ချက်ချင်းရပ်လိုက်ပါ။
  • ခြေထောက် သို့မဟုတ် ခါးတွင် နာကျင်ခြင်း၊ ရောင်ရမ်းခြင်း သို့မဟုတ် ပိုးဝင်ခြင်းများ မသက်သာပါက ကျောရိုးအထူးကုဆရာဝန်နှင့် အမြန်ဆုံး တွေ့ဆုံဆွေနွေးပါ။

အကိုက်အခဲပျောက်ဆေး သို့မဟုတ် ကြွက်သားတောင့်တင်းမှုပြေလျော့ဆေးများသောက်ခြင်းသည် ရောဂါကို ခဏတာသက်သာစေရန်ဖြစ်ပါသည်။ ယခင်က ခွဲစိတ်ကုသမှုသည် ပြင်းထန်သောခါးနာခြင်းကို ကုသရန်အတွက် တစ်ခုတည်းသော ရွေးချယ်မှုဖြစ်သော်လည်း ယခုအခါတွင်မူ ခန္တာကိုယ်ရှိကြွက်သားများလှုပ်ရှားမှုကို ထိမ်းကြောင်းပေးသောနည်းပညာ (Applied Kinesiology) သည် သောက်ဆေး၊ ထိုးဆေးနှင့် ခွဲစိတ်မှုများမလိုအပ်ဘဲ နာကျင်မှုကို ဖြေရှင်းနိုင်ပြီဖြစ်ပါသည်။ Applied Kinesiology သည် ကျောရိုး၊ ကြွက်သားများနှင့် အာရုံကြောများကို ဟန်ချက်ညီစေရန်နှင့် ၎င်းတို့၏ အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိစေရန် အစားထိုးဆေးပညာရပ်တစ်ခုဖြစ်သည်။ ၎င်းသည် ကျောရိုးအဆစ်ပြားရှိ အရည်များကို ရှိသင့်သည့်နေရာသို့ ပြန်လည်နေရာချထားပေးပါသည်။

S-Spine ဆေးရုံသည် ကျောရိုးအဆစ်ပြားကျွံသည့်ဒဏ်ရာကိုကုသရန်အတွက် လေဆာနည်းပညာကဲ့သို့ ခါးနာကျင်မှုကို ခွဲစိတ်စရာမလိုဘဲ ကုသပေးနိုင်သော နောက်ဆုံးပေါ် အဆင့်မြင့် ကုသမှုနည်းပညာများကို သာအသုံးပြုပါသည်။ လူနာများကို ခွဲစိတ်ကုသရန် မလိုအပ်ဘဲ အောင်မြင်စွာ ကုသနိုင်ပါသည်။ ကျောရိုးအဆစ်ပြားကျွံသည့်ဒဏ်ရာကို မကုသဘဲထားပါက အာရုံကြောများပျက်စီးကာ ခန္တာကိုယ်အောက်ပိုင်းသေသွားသည်အထိ ဆိုးရွားစေနိုင်သောကြောင့် သင်၏နာတာရှည်နာကျင်မှုကို ကုသရန် ကျွန်ုပ်တို့နှင့်လာရောက်ဆွေးနွေးရန် အကြံပြုလိုပါသည်။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital