+6620340808

ခါးနာကျင်ခြင်း သည်ခြေထောက်များအထိ နာကျင်မှုကူးစက်လာခြင်း။

ခါးနာကျင်ခြင်း ခြေထောက်သို့ကူးစက်လာသည်မှာ အဆန်းမဟုတ်ပါ။ ထိုအကြောင်းအရာကပင် လူနာတော်တော်များများကို ဆရာဝန်နှင့်တိုင်ပင်ရန် ပို့ဆောင်ပေးလေ့ရှိပါသည်။ ထိုရောဂါကို အသက်အရွယ်အုပ်စုအားလုံးတွင် တွေ့နိုင်သော်လည်း အလုပ်လုပ်သည့်အရွယ်တွင် အဖြစ်များပါသည်။ ထိုခါးနာကျင်ခြင်းမှ ခြေထောက်သို့ကူးစက်လာသည်ကို ကုသမှုမခံယူပါက နေ့စဉ်လူနေမှုဘဝကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် ထိုရောဂါဖြစ်ရခြင်းအကြောင်းအရင်းများထဲမှ အဖြစ်များဆုံးအကြောင်းအရာများကို S-Spine and Nerve ဆေးရုံမှမျှဝေပေးလိုက်ပါသည်။

ခါးနာကျင်ခြင်း ခြေထောက်ကို ပြန့်နှံ့သွားစေသည့် ဖြစ်နိုင်ချေအများဆုံး အကြောင်းရင်း (၄) ခု။

  1. အသုံးပြုမှုများခြင်း သို့မဟုတ် မတော်တဆထိခိုက်မှုကြောင့် ခါးအောက်ပိုင်းကြွက်သားများ ပိုးဝင်ခြင်းသည် ကြွက်သားများကိုတောင့်တင်းစေပြီး တင်ပါးဆုံနှင့် ခြေထောက်တို့တွင် နာကျင်မှုကို ဖြစ်ပေါ်စေပါသည်။

  2. သက်ကြီးရွယ်အိုများတွင် ကျောရိုးယိုယွင်းပျက်စီးလာခြင်းသည် အာရုံကြောကိုဖိမိစေသည့် ပုံမှန်မဟုတ်သော အရိုးကြီးထွားမှုကို ဖြစ်စေနိုင်ပါသည်။

  3. ကျောရိုးအဆစ်ပြားကျွံသည့်ဒဏ်ရာသည် အလုပ်လုပ်ကိုင်နေသော အရွယ်များတွင် အဖြစ်အများဆုံးဖြစ်ပြီး ကျောရိုးအချပ်ပြား ကျိုးအက်ခြင်းကြောင့် ဖြစ်တတ်ပါသည်။ ရလဒ်မှာ နာတာရှည် ခါးနာကျင်ခြင်းဖြစ်ပြီး ကျောရိုးအဆစ်ပြားသည် နောက်ဘက်သို့ထိုးထွက်လာပြီး အာရုံကြောကို ဖိမိပါက ထိုခါးနာကျင်ခြင်းသည် ခြေထောက်အထိ ပျံ့နှံ့သွားနိုင်ပါသည်။
  4. ကျောရိုးတစ်လျှောက် ပိုးဝင်ခြင်း၊ အကျိတ်ဖြစ်ခြင်း၊ ကျောရိုးကျိုးအက်ခြင်း စသည့် အကြောင်းအရာများကြောင့်လည်း အာရုံကြောဖိမိခြင်းကို ဖြစ်ပေါ်စေနိုင်ပါသည်။

ခြေထောက်နာခြင်း သို့မဟုတ် ခါးနှင့် ခြေထောက်နှစ်မျိုးလုံးနာကျင်ခြင်းတို့ကြောင့် ဆေးကုသမှုခံယူရန်ရောက်လာသော လူနာအများစုသည် အဆစ်ပြားဖေါင်းသောကြောင့် နာကျင်မှုကိုခံစားရသောလူနာများပါသည်။ အဆစ်ပြားဖောင်းသောကြောင့်ဖြစ်ရသည့်နာကျင်မှု ဟုတ် မဟုတ်ကို ကျွန်ုပ်တို့ မည်သို့သိနိုင်ပါမည်နည်း။ အဆစ်ပြားဖောင်းခြင်းကြောင့် ဖြစ်ပေါ်လာသောခြေထောက်နာကျင်မှုသည် လျှင်စစ်ဓာတ်လိုက်သကဲ့သို့ ခံစားရပါလိမ့်မည်။ ဖောင်းနေသောအဆစ်ပြားသည် ကျောရိုးမကြီးနောက်ဘက်ရှိ အာရုံကြောကို ဖိမိသောကြောင့် နာကျင်မှုသည် ခြေထောက်မှ ခြေဖဝါးအထိ လျှပ်စစ်ဓာတ်စီးဆင်းသကဲ့သို့ ခံစားရမည်ဖြစ်သည်။

လူအတော်များများသည် ဤရောဂါနှင့် ဆက်စပ်နေသော နာကျင်မှုမှာ နောက်ကျောတွင်သာရှိမည်ဟု ထင်ကြသော်လည်း ခြေထောက်အထိ နာကျင်မှုပျံ့နှံ့သွားနိုင်ပါသည်။ ခြေထောက်သို့ပြန့်နှံ့သွားသည့် နာကျင်မှုလက္ခဏာများသည် တိကျသည့်အတွက် နာကျင်ရသည့် အကြောင်းရင်းကို ဆရာဝန်မှ တိကျစွာပြောပြပေးနိုင်ပါလိမ့်မည်။ အာရုံကြောဖိမိနေခြင်းသည် ခြေထောက်နှင့် ဆက်စပ်နေသည့် ကျောရိုးမကြီး၏အာရုံကြောကို ထိခိုက်နိုင်ပါသည်။ ပြင်းထန်သောရောဂါပိုးကြောင့် အဆစ်ပြားဖေါင်းခြင်း၏ရလဒ်မှာ ရုတ်တရက်စူးရှသည့် နာကျင်မှုကို ဖြစ်စေပါသည်။

ခါးတွင်ဖြစ်ပေါ်သော ရောဂါလက္ခဏာများ- တစ်ဖက် (သို့) နှစ်ဖက်စလုံးတွင်ဖြစ်ပေါ်နိုင်သော ခါးအောက်ပိုင်းနာကျင်မှု။ ပုံမှန်ထိုင်နေစဉ် သို့မဟုတ် ရှေ့သို့ ကိုင်း၍ထိုင်နေချိန်သည်ကျောရိုးအဆစ်ကို ဖိအားအများဆုံးဖြစ်စေသည့် အနေအထားဖြစ်သည့်အတွက် နာကျင်မှု ဖြစ်ပေါ်စေပါသည်။

ခြေထောက်တွင်ဖြစ်ပေါ်သောရောဂါလက္ခဏာများ- ခြေထောက်တွင်ဖြစ်ပေါ်နိုင်သော ရောဂါလက္ခဏာများ၃ မျိုးမှာ၊ နာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် ကြွက်သားအားနည်းခြင်းများ ဖြစ်ပါသည်။ ကျောရိုးအဆစ်ပြားကျွံခြင်းကြောင့် နာကျင်ခြင်း သို့မဟုတ် ထုံကျင်ခြင်း ဝေဒနာသည် ကျောအောက်ပိုင်းမှ ပေါင်၊ ခြေကျင်းဝတ်၊ ခြေဖဝါးနှင့် ခြေချောင်းများအထိ အာရုံကြောစီးဆင်းရာလမ်းကြောင်းတစ်လျှောက်တွင်တွေ့ရပါသည်။ ကြွက်သားများ အားနည်းခြင်းသည် ဖိမိနေသောအာရုံကြောနှင့် ချိတ်ဆက်ထားသော ကြွက်သားများတွင်ခံစားနေရသော နာကျင်ခြင်း၊ ထုံကျင်ခြင်းများနှင့် ဆင်တူပါသည်။

ระยะของหมอนรองกระดูกปลิ้น

  • လေးလံသော အရာများကို မှားယွင်းသော အနေအထားဖြင့် မ ခြင်း။
  • အဝလွန်ခြင်း။
  • မှားယွင်းသော ကိုယ်ဟန်အနေအထားဖြင့် အချိန်ကြာမြင့်စွာထိုင်ခြင်း။
  • ကျောရိုးတွင် မတော်တဆ ထိခိုက်ဒဏ်ရာရရှိခြင်း။


ခါးနာကျင်ရခြင်းသည် များသောအားဖြင့် ကျော ရိုးအလည်ပိုင်းအဆစ်ပြား (L-L5, S1) များ ပုံမှန်မဟုတ်သောကြောင့်ဖြစ်သည်။

ဖောင်းလာသောအဆစ်ပြား၏ ရောဂါဆိုးရွားမှုအခြေအနေသည် အာရုံကြော မည်မျှအထိ ဖိမိနေသည့်အပေါ် မူတည်ပါတယ်။ အာရုံကြော၏ အစိတ်အပိုင်း အနည်းငယ်သာ ဖိမိနေပါက နာကျင်မှုသည် ခြေထောက်ကို အနည်းငယ်လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ ခံစားရခြင်း သို့မဟုတ် ခြေထောက်တွင် အနည်းငယ် ထုံကျင်ခြင်းကို ခံစားရနိုင်သည်။ အာရုံကြော၏ကြီးမားသောအစိတ်အပိုင်းကို ဖိမိနေပါက လူနာသည် လမ်းလျှောက်ရန်ပင်ခက်ခဲပါလိမ့်မည်။

အထက်ဖော်ပြပါ လက္ခဏာများရှိသော လူနာများသည် အမြန်ဆုံးဆေးကုသမှုခံယူသင့်ပါသည်။ ကုသမှုမခံယူဘဲ အချိန်ကြာမြင့်စွာထားပါက ကုသရန် ပိုမိုခက်ခဲလာပါလိမ့်မည်။ အောက်ဖော်ပြပါပုံသည် ခါးနာခြင်းဖြစ်ပွားပုံ၊ ခါးနာခြင်းကို မည်သို့ကာကွယ်နိုင်သည်၊ နှင့် ခါးနာခြင်းကို မည်ကဲ့သို့ သက်သာစေနိုင်သည်ကို အသေးစိတ်ဖော်ပြထားပါသည်။

“သင်ကိုယ်တိုင်” သည်သာ သင့်အား ၂၄ နာရီ ပြုစုစောင့်ရှောက်နိုင်သော သမားတော်ဖြစ်သည်။

S-Spine ဆေးရုံရှိ အတွေ့အကြုံရင့်ကျပ်သောကျွမ်းကျင်ပညာရှင်များမှ လူနာများကိုကုသရာတွင် ပုံမှန်ခွဲစိတ်ကုသမှုကိုမပြုလုပ်ပဲ ဆန်းသစ်တီထွင်မှုရှိသော နောက်ဆုံးပေါ်ကုသမှုနည်းပညာများကို သာအသုံးပြုပါသည်။ ထိုကြောင့် သင့်နာကျင်မှု၏အကြောင်းရင်းကို တိကျစွာရှာဖွေပြီး အန္တရာယ်ကင်းသောကုသမှုဖြင့် အချိန်တိုတိုအတွင်း သင့်၏ပုံမှန်နေ့စဉ်ဘဝနေထိုင်မှုကို

ဆရာဝန်သည် လူနာ၏ ရောဂါရာဇဝင်ကိုမှတ်ယူပြီး ခန္တာကိုယ်ကိုစစ်ဆေးမှုများ ပြုလုပ်ခြင်းဖြင့် ရောဂါရှာဖွေမှုကို စတင်မည်ဖြစ်ပါသည်။ ထို့နောက် ရှာဖွေတွေ့ရှိသော ရောဂါလက္ခဏာများကို အတည်ပြုနိုင်ရန် ဓာတ်မှန်ရိုက်ခြင်း၊ CTရိုက်ခြင်း သို့မဟုတ် MRI ရိုက်ခြင်း များကို လိုအပ်လျှင်အကြံပြုပါလိမ့်မည်။

MRI စက်သည် သံလိုက်စက်ကွင်းများနှင့် ရေဒီယိုလှိုင်းများကို အသုံးပြု၍ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများကို ဓါတ်ပုံရိုက်ယူပါသည်။ ထင်ရှားပြတ်သားသောပုံများထုတ်ပေးသည့်အတွက် ပုံမှန်မဟုတ်သော တစ်ရှူးများကို ခွဲခြားသိသာစွာမြင်နိုင်ပါသည်။

ကျောရိုးအဆစ်ပြားကျွံရောဂါကို ကုသရန် ပုံမှန်ခွဲစိတ်မှုကို မခံယူလိုပါက လေဆာနည်းပညာကို အသုံးပြုသည့် ကုသမှုရှိပါသည်။

ယခင်က ကျောရိုးအဆစ်ပြားကျွံသည့်ဒဏ်ရာကို ခွဲစိတ်မှုဖြင့်သာကုသနိုင်သည့်အတွက် အန္တရာယ်များပြီး ကုန်ကျစားရိတ်ကြီးပါသည်။

သို့သော်လည်း ယခုအခါတွင် အဆင့်မြင့်နည်းပညာများကြောင့် ခွဲစိတ်မှုခံယူရန်မလိုအပ်ဘဲ ကျွံနေသောအဆစ်ပြားကို လေဆာ၊ ရေဒီယိုလှိုင်းများဖြင့် ကုသနိုင်သောကြောင့် လူနာအတွက် အန္တရာယ်နဲပါသည်။

အဆစ်ပြားဖေါင်းခြင်းကိုလဲ ခွဲစိတ်စရာမလိုဘဲ လေဆာဖြင့် ကုသနိုင်ပါသည်။ လူနာသည် ရောဂါကင်းပြီး မူလအတိုင်းပြန်လည်ကောင်းမွန်ရန် ရာခိုင်နှုမ်းအလွန်မြင့်မားသောကြောင့် ဤကုသမှုသည် နိုင်ငံတကာတွင် ရေပန်းစားလာပါသည်။


  1. ခွဲစိတ်ဒဏ်ရာသေးငယ်ခြင်း
  2. အန္တရာယ်ကင်းခြင်း။
  3. အချိန်တိုတိုအတွင်း ပြန်လည်နာလန်ထူနိုင်ခြင်း။
  4. ပြန်လည်ထူထောင်ရန်အတွက် ဆေးရုံတွင်နေရန်မလိုပါ။
  5. ပုံမှန်ခွဲစိတ်မှုထက် အကုန်အကျသက်သာခြင်း။

ပုံမှန်လူကောင်းအတိုင်း ပြန်လည်ကောင်းမွန်လာရန် ရာခိုင်နှုမ်းအလွန်မြင့်မားသောကြောင့် နိုင်ငံတကာတွင် လေဆာကုသမှုသည် ရေပန်းစားလာပါသည်။

S-Spine ဆေးရုံ၏အတွေ့အကြုံရှိ ကျွမ်းကျင်ပညာရှင်များမှ သင်၏နာကျင်မှုကို ကုသရာတွင် ဆန်းသစ်တီထွင်မှုရှိသော နောက်ဆုံးပေါ် နည်းပညာများကို သာအသုံးပြုပါသည်။ သင့်နာကျင်မှု၏ အကြောင်းရင်းကို တိကျစွာဖော်ထုတ်ပြီး ခွဲစိတ်မှုမပါဝင်ပဲ အန္တရာယ်ကင်းသောကုသမှုဖြင့် အချိန်တိုတိုအတွင်း ပြန်လည်သက်သာလာပြီး သင်၏ပုံမှန်နေ့စဉ်ဘဝနေထိုင်မှုကို ပြန်လည်စတင်နိုင်မည်ဖြစ်ပါသည်။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital