+6620340808

Office Syndrome နှင့် ကျောရိုးအဆစ်ပြားကျွံခြင်းအကြောင်းကို သိရှိနားလည်ခြင်း။

‘Office Syndrome’ သည် မကြာသေးမီနှစ်များအတွင်း လူသိများလာသော အသုံးအနှုန်းတစ်ခု ဖြစ်လာပါသည်။ လွန်ခဲ့သော ၅-၆ နှစ်ကို ပြန်ကြည့်လျှင် Office Syndrome သည် အသစ်ဖြစ်ပြီး လူသိသူမရှိသေးပေ။ သို့သော်နောက်ဆုံးတွေ့ရှိချက်များအရ ရုံးအလုပ်လုပ်သူဝန်ထမ်း ၁၀ ယောက်တွင် ၁ ယောက်မှာ Office Syndrome ကိုခံစားနေရသည်ဟုတွေ့ရှိရပါသည်။

အလုပ်ချိန်အတွင်း ခါးနာခြင်း၊ ပခုံးနာခြင်းနှင့် လည်ကုတ်နာခြင်းတို့သည် ပုံမှန်ဖြစ်တက်သော်လည်း မည်သည့် လက္ခဏာများသည် ကျောရိုးအတစ်ပြားကျွံခြင်း၏ ရောဂါလက္ခဏာဖြစ်သည်ကို သိရန်လိုအပ်ပါသည်။

1. လည်ကုတ်ပိုင်း၊ ရင်ဘတ်၊ ခါး၊ ကျောလည်ပိုင်း၊ ကျောအောက်ပိုင်း သို့မဟုတ် လည်ပင်းနှင့် ချိတ်ဆက်ထားသော ပခုံးများတွင် နာကျင်ခြင်း။ နာကျင်မှုသည် စူးရှသောနာကျင်မှု သို့မဟုတ် ဓါတ်လိုက်သကဲ့သို့လဲ ဖြစ်နိုင်ပါသည်။
2. မ ကြာခဏ လည်ကုတ် သို့မဟုတ် နောက်ကျောနာကျင်ကိုက်ခဲခြင်း သည် ၂ ပတ်ထက် ပိုကြာလာခြင်း။
3. ကျောတပြင်လုံး သို့မဟုတ် ကျောအောက်ပိုင်း နာကျင်ပြီး ခြေထောက်များအထိ နာကျင်မှု ပျံ့နှံ့လာခြင်း။
4. နေ့စဉ်နေထိုင်လှုပ်ရှားမှုများကို အနှောင့်အယှက်ဖြစ်စေသော နာကျင်မှု၊ လှုပ်ရှားချိန်နှင့် လဲလျောင်းနေစဉ် နာကျင်ခြင်းများ။

1. အသက်အရွယ်ကြီးလာခြင်းကြောင့် ကျောရိုးအဆစ်များ ယိုယွင်းမှုရှိလာသောသူများ။
2. လေးလံသော အရာများကို ပုံစံမမှန်ကန်စွာ သယ် မ ခြင်း။
3. အားကစားကြောင့် ဒဏ်ရာ ရဖူးသူများ။
4. မသင့်လျော်သောကိုယ်အနေအထား သို့မဟုတ် ရုတ်တရက်လှုပ်ရှားခြင်းကို ပုံမှန်ပြုသူများ။
5. အဝလွန်ခြင်း သို့မဟုတ် ခန္တာကိုယ်အလေးချိန်များခြင်းသည် ကျောရိုးအဆစ်များတွင် ဖိအားများခြင်းကိုဖြစ်စေပါသည်။
6. တနေရာထဲတွင် လှုပ်ရှားမှုမရှိပဲ အချိန်ကြာမြင့်စွာ နေခြင်း။

အလုပ်လုပ်နေစဉ် လှုပ်ရှားသွားလာခြင်း၊ ပစ္စည်းများကို မ ခြင်း နှင့် လှုပ်ရှားမှုမရှိပဲ အချိန်ကြာမြင့်စွာနေခြင်း တို့ကို သတိထားပြီး၊လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းသည် ကျန်းမာသောကျောရိုးအဆစ်ပြားများကို ရေရှည်ထိန်းသိမ်းထားရန်နှင့် ယိုယွင်းပျက်စီးခြင်းများမှ ကာကွယ်ပေးပါသည်။

သင့်ခါးနာကျင်မှုသည် ကျောရိုးအဆစ်ပြားကျွံခြင်းကြောင့် ဟုတ်၊ မဟုတ် သံသယရှိပါက နာကျင်မှု၏ အဓိကမူလဇစ်မြစ်ကို ရှာဖွေရန် ဆရာဝန်နှင့် ချက်ချင်းပြသသင့်ပါသည်။

S Spine ဆေးရုံသည် ထိုင်းနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကျောရိုးနှင့် အာရုံကြောစနစ်ဆိုင်ရာ အထူးကုဆေးရုံဖြစ်ပြီး၊ လူနာများအား ပုံမှန်ခွဲစိတ်ကုသမှုကိုရှောင်ကာ ထိရောက်မှုအရှိဆုံးဖြစ်သည့် နောက်ဆုံးပေါ်နည်းပညာနှင့် လေဆာ (LASER) ဖြင့်ကုသမှုဆိုင်ရာနည်းပညာများကို အပြည့်အဝအသုံးချသည့် အတွေ့အကြုံရင့်ကျတ်သော အထူးကုဖွဲ့ရှိပါသည်။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital