+6620340808

ခေါင်းစဉ်- မူလအကြောင်းအရင်းကို ကုသခြင်းဖြင့် ခါးနာမှု ပျောက်ကင်းခြင်း

20241104 cover เปลี่ยนภาษาพม่า

လုံးဝပျောက်ကင်းမသွားသည့် ခါးနာခြင်းကြောင့် သင်စိတ်ဓာတ်ကျဖူးပါသလား။ ဘယ်လိုနည်းဖြင့် ကုသသည်ဖြစ်စေ နာကျင်ခြင်း၏ အကြောင်းရင်းအမှန်ကို ရှာမတွေ့ဘဲ တခါတရံ မှားယွင်းစွာ ကုသမှုကြောင့် ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်ပြီး မျှော်လင့်ချက်မဲ့သလို ခံစားရသည်။ ခါးနာခြင်းသည် ခါးအောက်ပိုင်းနာခြင်း၊ တင်ပဆုံရိုးနာကျင်ခြင်းမှ ခြေထောက်အောက်သို့ ရောက်ရှိခြင်း သို့မဟုတ် လည်ပင်းကုတ်ပိုင်းနာကျင်ခြင်းကြောင့် နေ့စဉ်လုပ်ငန်းများကို ပုံမှန်အတိုင်း မလုပ်ဆောင်နိုင်အောင် ဖြစ်စေသည်။ S Spine ဆေးရုံသည် မူလအကြောင်းရင်းကို ကုသခြင်းဖြင့် ခါးနာခြင်းမှ ပျောက်ကင်းအောင် ကူညီရန်အဆင်သင့်ဖြစ်ပြီး သင်၏ ပုံမှန်ဘဝအတိုင်းပြန်လည်နေထိုင်ရန်နှင့် ကောင်းမွန်သော ကျန်းမာရေးပြန်လည်ရရှိရန်ဖြစ်သည်။

ခါးနာခြင်းနှင့် လည်ပင်းနာခြင်း အကြောင်းရင်းကို တိကျစွာ ရှာဖွေမှုသည် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဆရာဝန်အား ရောဂါရှာဖွေဖော်ထုတ်ရန်နှင့် သင့်လျော်ပြီး ထိရောက်သော ကုသမှုနည်းလမ်းများကို ရွေးချယ်ရန် အထောက်အကူပေးသောကြောင့်ဖြစ်သည်။ အစထဲက မှန်ကန်သောရောဂါရှာဖွေခြင်းသည် မှားယွင်းသောကုသမှု ဖြစ်နိုင်ခြေကို လျော့နည်းစေပြီး ရောဂါလက္ခဏာများ မဆိုးရွာစေအောင် ကာကွယ်ပေးသည်။ S Spine ဆေးရုံသည် ထိုင်းနိုင်ငံတွင် တစ်ခုတည်းသော မတ်တပ်ရပ်ရိုက်သော MRI စက်ကဲ့သို့ ခေတ်မီနည်းပညာကို အသုံးပြုထားသည်။ ကျောရိုးရောဂါများကို စစ်ဆေးရန်အတွက် အထူးထုတ်လုပ်ထားသော MRI စက်ဖြင့် စစ်ဆေးခြင်းသည် ဆရာဝန်အား ပျော့ပျောင်းသောတစ်ရှူးများ၊ ခါးဆစ်ရိုး disc ပြားများနှင့် အာရုံကြောများ၏ အသေးစိတ်ပုံများကို တိကျစွာ မြင်နိုင်သည်။ X-ray သည် ခန္ဓာကိုယ်ရှိ အရိုးများ၏ ပုံသဏ္ဍာန်ကို ရှင်းလင်းအောင် မြင်နိုင်ရန်နှင့် ကျောရိုး၊ ကျောဆစ်ရိုးများ၏ နေရာရွေ့မှုကို စစ်ဆေးပြီး အရိုးအတက်ထွက်မှုကြောင့် အာရုံကြောများကို ဖိမိခြင်းကို စစ်ဆေးရန် အထောက်အကူပေးသည်။ X-ray ကို  MRI နှင့်အတူ ပူးတွဲလုပ်ဆောင်ခြင်းသည် ဆရာဝန်များအား ရောဂါရှာဖွေရန်နှင့် အထိရောက်ဆုံး ကုသမှုကို စီစဉ်ရန် ပြည့်စုံသော အချက်အလက်များကို ထောက်ပံ့ပေးမည်။

S Spine ဆေးရုံ၏ ပြည့်စုံသော MIS ကျောရိုး (Minimally Invasive Spine Surgery) ကုသခြင်းတွင် ပါဝင်မှုများမှာ-

1. လေဆာဖြင့်ဖြတ်ခြင်း (Laser) – ဤနည်းပညာကို ကျောရိုး disc ပြားကျွံခြင်းနှင့် ယိုယွင်းမှုသိပ်မရှိသည့်အခါတွင် ကုသရန် အသုံးပြုပြီး နာကျင်မှုကိုလျှော့ချ၍ နောက်ဆက်တွဲပြဿနာများ ဖြစ်နိုင်ခြေနည်းသည်။ ဒဏ်ရာသည် 0.02 စင်တီမီတာ သို့မဟုတ် ဆေးထိုးအပ်၏ အရွယ်အစားသာရှိသည်။

2. PSLD နည်းပညာဖြင့် နောက်ကျောတွင် Endoscopic ကျောရိုးခွဲစိတ်မှု – ဤခွဲစိတ်မှုသည် ကျောရိုး disc ပြား အာရုံကြော ဖိခြင်းနှင့် ကျောရိုးကျဉ်းမြောင်းသဖြင့် အာရုံကြောဖိခြင်းကြောင့်ဖြစ်သော ခါးနာခြင်းကို လျှော့ချပေးသည်။ ဒဏ်ရာကြီးကို ဖွင့်ရန်မလိုဘဲ လျင်မြန်စွာ ပြန်လည်ကောင်းမွန်စေပြီး ဒဏ်ရာအရွယ်အစားမှာ 0.5 စင်တီမီတာသာရှိသည်။

3. PSCD နည်းပညာဖြင့် လည်ပင်းတွင် Endoscopic ကျောရိုးခွဲစိတ်မှု – လည်ပင်းရှိ ကျောရိုး discပြား အာရုံကြော ဖိခြင်းရောဂါကို ကုသရန် အသုံးပြု၍ ဒဏ်ရာကြီးကို ဖွင့်စရာမလိုဘဲ ခွဲစိတ်ပြီးနောက် နာကျင်မှုကို သက်သာစေပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေကာ ဒဏ်ရာအရွယ်အစားမှာ 0.5 စင်တီမီတာသာရှိသည်။

4. Full Endo TLIF နည်းပညာဖြင့် ကျောရိုးဆစ်ရွေ့အာရုံကြောဖိခြင်းရောဂါကို ကုသခြင်း- ဤနည်းပညာသည် ကျောရိုးဆစ် ရွေ့အာရုံကြောဖိခြင်းကို ကုသရာတွင် အသုံးပြုပြီး endoscope ကိုအသုံးပြု၍ ခါးကျောရိုးသို့ ချိတ်ဆက်ခြင်းဖြင့် ဒဏ်ရာကို သေးငယ်စေပြီး သွေးသွင်းရန် မလိုအပ်ပါ။ လူနာသည် အချိန်တိုအတွင်း အိမ်ပြန်နိုင်ပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန် လာနိုင်ကာ ဒဏ်ရာသည် အရွယ်အစား 1 စင်တီမီတာခန့် သို့မဟုတ် မူလီခေါင်း၏ အရွယ်အစားဖြစ်သည်။ 

5. Endo ACDF နည်းပညာဖြင့် အရှေ့မှ လည်ပင်းရိုး discပြားများ အာရုံကြောညှပ်ရောဂါကို ကုသခြင်း- အရှေ့မှ လည်ပင်းရိုး disc ပြားများ အာရုံကြောညှပ်ရောဂါကို ကုသရန် အသုံးပြုပြီး 1-2 စင်တီမီတာရှိသော သေးငယ်သည့် သို့မဟုတ် အရိုးဆစ်disc ပြားအတုနှင့် ညီမျှသည့် အနာဖွင့်ခြင်းဖြင့် ကျောရိုးအဆစ်များကို ချိတ်ဆက်ခြင်းဖြစ်သည်။ 

6. ကျောရိုးကွဲခြင်း၊ ကျိုးခြင်း၊ ပြိုကျခြင်း၊ ရှုံ့ခြင်းကို ကုသရန် Cement ထိုးခြင်း (Cement) – cement ထိုးခြင်းသည် ကျောရိုးကို အားကောင်းစေ၍ နာကျင်မှုနှင့် ပြန်လည်အနာတရဖြစ်နိုင်ခြေကို လျှော့ချပေးပြီး ဒဏ်ရာမှာ ဆေးထိုးအပ် အရွယ်မျှသာ ဖြစ်သည်။ 

MIS နည်းပညာဖြင့် ကုသခြင်းတွင် အကျိုးကျေးဇူးများစွာရှိသည်။ ဥပမာအားဖြင့် ဤနည်းပညာဖြင့် ကုသမှုသည် ကြီးမားသော ခွဲစိတ်ဒဏ်ရာမရှိဘဲ တစ်ရှူးပျက်စီးမှုကို လျှော့ချပေးကာ ခွဲစိတ်ပြီးနောက် နာကျင်မှုကို လျော့စေ၍ သေးငယ်သော ဒဏ်ရာကြောင့် လူနာသည် လျင်မြန်စွာ ပြန်ကောင်းမွန်လာစေပြီး နေ့စဉ်ဘဝလုပ်ငန်းဆောင်တာများကို ပုံမှန်အတိုင်း ပြန်လည်နေထိုင်သွားနိုင်သည်။

Khun Areewan သည် သူမ၏ အရိုးဆစ် disc ပြား အာရုံကြောဖိခြင်း ကုသမှု၏ ဇာတ်လမ်းကို ပြောပြသည်မှာ နိုင်ငံရပ်ခြားတွင် နေထိုင်စဉ် သူငယ်ချင်းများနှင့် မကြာခဏ ဂေါက်ရိုက်ကစားရာမှ လည်ပင်းကုတ်ပိုင်းတွင် နာကျင်သော လက္ခဏာကို ခံစားနေရသော်လည်း အကြောင်းရင်းကို ရှာမတွေ့ခဲ့ပါ။ ထို့နောက် သူမသည် အထူးကုဆရာဝန်ထံ သွားရောက်ပြီး MRI ရိုက်ကာ အကိုက်အခဲပျောက်ဆေးများကို သောက်သုံးခဲ့သော်လည်း နာကျင်မှုက ပြန်လည် ဖြစ်ပွားခဲ့သည်။ သူမသည် ထိုင်းနိုင်ငံသို့ အလည်လာခွင့်ရသည်အထိ ကုသမှုနည်းပေါင်းစုံကို 3 နှစ်ကျော် ခံယူခဲ့သော်လည်း နာကျင်မှုက မသက်သာဘဲ  အကြောင်းရင်းကိုလည်း ရှာမတွေ့ခဲ့ပါ။ S Spine ဆေးရုံတွင် ကုသမှုခံယူရန် မိတ်ဆက် ပေးသောကြောင့် သူမသည် ကုသမှုခံယူရန် အချိန်မလုံလောက်ဟု ထင်သော်လည်း ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် ဆုံးဖြတ်ပြီး နောက်တစ်ခေါက် MRI ကို ထပ်ရိုက်ကြည့်ခဲ့ရာမှ အရိုးဆစ် disc ပြားကျွံထွက်လာပြီး အာရုံကြောကို ဖိနေသည်ကို တွေ့ခဲ့ရသည်။ ယခုအခါတွင် ရောဂါဒဏ်ရာများတွေ့ရခြင်း အကြောင်းရင်းမှာ လဲလျောင်းနေသည့် အနေအထားတွင် မတွေ့နိုင်သော ရောဂါဒဏ်ရာများကို မတ်တပ်ရပ်ရိုက်သည့် MRI စက်ကို အသုံးပြု၍ မြင်တွေ့နိုင်သောကြောင့်ဖြစ်သည်။ ထို့နောက် ဆရာဝန်က လေဆာဖြင့် ခွဲစိတ်ရန် အကြံပြု၍ ခွဲစိတ်ဒဏ်ရာမှာ လွန်စွာသေးငယ်သောကြောင့် နောက်တစ်နေ့တွင် သူမသည် ပုံမှန်အတိုင်း ပြန်လည်နေထိုင်ခဲ့သည်။

ခါးပိုင်းရှိ ကျောရိုးဆစ် disc ပြားကျွံပြီး အာရုံကြောဖိသောရောဂါ ရှိသည့် Khun Papon က “ကျွန်တော့် တင်ပါးကနေ ခြေထောက်ဆီ နာကျင်တာကို 7 လလောက်ကြာအောင် ကုသမှုနည်းများနဲ့ ကြိုးစားခဲ့ပေမယ့် မပျောက်ပါဘူး။ YouTube နဲ့ Facebook တွေက အကြံပြုချက်အတိုင်း ဆေးသောက်ပေမဲ့ အကျိုးသက်ရောက်မှုမရှိခဲ့ပါဘူး။ လေယာဉ်ပေါ်မှာ ထိုင်နေရင်းတောင်မှ နာကျင်တာက ပိုဆိုးလာသောကြောင့် လေဆိပ်မှာ ကျွန်တော့်အတွက် ဘီးတပ်ကုလားထိုင်ကို အသုံးပြုခဲ့ရပါတယ်။ အခြားဆေးရုံများသို့ အကြိမ်ကြိမ် သွားရောက်စစ်ဆေးပြီးနောက် အကြောင်းရင်းကို ရှာမတွေ့တာကြောင့် ကျွန်တော် S Spine ဆေးရုံသို့ ရောက်ရှိပြီး ဆရာဝန်က မတ်တပ်ရပ်ရိုက်တဲ့ MRI နဲ့ စစ်ဆေးပြီး ကျွန်တော့် L4-L5 ကျောရိုး disc ပြားများ ယိုယွင်းလာပြီး ကယ်လ်စီယမ်များ ကပ်နေသောကြောင့် အာရုံကြော လမ်းကြောင်းကို ကျဉ်းစေကြောင်းတွေ့ရှိခဲ့တယ်။ PSLD နည်းစနစ်ဖြင့် endoscopic အသုံးပြုကာ ကုသမှုခံယူခဲ့ပြီး အခုအခါ ကျွန်တော် ပြန်လည်ကောင်းမွန်လာခဲ့တယ်။ ဆေးရုံမှာ တစ်ညလောက်နေပြီးနောက် အရင်ကလိုပဲ လမ်းပြန်လျှောက်နိုင်ခဲ့တယ်” ဟု ပြောခဲ့သည်။

ကျော သို့မဟုတ် လည်ပင်းနာခြင်းသည် ရှုပ်ထွေးသောပြဿနာဖြစ်ပြီး နေ့စဉ်ကိစ္စများတွင် အကျိုးသက်ရောက်မှု ရှိစေနိုင်သည်။ S Spine ဆေးရုံသည် လူနာ 100,000 ကျော်ကို ရောဂါ၏ မူလအကြောင်းအရင်းကို ရှာဖွေခြင်းနှင့် ခေတ်မီ နည်းပညာအသုံးပြုခြင်းကို အာရုံစိုက်သည့် ကုသမှုနည်းလမ်းများဖြင့် ကုသရာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော အထူးကုဆေးရုံတစ်ခုဖြစ်သည်။ ထို့အပြင် ခါးနာခြင်းဝေဒနာများမှ ပျောက်ကင်းအောင် ကူညီနိုင်ပြီး မိသားစု၊ ချစ်ရသူများနှင့် အတူနေထိုင်ခြင်း သို့မဟုတ် သင်နှစ်သက်သည့် အရာများကို တဖန်ပြန်လုပ်နိုင်ပါသည်။

နာကျင်မှု ပျောက်မသွားပါက… အခုပဲ ဖုန်းဆက်လိုက်ပါ။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital