+6620340808

သတိ! ဒေါက်မြင့်ဖိနပ်စီးခြင်းသည် နာတာရှည်ဒူးနာခြင်းကို ဖြစ်စေနိုင်ပါသည်။

အမျိုးသမီးနှင့် အလှသည် ပေါင်မုန့်နှင့်ထောပတ်ကဲ့သို့ အမြဲတစေ တွဲနေပါသည်။ ဒေါက်မြင့်ဖိနပ်များသည် အမျိုးသမီးများ၏ လှပမှုနှင့် မိမိကိုယ်ကို ယုံကြည်မှုမြှင့်တင်သော သော့ချက်လည်း ဖြစ်ပါသည်။ ဖိနပ်မြင့်လေ ထိုမိန်းကလေးများ၏ မိမိကိုယ်ကိုယုံကြည်မှုပိုမြင့်မားလေဖြစ်ပါသည်။ သို့သော် ဒေါက်မြင့်ဖိနပ်သည် သင့်အတွက် ရေရှည်တွင် အန္တရာယ်ဖြစ်စေနိုင်သည်ဆိုသည်ကို သင်သိပါသလား။

ဒေါက်မြင့်ဖိနပ်စီးခြင်း၏ အန္တရာယ်များ။

ဒေါက်မြင့်ဖိနပ်စီးခြင်း၏ အသိသာဆုံးအန္တရာယ်မှာ ချော်လဲ၍ ခြေထောက်ခေါက်သည့် အန္တရာယ်ပင်ဖြစ်ပါသည်။ ထို့အပြင် ဒေါက်မြင့်ဖိနပ်ကို အချိန်အကြာကြီးစီးပါက သင့်ကိုယ်အလေးချိန် သည်ခြေဖဝါး၏ ရှေ့ပိုင်းသို့ ဖိအားများနေသောကြောင့် ခါး သို့မဟုတ် တင်ပါးတွင် နာကျင်မှုကို ခံစားရနိုင်ပါသည်။ အရှေ့သို့ကိုင်းလာသောခန္ဓာကိုယ် ဟန်ချက်ကိုထိန်းရန်အတွက် နောက်သို့ပြန်ဆွဲရန် ကြိုးစားခြင်းကြောင့် သင့်နောက်ကျောနှင့် တင်ပါးသည် လိုအပ်သည်ထက် 

အလုပ်ပိုလုပ်ရသည့်အတွက် ရေရှည်တွင်နာကျင်မှုကို ဖြစ်စေပါသည်။

ထို့အပြင် ရေရှည်တွင်ဒူးခေါင်းကိုလည်း ထိခိုက်စေနိုင်ပါသည်။ လှေကားအတက်အဆင်းလမ်းလျှောက်စဉ် ဒူးခေါင်းမှ ရုတ်တရက်နာကျင်ခြင်း သို့မဟုတ် အဆစ်မှအသံထွက်လာခြင်းများကို သင် ကြုံတွေ့ဖူးပါသလား။ ကြုံတွေ့ဖူးလျှင် သင်၏ဒူးခေါင်း အရိုးအဆစ်များတွင် ပြဿနာ ရှိနေပြီဖြစ်ပါသည်။ ပုံမှန်လှေကားအတက်အဆင်း ပြုလုပ်ခြင်းသည်ပင် သင့်ဒူးပေါ်သို့ ဖိအားတိုးလာစေနိုင်ပြီး ဒေါက်မြင့်ဖိနပ်စီး၍ အတက်အဆင်းပြုလုပ်ခြင်းက ပိုဆိုးရွားစေပါသည်။ ဒေါက်မြင့်ဖိနပ်ကို အချိန်ကြာမြင့်စွာအသုံးပြုသောသူများသည် ဒူးခေါင်းရိုး နှင့်ပေါင်ရိုး ၂ခု ပွတ်တိုက်ခြင်းကြောင့်ဖြစ်သော ဒူးခေါင်းအဆစ်ရှိအရိူးနုများပျက်စီးခြင်း (chondromalacia patellae) ခေါ် အပြေးသမားများ၏ ဒူးဆစ်ရောဂါ ကြောင့်နာကျင်မှုကိုခံစားရနိုင်ပါသည်။ ဒေါက်မြင့်ဖိနပ်စီးခြင်းသည် ပေါင်ရှိကြွက်သားများကို အားနည်းလာစေပြီး ဒူးရှိ ဂုံညင်းရိုး (patella) မညီမျှခြင်းကို ဖြစ်စေပြီး အချိန်ကြာလာသောအခါယိုယွင်းလာစေပါသည်။


ခွဲစိတ်ရန်မလိုပဲ ဒူးခေါင်းအဆစ်ရှိအရိူးနုများပျက်စီးခြင်း (chondromalacia patella) ကိုကုသရန် နည်းလမ်းများစွာရှိပြီး ဆေးသောက်ခြင်း သို့မဟုတ် ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများဖြင့် လည်းကုသနိုင်ပါသည်။ သို့သော် ရောဂါလက္ခဏာပြင်းထန်ပြီး ခွဲစိတ်ကုသရန်လိုအပ်သောလူနာများတွင်မူ ရောဂါ၏အဓိကအကြောင်းရင်းကို ရှာဖွေရန် လိုအပ်ပါသည်။ ဒူးခေါင်းအဆစ်ရှိအရိူးနုများပျက်စီးခြင်း (Chondromalacia patella)ကိုခွဲစိတ်ကုသရာတွင် ဒူးဆစ်မျက်နှာပြင်ကို ချောမွေ့စေရန် မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်းဖြစ်ပါသည်။ ထိုရောဂါကို ကုသမှုမခံယူပဲထားပါက အဆစ်ပေါ် ပိုင်းများစုတ်ပြဲသွားခြင်းကြောင့် အရိုးအဆစ်ရောင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ ထိုအခြေအနေသို့ရောက်ရှိပါက အဆစ်ကို အစားထိုးရန် သို့မဟုတ် ပြန်လည်ချိန်ညှိရန် ကြီးမားသောခွဲစိတ်မှု ပြုလုပ်ရသည့်အတွက် ခွဲပြီးပြန်လည်နာလန်ထချိန်ကြာမြင့်မည်ဖြစ်ပါသည်။ ထို့ကြောင့် သင့်ဆရာဝန်သည် သင့်အား ထိုအခြေအနေရောက်သည်အထိ စောင့်စားရန် အကြံပြုလိမ့်မည်မဟုတ်ပါ။

မရှိမဖြစ်လိုအပ်သော ကုသမှုများမှာ ပြန်လည်ထူထောင်ရေးလေ့ကျင့်ခန်းများ ဖြစ်ပါသည်။ သင်၏ပေါင်ကြွက်သားများ သန်မာစေခြင်းသည် ထိုရောဂါပြန်ဖြစ်နိုင်ခြေကို တားဆီးနိုင်ပြီး အရိုးအဆစ်ရောင်ခြင်း ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

ဒေါက်မြင့်ဖိနပ်စီးခြင်းကို ရပ်တန့်သင့်ပါသလား။

ဒေါက်မြင့်ဖိနပ်စီးခြင်းသည် လူကိုအန္တရာယ်ဖြစ်စေသောကြောင့် တချို့သောသူများက ဆက်လက်အသုံးမပြုရန် နှင့် ဖိနပ်အပါးများကိုသာအသုံးပြုရန် ပြောကောင်းပြောနိုင်ပါသည်။ သို့သော် ဖိနပ်အပါးသည်လည်း အမှန်တကယ်တွင် ခြေဖနောက်အရွတ်ရောင်ခြင်းရောဂါကို ဖြစ်စေနိုင်ပါသည်။ ဖိနပ်အပါးများပေါ်တွင် အလွန်အကျွံလမ်းလျှောက်ခြင်းသည် သင့်ခြေဖနောင့်ကြွက်သားများကို တောင့်တင်းစေပြီး နာကျင်စေပါသည်။ ဤအကျပ်အတည်းအတွက် အကောင်းဆုံးဖြေရှင်းနည်းမှာ အလယ်အလတ်လမ်းစဉ်ဖြစ်သော မထူလွန်း မပါးလွန်းသည့် ဖိနပ်ကို အသုံးပြုခြင်းဖြစ်ပါသည်။ အရေးကြီးဆုံးမှာ လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ခြင်းဖြင့် သင်၏ကိုယ်အလေးချိန်ကိုထိန်းကာ ဒူးခေါင်းနှင့်ပတ်သတ်သည့် ပြဿနာများကို ရှောင်ရှားခြင်းဖြစ်ပါသည်။

ဒေါက်မြင့်ဖိနပ်ကိုဆက်စီးချင်သေးလျှင် ဘာလုပ်သင့်ပါသလဲ။

ဒေါက်မြင့်ဖိနပ်ကို အမြင့် ၁-၂ လက်မထက် မပိုသင့်ပါ။ ရုံးတွင် ထိုင်လျှင်ဖြစ်စေ လမ်းလျှောက်လျှင်ဖြစ်စေ သင်၏ခြေထောက်ကို သက်တောင့်သက်သာရှိနေစေရန် ပို၍သက်တောင့်သက်သာရှိသော ဖိနပ်အပိုတစ်ရံ ဆောင်ထားသင့်ပါသည်။ ပေါင်ရှိကြွက်သားများကိုသန်မာစေရန် ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းသည်လည်း ရေရှည်တွင်အကျိုးရှိနိုင်ပါသည်။ ထို့အပြင် ပုံမှန် ခြေထောက်ရေနွေးနဲ့စိမ်ပြီး ခြေဖဝါးကိုနှိပ်နယ်ပေးခြင်းသည် သင်၏ခြေထောက်ကြွက်သားများကို သက်တောင့်သက်သာဖြစ်စေပြီး သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေပါသည်။ ဤအကြံပြုချက်များအားလုံးကို လိုက်နာခြင်းဖြင့် သင်သည် ဒေါက်မြင့်ဖိနပ်များကို ယုံကြည်ချက်အပြည့်ဖြင့် ပုံမှန်ဝတ်ဆင်နိုင်ပြီး၊ တစ်ချိန်တည်းတွင် အန္တရာယ်ကင်းစွာ လှပနေပါလိမ့်မည်။

S Spine ဆေးရုံသည် ကျောရိုးနှင့် အာရုံကြောဆိုင်ရာ အထူးကုဆေးရုံဖြစ်ပါသည်။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital