+6620340808

 စီးမင့်ထိုးခြင်းသည် ကျိုးနေသောအရိုးများကို ကုသပေး၍ တစ်နေ့အတွင်း ပြီးစီးသည်……..

အရိုးစီးမင့်ထိုးခြင်း (Bone Cement) သည် ကျောရိုးအက်ကွဲခြင်း၊ ကျိုးခြင်းနှင့် ပြိုကျခြင်းတို့ကို ကုသပေးသည့် ခွဲစိတ်ရန် မလိုအပ်သော လူနာအတွက် ရွေးချယ်စရာနည်းလမ်းဖြစ်သည်။

ဤကုသမှုသည် အလွန်အောင်မြင်ပြီး လူနာ၏ နာကျင်မှုကို သက်သာရာရစေကာ ယခင်ကဲ့သို့သော ဘဝ အရည်အသွေးကို ပြန်လည်ရရှိစေနိုင်သည်။

  • အရိုးပွရောဂါ
  • မတော်တဆထိခိုက်မှု
  • အမြင့်မှ ပြုတ်ကျခြင်း
  • ကျောရိုးအတွင်း အကျိတ်ရှိခြင်း

အထက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဖြစ်လာခဲ့သော အချို့သောလူနာများသည် ၎င်းတို့၏ ရောဂါ ပြင်းထန်မှုအရ နာကျင်မှု အနည်းအများ ခံစားရမည်။ နာကျင်မှုဝေဒနာ မခံစားနိုင်သော အခြေအနေမျိုးတွင် အရပ်ပုသွားခြင်း၊ ခါးကုန်းသွားခြင်း၊ ကျောရိုးကောက်ခြင်းနှင့် အရိုးအာရုံကြောဖိခြင်း

စသောဖြစ်နိုင်ခြေများကို လျော့ချရန် အထူးကုဆရာဝန်နှင့် ချက်ချင်း တိုင်ပင်သင့်ပါသည်။

ရောဂါ၏ မူလဇစ်မြစ်ကို ကုသခြင်းအတွက် ဆရာဝန်သည် အရိုး၏ ပုံပန်းသဏ္ဍာန်ကို မြင်နိုင်သော X-rays နှင့် ကျောရိုးနှင့် အာရုံကြောအမျိုးမျိုးကို ကြည့်ရှုနိုင်သော MRI ကိုအသုံးပြု၍ သင့်လျော်သော ရောဂါရှာဖွေမှုကို ပြုလုပ်ခြင်းဖြင့် ကုသမှု အစီအစဉ်ဆွဲရန် ဆုံးဖြတ်ချက်များချရာတွင် အသုံးပြုသည်။

  • အထွေထွေကုသမှု

ခါးနာသက်သာစေရန်နှင့် ကျောရိုး တောင့်တင်းမှုကို ကာကွယ်ပေးရန် ဆေးလိမ်းခြင်း၊ နလန်ထူလာချိန်တွင် အရိုးလှုပ်ရှားမှုကို လျှော့ချရန် ကျောရိုးအထောက်အကူခါးပတ်တပ်ခြင်း၊ ၂ ပတ်ကျော်ပြီးနောက် ရောဂါ လက္ခဏာများ မသက်သာလျှင် သို့မဟုတ် နာကျင်မှု မခံမရပ်ဖြစ်လျှင် ကျောရိုးအထူးကုဆရာဝန်နှင့် ချက်ချင်း တိုင်ပင်သင့်သည်။


  • အရိုးစီးမင့်ထိုးခြင်း

ခွဲစိတ်စရာမလိုဘဲ အရိုးစီးမင့်ထိုးခြင်း နည်းပညာဖြင့် အရိုးပွရောဂါ၊ ကျောရိုးဧရိယာတွင် အကျိတ်ရှိခြင်းနှင့် ကျောရိုးမကြီးတွင် ဒဏ်ရာရခြင်းကြောင့် ခါးနာသောနှင့် ကျောရိုးပုံပျက်နေသော လူနာများသည် ကျိုးနေသော ကျောရိုးများကို ခိုင်ခံ့စေ၍ ကိုယ်အလေးချိန်ကို ပြန်လည်လက်ခံနိုင်ရန်အတွက် စီးမင့်ကို ပြိုကျခြင်း၊ အက်ကွဲခြင်း သို့မဟုတ် ကျိုးခြင်း ဖြစ်နေသော အရိုးများအတွင်းသို့ ထိုးသွင်းခြင်း ပြုလုပ်သည်။ကုသမှုခံယူပြီးနောက် လူနာသည် ရေရှည်ပျောက်ကင်းရေးအတွက် ဆရာဝန်များ၏ ခွဲစိတ်ပြီးနောက် ညွှန်ကြားချက်များ (လင့်ခ်ထည့်ရန်)ကို လိုက်နာသင့်သည်။

ဆရာဝန်သည် အထူးဓာတ်မှန်စက် (Fluoroscope) ကို အသုံးပြု၍ သေးငယ်သော အပ်ဖြင့် တည်နေရာကိုရှာကာ ကျောရိုးပြိုကျသည့် နေရာကို ဝင်ရောက်ပြီးနောက် အရိုးထဲမှ စီးမင့်များ ယိုစိမ့်ခြင်းမှ ကာကွယ်ပေးရန်နှင့်  အရိုး ခိုင်မြဲစေရန် စီးမင့်ကို ဖြည်းဖြည်းချင်း ထိုးထည့်ပါမည်။ ပြီးနောက် အပ်ကို ဆွဲထုတ်ပြီး ဒဏ်ရာ အရွယ်အစား သေးငယ်သောကြောင့် ဒဏ်ရာကို ချုပ်ရန် မလိုဘဲ ဒဏ်ရာကို အနာကပ်ပလာစတာဖြင့် ပိတ်လိုက်ပါမည်။

การฉีดซีเมนต์เข้ากระดูกสันหลัง แตก หัก ยุบ

ထိုးသွင်းထားသော စီးမင့်များ ခိုင်ခံ့စေရန် လူနာသည် ၁-၂ နာရီ ကြာအောင် အနားယူ၍ ပုံမှန်အတိုင်း ထထိုင်ခြင်း၊ မတ်တတ်ရပ်ခြင်း၊ လမ်းလျှောက်ခြင်း ပြုလုပ်နိုင်ပြီး ထိုးပြီးနောက် နာကျင်မှုက သက်သာလာ ပါလိမ့်မည်။ ဤနည်းလမ်းဖြင့် လုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် ကျွမ်းကျင်သည့် ကျောရိုးအထူးကု ဆရာဝန်မှ လုပ်ဆောင်ရပါမည်။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital