+6620340808

အဝလွန်ခြင်းသည် နာတာရှည် ခါးနာရောဂါကို ဖြစ်စေနိုင်ပါသည်။

အဝလွန်ခြင်းသည် သွေးလည်ပတ်မှုစနစ်ကိုထိခိုက်ပျက်စီးခြင်းမှတဆင့် အမျိုးမျိုးသောရောဂါများဖြစ်သည့် နှလုံးသွေးကြောကျဉ်းခြင်း၊ လေဖြတ်ခြင်း၊ လက်နှင့်ခြေထောက်များ အားနည်းလာခြင်း၊ ဆီးချိုနှင့် သွေးတိုးရောဂါများသည် အဝလွန်ခြင်းမရှိသူများနှင့် ကိုလက်စထရော မြင့်မားသူများထက်ပင် ၂-၁၀ ဆအထိဖြစ်နိုင်ခြေပိုမိုများပြားသည်ကိုတွေ့ရှိရပါသည်။

အဝလွန်ခြင်းသည် ခန္ဓာကိုယ် အလေးချိန်ပို၍ သယ်ဆောင်ရန် လိုအပ်သောကြောင့် ခါးနာခြင်းကို ဖြစ်စေနိုင်ပြီး ထိုမှတဆင့် ကျောရိုး ယိုယွင်းပျက်စီးခြင်းရောဂါ ဖြစ်နိုင်ခြေပါ ပိုမိုများပြားလာပါသည်။

ကျောရိုး ယိုယွင်းပျက်စီးခြင်းရောဂါ သို့မဟုတ် ကျောရိုးအဆစ်ပြားကျွံခြင်းရောဂါ၏ အဓိကရောဂါလက္ခဏာမှာ နာတာရှည်လည်ပင်းနှင့် ခါးနာခြင်း ဖြစ်ပါသည်။ ကျောရိုးအဆစ်ပြားများ အခြေအနေပြောင်းလဲရခြင်း၏ အကြောင်းအရင်းများမှာ အသက်အရွယ်ကြီးရင့်ခြင်း၊ ကျောရိုးအဆစ်ပြားထိခိုက်ဒဏ်ရာရခြင်း၊ အဝလွန်ခြင်းနှင့် အခြားသောအကြောင်းအရာများ စုပေါင်း၍ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်။

“ယနေ့ခေတ်တွင် ထိုရောဂါဖြစ်ရခြင်း၏ အဓိကအရေးကြီးသောအကြောင်းအရာတခုမှာ ရုံးဝန်ထမ်းများသည် ကွန်ပျူတာအရှေ့တွင် အချိန်ကြာမြင့်စွာထိုင်၍ အလုပ်လုပ်ခြင်း၊ လေးလံသောအရာများကို မ သယ်ခြင်း နှင့် ကိုယ်ဟန်အနေအထားမမှန်မကန် လမ်းလျှောက်ခြင်း၊ မတ်တပ်ရပ်ခြင်း နှင့် ထိုင်ခြင်းများအပြင်၊ အားကစားကြောင့်ထိခိုက်ဒဏ်ရ ရခြင်း၊ ကိုယ်ဟန်အနေအထားမမှန်မကန် အားကစားပြုလုပ်ခြင်း နှင့် ကိုယ်လက်လေ့ကျင့်ခန်း လုံးဝပြုလုပ်ခြင်းမရှိသူများပင်ဖြစ်ပါသည်။ အထက်ပါအပြုအမူများသည် နာတာရှည်လည်ပင်းနှင့် ခါးနာဝေဒနာကို ခံစားရပြီး ခါးအောက်ပိုင်းနှင့် ခြေထောက်များအထိ နာကျင်မှုကူးစက်လာနိုင်သည့်အပြင် ထိုရောဂါသည် အသက်အရွယ် နှင့်အလုပ်အကိုင်မရွေး ဖြစ်နိုင်ပါသည်။”

ယနေ့အခါတွင် နည်းပညာများတိုးတက်လာသည်နှင့်အတူ လေဆာနည်းပညာကဲ့သို့သော ဆန်းသစ်တီထွင်မှုများသည် ကျွန်ုပ်တို့အား ခွဲစိတ်ရန်မလိုဘဲ နာတာရှည်လည်ပင်းနှင့် ခါးနာခြင်းကို ကုသနိုင်စေပါသည်။ ထိုနည်းအတူ လူနာအတွက် ဘေးကင်းလုံခြုံပြီး လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေသည့်အပြင် နာကျင်မှုအနည်းငယ်ကိုသာ ခံစားရစေသည့် ကုသမှုနည်းလမ်းမှာ မှန်ပြောင်း/အဏုကြည့်မှန်ဘီလူး (Endoscope/microscope) ကို အသုံးပြု၍ ကျောရိုးခွဲစိတ်မှုဖြစ်သည့် “Minimally Invasive Spine Surgery” ဖြစ်ပါသည်။

ကျောရိုးနှင့် အာရုံကြောအထူးခွဲစိတ်ဆရာဝန်ကြီး ဒေါက်တာ Dittapol Boonampol က အဝလွန်သူများနှင့် နာတာရှည် ခါးနာဝေဒနာ ခံစားနေရသူများအတွက် ဤနည်းလမ်းကို အကြံပြုထားပါသည်။ အဝလွန်သူများကို ခွဲစိတ်ကုသရာတွင် အဆီပိုထူပြီး များသဖြင့် ကျောရိုးနာကျင်သောနေရာသို့ရောက်ရန် ခွဲစိတ်ရာတွင် ဒဏ်ရာကြီးမားသောကြောင့် အဝလွန်သူများကို လေဆာနည်းပညာဖြင့်ကုသခြင်းသည် သေးငယ်သောခွဲစိတ်ဒဏ်ရာဖြင့်သာ ကုသမှုပြီးမြောက်နိုင်ပါသည်။ ကြီးမားသောခွဲစိတ်မှုသည် လူနာများအတွက် ပြန်လည်နာလန်ထူရန်လည်း အချိန်ပိုကြာပါသည်။

ဤနောက်ဆုံးပေါ်နည်းပညာသည် အဝလွန်သူများနှင့် သက်ကြီးရွယ်အိုများအား ၎င်းတို့၏ပြန်လည်နာလန်ထချိန်ကို လျှော့ချပေးမည်ဖြစ်ပြီး ခွဲစိတ်မှုကြောင့်ဖြစ်ပေါ်လာနိုင်သော နောက်ဆက်တွဲအန္တရာယ်များကို လျှော့ချပေးသည့်အတွက် လူနာများအတွက် အန္တရာယ် နဲပါးပါသည်။ ခွဲစိတ်ကုသမှု ခံယူပြီးသော လူနာများသည် ၎င်းတို့၏ နာတာရှည် နာကျင်မှုကို

လေဆာကုသမှု၏အကျိုးကျေးဇူးများ

  1. ခွဲစိတ်ဒဏ်ရာသည် ၂-၃ စင်တီမီတာ အရွယ်ခန့်သာရှိခြင်း
  2.  ပုံမှန်ထက် နာကျင်မှုနည်းပါးပြီး ပိုမိုလျှင်မြန်စွာ ပြန်လည်နလန်ထူနိုင်ပါသည်။
  3. မှန်ပြောင်းဖြင့်ခွဲစိတ်ခြင်း (Endoscope) ကိုအသုံးပြုခြင်းဖြင့် ခွဲစိတ်ဆရာဝန်သည် သာမန်မျက်စိဖြင့်ကြည့်ရှုခြင်းထက် ပိုမိုတိကျစွာ မြင်ရသောကြောင့် အန္တရာယ်နည်းပါးပါသည်။
  4. သမားရိုးကျခွဲစိတ်မှုထက် အနာတဝိုက်ရှိတစ်ရှူးများထိခိုက်မှုနည်းပါး ပါသည်။

ကုသမှုခံယူပြီးနောက်ပြန်လည်ထူထောင်ရန် လုပ်ဆောင်ခြင်း

ကုသမှုခံယူပြီးနောက် အဝလွန်သောလူနာများသည် ဝေဒနာသက်သာသွားသည်ဟု ခံစားရသော်လည်း အလုံးစုံပြန်လည်ကောင်းမွန်ရန်အတွက် ဆရာဝန်၏အကြံပေးချက်ကိုလိုက်နာရန်လိုအပ်ပါသည်။ လိုအပ်သလို ခန္တာကိုယ်ပြန်လည်သန်စွမ်းအထူးကုဆရာဝန်နှင့် တွေ့ဆုံဆွေးနွေးကာ ကျောနှင့် ကျောပိုင်းကြွက်သားများ သန်မာစေရန် လေ့ကျင့်ခန်းများ၊ ကိုယ်အလေးချိန်ချခြင်း၊ နေ့စဉ် လှုပ်ရှားသွားလာမှုကို ပြင်ဆင်ခြင်းနှင့် ကျန်းမာရေး ကောင်းမွန်စေရန် စားသောက်မှု အလေ့အထများ ဆွေးနွေးခြင်း အပါအဝင် ၎င်းတို့၏ ကျန်းမာရေးကို မည်ကဲ့သို့ ဂရုစိုက်ရမည်ကို ဆွေနွေးသင့်ပါသည်။ အဝလွန်ခြင်းသည် ကျောရိုး ယိုယွင်းပျက်စီးခြင်းရောဂါကို ဖြစ်စေသောအကြောင်းရင်းတစ်ခု ဖြစ်ကြောင်းကို အထူးသတိပြုသင့်ပါသည်။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital