လက်ရှိတွင် ကျောရိုးရောဂါကုသမှုအတွက် သောက်ဆေး၊ ထိုးဆေး၊ ခန္တာကိုယ်သန်စွမ်းရေး လေ့ကျင့်ခန်းကုထုံး နှင့် ခွဲစိတ်ကုသမှုနည်းလမ်းပေါင်းများစွာရှိပါသည်။ ကုသမှုနည်းလမ်းများသည် ရောဂါပြင်းထန်မှုနှင့် ထိုအချိန်တွင်ရှိနေသည့် ရောဂါလက္ခဏာများပေါ်တွင်မူတည်ပါသည်။ ယခုအခါတွင် ကျောရိုးခွဲစိတ်မှုနည်းပညာများ များစွာတိုးတက်လာသောလည်း ကျောရိုးခွဲစိတ်ရမည်ဆိုလျှင် လူနာအများစုသည် “ကြောက်ရွံ့စိတ်” နှင့် “စိုးရိမ်စိတ်” များရှိနေတက်ပါသည်။ ခွဲစိတ်ဆရာဝန်များသည် ကုသမှုနည်းလမ်း နှင့် ကုသမှုအဆင့်များကို အသေးစိတ်ရှင်းပြသော်လည်း လူနာများစွာသည် နောင်ဖြစ်လာမည့် ခွဲစိတ်ခြင်း၏ရလဒ်ကို မည်သူမျှမခန့်မှန်းနိုင်သောကြောင့် စိုးရိမ်စိတ်ရှိကြသည်မှာ ထုံးစံဖြစ်ပါသည်။ ခွဲစိတ်ပြီးနောက် ပုံမှန်ဘဝသို့ ပြန်ရောက်နိုင်ပါမည်လောဟူသည့် မေးခွန်းသည် လူနာများ၏စိတ်တွင် ရှိနေတတ်ပါသည်။ S Spine and Nerve ဆေးရုံသည် လူတစ်ဦးချင်းစီ၏ စိတ်ရော ကိုယ်ပါ နှစ်မျိုးလုံးကို ပြင်ဆင်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျောရိုးခွဲစိတ်မှုမတိုင်မီ မိမိကိုယ်ကို ပြုစုစောင့်ရှောက်ခြင်းဆိုင်ရာ အချက်အလက်များကို ရှင်းပြပေးလေ့ရှိပါသည်။ ဤပြင်ဆင်မှုသည် လူနာများ၏ ကျောရိုးခွဲစိတ်မှုမခံယူမီပုံမှန်ရှိနေတက်သော ကြောက်ရွံ့မှုနှင့် စိုးရိမ်စိတ်များကို လျှော့ချပေးပါသည်။
ကျောရိုးခွဲစိတ်မှုမခံယူမီ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် ကြိုတင်ပြင်ဆင်မှုများ။
- လူနာသည် မိမိခံယူမည့် ခွဲစိတ်မှုအကြောင်းမည်မျှအထိသိရှိနားလည်ထားပြီး အဆင်သင့်ဖြစ် မဖြစ် စမ်းစစ်ပါ။ အဆင်သင့်ဖြစ်ပြီဟု ခံစားရပါက လူနာသည် အတိုင်းအတာတစ်ခုအထိ စိတ်ပိုင်းဆိုင်ရာပြင်ဆင်ထားပြီးဖြစ်ပါသည်။
- ကျန်းမာသန်စွမ်းပြီး ပုံမှန်လှုပ်ရှားသွားလာရန်သန်မာသောကိုယ်ခန္ဓာကို မြင်ယောင်ကြည့်ခြင်းသည် ခွဲစိတ်မှုမတိုင်ခင် ခံစားနေရသောစိတ်ဖိစီးမှုကို ထိရောက်စွာ လျှော့ချနိုင်ပါသည်။
- မှန်ကန်သော အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် အမျိုးမျိုးသော စိုးရိမ်စိတ်နှင့် စိုးရိမ်ပူပန်မှုများ ထိန်းချုပ်နိုင်စွမ်းကိုတိုးစေသည့်အပြင်၊ မိမိ၏ စိတ်ဖိစီးမှုထိမ်းချုပ်နိုင်စွမ်းအားကို တိုးစေပါသည်။
- မိတ်ဆွေသူယ်ချင်းများနှင့်တွေ့ဆုံခြင်း သို့မဟုတ် အိမ်မွေးတိရစ္ဆာန်များနှင့် ကစားခြင်းသည် စိတ်ကိုပျော်စေပြီး မိမိခွဲစိတ်ကုသမှုအတွက်ရှိနေသည့် စိတ်ဖိစီးမှု သို့မဟုတ် စိုးရိမ်ပူပန်မှုများကို လျှော့ချနိုင်ပါသည်။
- သိထားသင့်သည့် အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် စုဆောင်းခြင်းသည် ယုံကြည်မှုကို သိသိသာသာ တိုးစေပြီး စိတ်ဖိစီးမှုကို လျှော့ချနိုင်ပါသည်။ ဥပမာအားဖြင့်-
- နာကျင်မှု၏ မူလဇစ်မြစ်အတိအကျကို သိရှိနိုင်မည့် စစ်ဆေးမှုရလဒ်များကို စောင့်ကြည့်ခြင်း။
- ကုသမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များကို ဆရာဝန်နှင့် မေးမြန်းဆွေးနွေးပြီး ရွေးချယ်ထားသောကုသမှုနည်းလမ်းသည် သင့်အခြေအနေနှင့် သင့်လျော်ကြောင်း သေချာပါစေ။
- ကျောရိုးခွဲစိတ်မှုတွင်အသုံးပြုသည့် ခွဲစိတ်ကိရိယာများသည် နည်းလမ်းတစ်ခုစီတွင် အရေးကြီးသောအချက်များဖြစ်ပါသည်။ သို့သော်လည်း ဤကိရိယာများကို အသုံးပြုမည့် ခွဲစိတ်ဆရာဝန်၏ ကျွမ်းကျင်မှုကို အတည်ပြုရန်လဲ အရေးကြီးပါသည်။
- ခွဲစိတ်မှုကြာချိန်၊ ဆေးရုံတက်ချိန်၊ ပြန်လည်ကျန်းမာလာချိန်စသည်ဖြင့် ကုသမှုအချိန်ဇယားကို သိရှိရန်လိုပါသည်။
- ကျောရိုးခွဲစိတ်မှုနည်းလမ်းများဖြစ်သည့် ပုံမှန်အကြီးစားခွဲစိတ်မှုနှင့် မှန်ပြောင်းအသုံးပြုသော (endoscopic) ခွဲစိတ်မှုတို့သည် ဖြစ်ပွါးသောရောဂါပေါ်မူတည်၍ ကွဲပြားသောကြောင့် ရောဂါလက္ခဏာများနှင့် ၎င်းတို့၏ ကုသမှုရလဒ်များကို လေ့လာပါ။ ခွဲစိတ်မှုအတွင်း အသုံးပြုသည့် ကင်မရာ အမျိုးအစားများစွာ ရှိပြီး ကိရိယာများ၏ ရွေးချယ်မှုသည် ခွဲစိတ်မည့် သမားတော်၏ ကျွမ်းကျင်မှုအပေါ် မူတည်ပါသည်။
- ဆေးကုသမှုပေးသောအဖွဲ့၏ ကျွမ်းကျင်မှုကို ယုံကြည်ကိုးစားခြင်းသည် ကျောရိုးခွဲစိတ်မှုအတွက်ပြင်ဆင်ခြင်း၏ နောက်ထပ်အရေးကြီးသောအချက်တချက်ဖြစ်ပါသည်။
သင့်ကိုယ်သင် ယုံကြည်မှုရှိအောင် လုပ်နိုင်သည်နှင့်တစ်ပြိုင်နက် ကုသမှုခံယူရန် စဉ်းစားသည့်အဆင့်တွင် အချိန်မဖြုန်းမိစေရန် အောက်ပါအချက်အလက်များကို ခွဲစိတ်မှုမပြုလုပ်မီ ကြိုတင်ဆွေးနွေးသင့်ပါသည်။
ကျောရိုးခွဲစိတ်မှုမခံယူမီ ကြောက်ရွံ့မှုနှင့် စိုးရိမ်ပူပန်မှုများကို လျှော့ချရန် ကြိုတင်ပြင်ဆင်မှုများ။
ခွဲစိတ်မှုမခံယူမီ ကြိုတင်ပြင်ဆင်ခြင်းသည် အသက်အန္တရာယ်ထိခိုက်နိုင်သည့် နောက်ဆက်တွဲ ပြဿနာများကို လျှော့ချနိုင်ပြီး လူနာအတွက် ပိုမိုမြန်ဆန်စွာ ပြန်လည်ကောင်းမွန်လာစေရန် ကူညီပေးပါသည်။ ပြင်ဆင်ရန်အဆင့်များ –
- အစာအမှုန်အမွှားများ အသက်ရှူလမ်းကြောင်းတွင် တစ်ဆို့ခြင်းမှကာကွယ်ရန်အတွက် ခွဲစိတ်မှုမခံယူမီ အနည်းဆုံး ၈နာရီ အစားအသောက်ရှောင်ကြဉ်ရပါမည်။
- လက်သည်းများကို တိုတိုညှပ်ထားပြီး ခွဲစိတ်မှုအတွင်း လက်ချောင်းထိပ်များရှိ အောက်ဆီဂျင်စစ်ဆေးမှုကို အနှောင့်အယှက်မဖြစ်စေရန် လက်သည်းဆေးဆိုးခြင်းကို ရှောင်ပါ။
- အရက်နှင့် ဆေးလိပ်သောက်ခြင်းရှောင်ပါ။
- ခွဲစိတ်မည့်နေရာကို ကိုယ်တိုင်အမွှေးရိတ်ခြင်းမှ ရှောင်ကြဉ်ပါ။
- ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချရန် ခန္ဓာကိုယ်ကို သန့်ရှင်းခြင်း၊ ဆီး နှင့် မစင်စွန့်ခြင်းတို့ကို သေချာစွာ ပြုလုပ်ပါ။
- တန်ဖိုးကြီးပစ္စည်းများ၊ လက်ဝတ်ရတနာများသည် ဓါတ်လိုက်နိုင်သည့်အတွက် အသုံးမပြုပါနှင့်။
- ခွဲစိတ်မှုပြုလုပ်နစဉ် အသက်ရှုလမ်းကြောင်းအတွင်းသို့ မဝင်မိစေရန် သွားတုများ (ဖြုတ်တပ်နိုင်သော အမျိုးအစား) ကို ဖယ်ရှားပါ၊သို့မဟုတ် သွားများ ချောင်နေပါက ဝန်ထမ်းများအား အကြောင်းကြားပါ။
- ခွဲစိတ်မှုမပြုမီ သင်ရပ်တန့်သင့်သည့်ဆေးများကို ရပ်ထားနိုင်စေရန်နှင့် အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်မတည့်မှု သို့မဟုတ် နောက်ဆက်တွဲပြဿနာများကို ကာကွယ်နိုင်ရန်အတွက် ပုံမှန်သောက်နေရသောဆေးဝါးများ၊ ဗီတာမင်များနှင့် ဆေးဝါးမှတ်တမ်းကိုဆရာဝန်အား ကြိုတင်အသိပေးပါ။
- အက်စပရင် ကဲ့သို့သော သွေးကျဲဆေး (blood thinners)များနှင့် သွေးဥကြေဆေး (anti-platelet) များ သောက်သုံးနေသည့် လူနာများသည် ခွဲစိတ်မှုမပြုလုပ်မီ ၇ ရက်အလိုတွင် ရပ်တန့်ရပါမည်။ ဤဆေးများသည် ခွဲစိတ်မှုအတွင်း သွေးတိတ်ခြင်းကို နှေးကွေးစေသောကြောင့် ထိုဆေးများကို ရပ်ဆိုင်းခြင်းသည် ခွဲစိတ်မှုအတွင်း မလိုအပ်ပဲသွေးဆုံးရှုံးနိုင်ခြေကို လျော့နည်းစေပါသည်။ ဤဆေးများကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို ခွဲစိတ်မည့်သမားတော်နှင့် ဆွေးနွေးသင့်ပါသည်။ အသေးစားခွဲစိတ်မှုများအတွက် ဆေးကို ခွဲစိတ်ပြီးနောက် ၂ ရက်အတွင်း ပြန်လည်အသုံးပြုနိုင်သော်လည်း ကြီးမားသောခွဲစိတ်မှုများအတွက်တွင်မူ ခွဲပြီး ၁ ပတ်အကြာတွင် ပြန်လည်စတင်နိုင်ပါသည်။
- နှလုံးခုန်နှုန်း စစ်ဆေးခြင်း သို့မဟုတ် EKG ကိုအသုံးပြု၍ နှလုံးလုပ်ဆောင်ချက်ကို စစ်ဆေးပါ။
- နှလုံးရောဂါရှိသောလူနာများ၊ ဦးနှောက်သွေးကြောဆိုင်ရာရောဂါခံရှိသူများ၊ သို့မဟုတ် အထက်ပါရောဂါဖြစ်နိုင်ခြေရှိသူများသည် ကုသမှုနှင့်ဆက်စပ်သောနောက်ဆက်တွဲဆိုးကျိုးများကို လျှော့ချရန် ခွဲစိတ်မှုမပြုလုပ်မီ အထူးကုဆရာဝန်နှင့် အသေးစိတ်စစ်ဆေးမှုခံယူသင့်ပါသည်။
- ဆီးချိုရောဂါအတွက် ဆေးသောက်နေသော လူနာများသည် ခွဲစိတ်မည့် နံနက်ခင်းတွင် ထိုဆီးချိုဆေးကိုမသောက်သုံးသင့်ပါ။
- အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်ရန် လူနာတွင် ဆေးဝါး၊ အစားအစာ သို့မဟုတ် ဓာတ်မတည့်မှုတစ်ခုခုရှိပါက ဆရာဝန်ကိုအသိပေးပါ။
- လူနာသည် ယခင်ကခွဲစိတ်ကုသမှုခံယူဖူးပါက ဆရာဝန်အား အသေးစိတ် ခွဲစိတ်မှုမှတ်တမ်းကို ပေးအပ်သင့်ပါသည်။ ဥပမာ lymph node ဖယ်ရှားခြင်း သို့မဟုတ် ရင်သားကင်ဆာအတွက် ခွဲစိတ်ကုသမှုခံယူဖူးသောလူနာများတွင် ထိုခွဲစိတ်မှုခံယူဖူးသောဘက်ကိုရှောင်၍ ဓါတ်ဆားရည်သွင်းရပါမည်။ အကယ်၍အသုံးပြုမိပါက ထိုနေရာတဝိုက်မှ သွေးကြောများ ပေါက်သွားနိုင်သောကြောင့်ဖြစ်ပါသည်။
- ခွဲစိတ်မှုမပြုခင် သွေးစစ်ဆေးမှုပြုလုပ်ရပါမည်။ ထိုအခါမှသာသွေးတွင် မူမမှန်မှုများရှိမရှိ၊ ကိုယ်ခံအားစနစ်ချို့ယွင်းမှု သို့မဟုတ် ပုံမှန်မဟုတ်သည့်အရာများကို အကဲဖြတ်နိုင်ပါမည်။
S Spine ဆေးရုံသည် မှန်ပြောင်းဖြင့်ကျောရိုးခွဲစိတ်ကုသခြင်း (Minimally Invasive Spine Surgery-MIS SPINE) နည်းပညာကို အထူးအလေးထားပြီး ခွဲစိတ်သည့်အတွက် ခန့်မှန်းခြေအားဖြင့် ဒဏ်ရာသည် အဆ ၃၀ ခန့် ပိုမိုသေးငယ်ပြီး အန္တရာယ်ကင်းသော်လည်း ထိရောက်မှုမှာ ပုံမှန်ခွဲစိတ်မှုများနှင့် တန်းတူဖြစ်ပါသည်။ ဤနည်းလမ်းသည် လူနာသွေးဆုံးရှုံးမှုကို လျော့နည်းစေသည့်အတွက် ခွဲစိတ်မှုအပြီးသွေးသွင်းခြင်းကြောင့်ဖြစ်ပေါ်လာသော အခြားအန္တရာယ်များမှကာကွယ်ပေးပါသည်။ ICU တွင်နေရန်မလိုအပ်သည့်အတွက်လည်း လူနာ ၉၅% မှာ ဆေးရုံတွင် ၁ ညသာနေဖို့ လိုအပ်ပါသည်။ အရေးကြီးသည်မှာ S Spine & Nerve ဆေးရုံရှိ ဆရာဝန်များသည် အရည်အချင်းပြည့်မှီပြီး ခွဲစိတ်မှုတွင် အထူးလေ့ကျင့်မှုများခံယူထားသောကြောင့် လူနာများသည် ခွဲစိတ်မှုခံယူရန်အတွက် မည့်သည့်ဆရာဝန်ကိုမဆိုရွေးချယ်နိုင်ပြီး အရည်အသွေးပြည့်ဝသော ပြုစုကုသမှုကိုတသမတ်တည်းရရှိမည်ကို အာမခံပါသည်။ ကျောရိုးလူနာပေါင်း ၁၀,၀၀၀ ကျော်ကို နာကျင်မှုမှ ရာသက်ပန် ပြန်လည်ကောင်းမွန်လာရန် ကုသပေးထားသောကြောင့်၊ ဤနည်းလမ်းသည် ကျောရိုးခွဲစိတ်မှုကို ကြောက်ရွံ့ပြီး စိုးရိမ်နေသူများအတွက် သင့်လျော်ကြောင်းအတည်ပြုနိုင်ပါသည်။