” အိပ်စက်ခြင်းသည် အကောင်းဆုံးသောအနားယူခြင်းဖြစ်ပါသည်၊” သို့သော် မှားယွင်းစွာ လဲလျှောင်းအိပ်စက်မိပါက သင့်ကျောရိုးကို တိတ်တဆိတ် ထိခိုက်စေနိုင်ပါသည်။ မှားယွင်းသော အိပ်စက်သည့် အနေအထားများစွာ ရှိပြီး လူအများအပြားသည် ဤအနေအထားများဖြင့် အိပ်စက်နေကြသည်ဟု ယုံကြည်ရပါသည်။ ဥပမာအားဖြင့်၊ အလွန်အမင်းကွေး၍အိပ်ခြင်း၊ မှောက်အိပ်ခြင်း၊ ကုတင်ပေါ်တွင် ထိုင်အိပ်ခြင်းနှင့် ခန္ဓာကိုယ်အောက်၌ လက်နှစ်ဖက်ကိုဖိ၍ အိပ်ခြင်းများဖြစ်ပါသည်။ ထိုသို့အိပ်စက်သော အနေအထားများသည် ခါးနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။
တစ်ရက် ၈ နာရီကြာအိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဆိုသောအယူအဆကို လူတော်တော်များများ သိရှိကြပြီးဖြစ်ပါလိမ့်မည်။ လူအများစုသည် မိမိတို့ဘဝ၏အချိန် ၃ပုံ ၁ပုံ အထိ အိပ်စက်လေ့ရှိပြီး ထိုသို့အိပ်စက်နေသောအချိန်များသည် ခန္ဓာကိုယ် ပြန်လည်ထူထောင်ရန်နှင့် ပြန်လည်ပြုပြင်ရန်အတွက် အရေးကြီးသောအချိန်များဖြစ်ပါသည်။ သို့သော်လည်း တစ်ရက် ၈ နာရီအိပ်စက်ခြင်းသည် လုံလောက်မှုမရှိသည်ကို သင်သိပါသလား။ မှန်ကန်သောအိပ်စက်မှုပုံစံသည်လည်း သင့်ခန္ဓာကိုယ်နှင့် ကျောရိုးကျန်းမာရေးအတွက်လည်း အလွန်အရေးကြီးပါသည်။
တစ်ရက် ၈ နာရီကြာအိပ်စက်ခြင်းသည် အကောင်းဆုံးဖြစ်သည်ဆိုသောအယူအဆကို လူတော်တော်များများ သိရှိကြပြီးဖြစ်ပါလိမ့်မည်။ လူအများစုသည် မိမိတို့ဘဝ၏အချိန် ၃ပုံ ၁ပုံ အထိ အိပ်စက်လေ့ရှိပြီး ထိုသို့အိပ်စက်နေသောအချိန်များသည် ခန္ဓာကိုယ် ပြန်လည်ထူထောင်ရန်နှင့် ပြန်လည်ပြုပြင်ရန်အတွက် အရေးကြီးသောအချိန်များဖြစ်ပါသည်။ သို့သော်လည်း တစ်ရက် ၈ နာရီအိပ်စက်ခြင်းသည် လုံလောက်မှုမရှိသည်ကို သင်သိပါသလား။ မှန်ကန်သောအိပ်စက်မှုပုံစံသည်လည်း သင့်ခန္ဓာကိုယ်နှင့် ကျောရိုးကျန်းမာရေးအတွက်လည်း အလွန်အရေးကြီးပါသည်။
သင့်လက်နှစ်ဖက်ကို သင့်ခန္ဓာကိုယ်နှင့် ကပ်ထားပြီး ဘေးစောင်းအိပ်စက်ခြင်း- ထိုသို့အိပ်ခြင်းသည် သင့်ကျောရိုးအတွက် အကောင်းဆုံးသော အိပ်စက်မှုပုံစံ အနေအထားဖြစ်ပါသည်။ ထိုသို့အိပ်စက်ခြင်းသည် သင့်ခန္ဓာကိုယ်ို ပုံမှန်ကိုယ်ဟန်အနေအထားအတိုင်းရှိနေရန် ကူညီပေးပြီး တစ်ချိန်တည်းတွင် ခါးနှင့် လည်ကုတ်နာကျင်မှုများကို သက်သာစေနိုင်ပါသည်။ ထို့အပြင် ၎င်းသည် ညအိပ်စဉ် ဟောက်တက်သူများကို သက်သာစေပါသည်။ သို့သော်လည်း အချိန်ကြာမြင့်စွာ လက်မောင်းပေါ်အိပ်ခြင်းသည် ပခုံးနှင့်လက်မောင်းများ နာကျင်မှုကိုဖြစ်စေသည့်အတွက် သင်၏အိပ်စက်သည့် အနေအထားကို ညအချိန်တွင် အခါအားလျော်စွာ ပြောင်းလဲသင့်ပါသည်။
ညာဘက်သို့စောင်း၍ ဒူးကိုကွေးပြီး အိပ်ပါ- ညာဘက်စောင်းအိပ်ခြင်းသည် ကောင်းမွန်သည့် အိပ်စက်မှုအနေအထားတစ်ခုဖြစ်ပြီး ခါးနာခြင်းကို သက်သာစေပါသည်၊ အထူးသဖြင့် ဒူးတစ်ဖက်ကို ကွေးပြီး ခေါင်းအုံးကို ပွေ့ဖက်အိပ်ခြင်း၊ သို့မဟုတ် ဒူးနှစ်ဖက်ကို ကွေးထားခြင်းသည် ခါးနာကျင်မှုကို သက်သာစေပါသည်။
မည်သို့ပင်ဆိုစေကာမူ ခေါင်းအုံးများသည် သင့်အိပ်စက်သည့် အနေအထားကို မှန်ကန်စွာရှိနေစေရန်အရေးကြီးသော အချက်တစ်ခုဖြစ်ပါသည်။ ပထမအရေးကြီသာအချက်မှာ ခေါင်းအုံးကောင်းသည် ဦးခေါင်းကိုသာအဓိကမဟုတ်ပဲ လည်ပင်းကိုပါ ပံ့ပိုးပေးသင့်သည်ဟု နားလည်ထားရန် အရေးကြီးပါသည်။ ဒါကြောင့် ဦးခေါင်းထက် လည်ပင်းကို ဦးစားပေးထောက်ပံ့ရန် ထုတ်ထားသည့်ခေါင်းအုံးကို အသုံးပြုခြင်းသည် ပို၍သင့်တော်ပါသည်။ ဦးခေါင်းကိုသာထောက်ပံ့ရန် ခေါင်းအုံးကို အသုံးပြုပါက လည်ပင်းကို အလွန်အကျွံကွေးနေစေသောကြောင့် လည်ပင်းကြွက်သားများ တင်းမာလာနိုင်ပါသည်။ ထို့အပြင် ခေါင်းအုံးအမြင့်ဖြင့် အိပ်ခြင်းသည် သင့်နောက်ကျောကို ပိုကွေးနေစေသဖြင့် ခါးနာကျင်ခြင်းကိုဖြစ်စေနိုင်ပါသည်။
ယေဘူယျအားဖြင့် ငယ်ရွယ်သူများသည် ကျောရိုး၏ကွေးညွှတ်မှုကို လျော့နည်းစေသည့် ခေါင်းအုံးအနိမ့်များကို အသုံးပြုလေ့ရှိကြသည်။ ထို့အတူ အသက်ကြီးသူများသည် ပိုမိုသက်တောင့်သက်သာအသက်ရှုမှုကိုရစေနိုင်သောကြောင့် မြင့်မားသောခေါင်းအုံးများကို နှစ်သက်ကြပါသည်။ သို့သော် ခေါင်းအုံးမြင့်မြင့်သုံးခြင်းသည် ကျောရိုးကို ပိုမိုကွေးညွှတ်နေစေနိုင်ပြီး လည်ပင်းနာခြင်း ဖြစ်နိုင်ခြေကို တိုးလာစေနိုင်ပါသည်။
သို့သော် လူတယောက်စီတွင် ခန္တာကိုယ်၏ ခံနိုင်ရည်အားမတူညီသောကြောင့် ဦးခေါင်း၏ ကွေးညွှတ်နိုင်မှုနှုမ်းလည်း ကွဲပြားမှုများရှိကြသည်။ ထို့ကြောင့် လူတစ်ဦးချင်းစီသည် မိမိတို့၏ ခန္တာကိုယ်ခံနိုင်ရည်လက္ခဏာများနှင့် ကိုက်ညီသော ခေါင်းအုံးကို အသုံးပြုရန် အရေးကြီးပါသည်။
သင့်အိပ်စက်ပုံအနေအထားကို သတိထား၍မှန်ကန်စွာအိပ်စက်သော်လည်း လည်ပင်း သို့မဟုတ် ခါးနာခြင်းကို ခံစားနေရပါက ကျောရိုးအထူးကု ဆေးရုံဖြစ်သော S Spine and Nerve ဆေးရုံတွင် အထူးကုဆရာဝန်နှင့် တိုင်ပင်ရန် အကြံပြုလိုပါသည်။ ကျွန်ုပ်တို့သည် ထိုင်းနိုင်ငံတွင် တစ်ခုတည်းသော ကျောရိုးနှင့် အာရုံကြောဆိုင်ရာ အထူးကုဆေးရုံဖြစ်ပါသည်။