+6620340808

ကျောရိုးခွဲစိတ်မှုဟာ ထင်သလောက် ကြောက်စရာမကောင်းပါ။

၂၀၁၁ နှစ်တွင် ကျမ်းမာရေးဝန်ကြီးဌာန၊ ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုဌာနမှ ထုတ်ပြန်သော အစီရင်ခံစာ အရ 2011 ခုနှစ်မှစတင်၍ ကျောရိုးယိုယွင်းမှုဖြစ်ပွါးသူ 8,763 ယောက်ရှိပြီး ကျောရိုးခွဲစိတ်မှုပေါင်း ၈၁၀ ကို ပြုလုပ်ခဲ့ရကြောင်းနှင့် နှစ်စဉ်ကျောရိုးရောဂါခံစားရသူများတိုးများလာကြောင်း အစီရင်ခံထားပါသည်။ S Spine and Nerve ဆေးရုံတွင် ၂၀၁၈ ခုနှစ်မှ စတင်ကာ လူနာပေါင်း တစ်သောင်းကျော်ကုသခဲ့ရပြီး  ကျောရိုးခွဲစိတ်မှု အကြိမ်ပေါင်း  ငါးထောင်ကျော် ပြုလုပ်ခဲ့ရပါသည်။

ကျောရိုးယိုယွင်းပျက်စီးမှုရောဂါသည် အသက် 25 နှစ်အရွယ်တွင် စတင်ဖြစ်ပွါးနိုင်ပြီး အသက်ကြီးလာသည်နှင့်အမျှ ပိုမိုဆိုးရွားလာနိုင်ပါသည်။ အများစုမှာ အသက် 35 နှင့် 50 နှစ်ကြားတွင် ဖြစ်ပွားလေ့ရှိပြီး ခါးရိုး နံပါတ် L4-L5 (lumbar vertebrae) တွင် အဖြစ်အများဆုံးဖြစ်ပါသည်။

ကျောရိုးဆိုင်ရာ ပါရဂူများ၏ပြောပြချက်အရ  ကျောရိုးရောဂါဖြစ်ရသည့် အကြောင်းရင်းမှာ ရှေးခေတ် လူသားများသည် လေးဘက်ထောက်မျိုးရိုးမှ ဆင်းသက်လာပြီး အချိန်ကြာလာသည်နှင့်အမျှ လူသားများကို ခြေ ၂ချောင်း အဖြစ် လမ်းလျောက်နိုင်အောင်  ပြောင်းလဲတိုးတက်လာ စေခဲ့ပြီး ယခင်က အလျားလိုက်ရှိသော ကျောရိုးသည် မတ်တတ်ဖြစ်လာပြီး ကျောရိုးအဆစ်ကြားများရှိ အရိုးနုတွင် ဖိအားပိုဖြစ်စေသည်။ ကားတွင်ရှိသော chock ကဲ့သို့ အရိုးနုသည် အလေးချိန်ကိုပံ့ပိုးထားရသဖြင့် ကျောရိုးမသည် ယခင်ကထက် အဆများစွာ ဖိအားပိုမိုရှိစေပါသည်။

ကျောရိုးကို အလွယ်တကူ ယိုယွင်းပျက်စီးစေတဲ့ အကြောင်းအရင်း ၂ ချက် မှာ-

  1. အရိုးများယိုယွင်းပြီး နေရောရွှေ့နေခြင်းကြောင့် (Spondylolisthesis)  အာရုံကြောများညှက်မိစေခြင်း။
  2. အရိုးများယိုယွင်းပြီး အရိုးနုပေါ်ဖိမိခြင်းကြောင့် အရိုးနုများအဆစ်မှ ကျွံထွက်ကာ အာရုံကြောများပေါ်သို့ဖိမိစေခြင်း တို့ဖြစ်ပါသည်။

หมอนรองกระดูกและกระดูกเคลื่อน

၂၀၀၉ ခုနှစ်တွင်ကောက်ယူထားသော စစ်တမ်းတစ်ခုအရ အသက် ၁၅ နှစ်မှ ၅၉ နှစ်ကြား ကျောင်းသားနှင့် အလုပ်လုပ်ကိုင်သူ ၁၀၀၀ တွင် မှားယွင်းသော ကိုယ်ဟန်အနေအထားဖြင့်နေထိုင်ခြင်းကြောင့် ခါးနာသူ ၃၀၉ ဦးရှိကြောင်း သိရပြီး ငုံ့ခြင်း မော့ခြင်း၊  အလေးလံပစ္စည်းမခြင်း၊ ခန္ဓာကိုယ်ဆန့်လိမ်ခြင်း၊ အချိန်ကြာမြင့်စွာ နေရာရွှေ့လျားခြင်းမရှိပဲ အလုပ်ထဲတွင် ထိုင်ခြင်း  စသည့် အပြုအမူများကြောင့်  အချိန်မတန်မီ ကျောရိုးယိုယွင်းခြင်းကို ပိုမို ဖြစ်စေနိုင်ပါသည်။

ထို့အပြင်ကျောရိုးကို ထိခိုက်ပျက်စီးစေသည့်တခြား အပြုအမူများလည်း ရှိပါသေးသည်။။ အသက်အရွယ်နှင့်ဆက်စပ်၍ ကျောရိုးယိုယွင်းခြင်း၊ အဆီများသောအစားအစာများစားခြင်း ၊ လေ့ကျင့်ခန်းမလုပ်ခြင်းကြောင့်  ကိုယ်အလေးချိန်ပိုတက်စေပြီး အဝလွန်ခြင်းကြောင့်  ခါးနာခြင်းကိုပိုဖြစ်စေပါသည်။ ထို့အပြင် ဆေးလိပ်သောက်သူများသည်နာတာရှည်ချောင်းဆိုးခြင်းကြောင့်  ကျောရိုးအဆစ်ပြား (intervertebral discs) များကို ထိခိုက်စေနိုင်ပြီး ခါးကြောညှက်သည့် ပြဿနာများလည်း ဖြစ်စေနိုင်ပါသည်။

လူနာမှာ လည်ပင်းတစ်ဝိုက်တွင်နာခြင်း၊ ကျောတွင် နာကျင်ကိုက်ခဲ ခြင်း သို့မဟုတ် ခါးမှ ခြေထောက်အောက်ထိ နာကျင်ခြင်းမှုကူးဆက်လာခြင်း ၊ လက်မောင်းအောက်သို့ ထုံကျင်လာခြင်း ၊ ထုံကျင်ပြီး အားနည်းစေခြင်း တစ်ချိုးလည်း migraine ကဲ့သို့ ခေါင်းတစ်ခြမ်းကိုက်ခြင်းစသည့်လက္ခဏာများ စတင်ဖြစ်ပေါ် လာခဲ့လျှင် ဤလက္ခဏာများသည် ခါးကြောညှက် ခြင်း၏သတိပေး လက္ခဏာဖြစ်နိုင်ပြီး ခွဲစိတ်ကုသမှု မခံယူခင် ပထမဦးစွာ ကုသမှုကို အောက်ပါအတိုင်းအရင် လုပ်ဆောင်ရပါမည်။

  1. ဆေးသောက်ခြင်း၊ ခန္တာကိုယ်ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်း ကို ၁ ပတ်လျှင် ၆ ကြိမ် ပြုလုပ်ခဲ့သော်လည်း သက်သာမှုမရှိခြင်း သို့မဟုတ် နေ့စဉ်ပုံမှုန်လုပ်နေသောလုပ်ငန်းများ ပြန်လည်မပြုလုပ်နိုင်တော့ခြင်း။
  2. နာကျင်မှု လက္ခဏာကို မခံနိုင်အောင် ခံစားရခြင်း ။
  3. ကြွက်သားများ အားနည်းပျော့ပျောင်းခြင်းဖြစ်ပြီး အရာဝတ္ထုများမ မနိုင်ခြင်း နှင့် ခန္တာကိုယ်ပုံမှန်အတိုင်းပြန်မဖြစ်နေခြင်း သို့မဟုတ် လမ်းမလျောက်နိုင်ခြင်း။ 
  4. ဝမ်းသွားခြင်းကို ထိန်းချုပ်နိုင်မှု မရှိခြင်း။

ကျောရိုးခွဲစိတ်မှုနည်းပညာ ဘယ်နှစ်မျိုး ရှိပါသနည်း။
မှန်ပြောင်းဖြင့်ခွဲစိတ်သည်ခြင်းတူသော်လည်း အသုံးပြုသည့် မှန်ပြောင်းအမျိုးစားကွဲပြားခြင်း
ကျောရိုးအဆစ်ပြား (intervertebral disc) ကို မှန်ပြောင်းဖြင့်ခွဲစိတ်မှု  (endoscopic) ဖြင့် အာရုံကြောညှက်ရောဂါကို ကုသမှုပြုလုပ်ခြင်း

အခုခေတ်တွင် ကျောရိုးခွဲစိတ်မှုသည် ကြောက်စရာမကောင်းတော့ပါ။  ခေတ်မီ ကုသမှုနည်းစနစ်များဖြင့် ကျောရိုးခွဲစိတ်မှုကို မျက်လုံးကဲ့သို့ ကင်မရာ၏အဆုံးတွင် တပ်ဆင်ထားသော (endoscopic decompression) မှန်ဘီလူးပါသော ကိရိယာကို အသုံးပြုထားပြီး ပုံမှန်မဟုတ်သော အစိတ်အပိုင်းကို ရှင်းရှင်းလင်းလင်းနှင့် တိကျစွာမြင်နိုင်စေရန် ဆရာဝန်အား ပြဿနာဖြစ်ပေါ်စေသည့် နေရာအစိတ်အပိုင်းကိုသာ ဖြတ်တောက်ရန် ရွေးချယ်နိုင်စေခြင်း၊  ကောင်းသောကြွက်သားများ မထိခိုက်စေရန် ပြုလုပ်နိုင်ခြင်း၊ ခွဲစိတ်ဒဏ်ရာကို လည်းသေးငယ်စေပြီး  လျင်မြန်စွာ သက်သာပျောက်ကင်းစေပါသည်။MIS-Spine သည် တစ်ရက်အတွင်း ပုံမှန်ဘဝသို့ ပြန်လည်ရောက်ရှိနိုင်သောကြောင့် လူနာအတွက်ကုသမှု ပြုလုပ်ရန်ပိုမိုလွယ်ကူစေပါသည်။ အထူးကုဆရာဝန်များသည် ဒဏ်ရာများကို ဓာတ်မှန်၊ MRI စက်များဖြင်းရိုက်သော ရလဒ်များဖြင့် တိကျစွာနှင့်  ဘေးကင်းစွာ ကုသနိုင်ရန် စီစဉ်ပေးသောကြောင့် ဤကုသမှုနည်းလမ်းသည် ယခင်နေထိုင်မှုပုံစံသို့ ပြန်သွားလိုသော လူနာများအတွက်ပိုမို ရေပန်းစားလာပြီး ၎င်းတို့၏ မိသားစုများ၊ ချစ်ရသူများနှင့် ပြန်လည်နေထိုင်ခြင်း သို့မဟုတ် ၎င်းတို့ နှစ်သက်သည့်အရာကို လုပ်ဆောင်နိုင်ခြင်းတို့ကြောင့် ဝေဒနာရှင် နှင့် နီးစပ်သူများ အတွက်လည်း ဝန်ထုပ်ဝန်ပိုး မဖြစ်စေတော့ပါ။

ရည်ညွှန်းချက်:

  1. ဆေးပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန ၊ရောဂါစာရင်းအင်းအစီရင်ခံစာ 2011။ ဘန်ကောက်-နည်းပညာစင်တာ။ သတင်းအချက်အလက်နှင့်ဆက်သွယ်ရေးဆေးပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၊ ၂၀၁၁။
  2. မူဝါဒနှင့် ဗျူဟာရုံး ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ရုံး၊ ဖျားနာမှုအစီရင်ခံစာအကျဉ်းချုပ် 2012။ ပုံနှိပ်ရေးရာရုံး။ ဘုရင်မင်းမြတ်၏ တော်ဝင် နာယက လက်အောက်ရှိ စစ်မှုထမ်းဟောင်းများ စောင့်ရှောက်ရေး အဖွဲ့၊ ၂၀၁၃။

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital