+6620340808

ခါးနာရသည့် အကြောင်းရင်းကို မတ်တတ်ရပ် MRI စက်ဖြင့် ရောဂါရှာဖွေခြင်း

MRI แบบยืน (Standing MRI)

သံလိုက်ဓါတ်မှန်  (သို့မဟုတ်) MRI ( magnetic resonance imaging) ဖြင့်ခါးနာရခြင်း အကြောင်းရင်း ရှာဖွေခြင်းသည် ဆေးဘက်ဆိုင်ရာပုံရိပ်များကိုဖန်တီးပေးသည့် အထူးနည်းပညာတစ်ခုဖြစ်ပြီး ရောဂါ အမျိုးမျိုး၏ အကြောင်းရင်းတွေကို ပါ ရှာဖွေဖော်ထုတ်ရန်ကူညီပေးနိုင်ပါသည်။

2018 ခုနှစ်တွင် ကမ္ဘာတစ်ဝှမ်းရှိ MRI စက်များအသုံးပြုမှုစစ်တမ်းတစ်ခုအရ MRI စက်သည် ခန္ဓာကိုယ်တွင်း မူမမှန်မှုများအတွက်  မြင့်မားသောကြည်လင်ပြတ်သားမှုနှင့် 3D ရုပ်ထွက်ကြည်လင်ပြတ်သားမှုကို ပေးစွမ်းသောကြောင့် ကျောရိုးရောဂါအတွက် ပထမဦးစားပေးပြီး  ဦးနှောက်တွင်ဒုတိယဦးစားပေးဖြစ်ကြောင်းတွေ့ရှိရပါသည်။  ပို၍အရေးကြီးသည့်အချက်မှာ ဤစစ်ဆေးမှုအမျိုးအစားသည် ခန္ဓာကိုယ်အတွက် မည်သည့်နာကျင်မှုမျှမဖြစ်စေဘဲ ဓာတ်ရောင်ခြည်အန္တရာယ်လည်း မရှိပါ။

MRI စက်အသုံးပြုရာတွင်  ပြင်းထန်သော သံလိုက်စက်ကွင်း လိုအပ်သောကြောင့်  အန္တရာယ်ကင်းစွာ အသုံးပြုနိုင်ရန် နည်းပညာဆိုင်ရာကန့်သတ်ချက်များနှင့်အတူ MRI စက်ဒီဇိုင်းသည် စကင်ဖတ်သည့်နေရာတွင် သေးငယ်ကျဉ်းမြောင်း သောကြောင့်လူနာအတွက်မသက်မသာဖြစ်လာနိုင်ပြီး claustrophobia ခေါ် ကျဉ်းကျပ်သောနေရာ ကြောက်ရွံခြင်း အခြေအနေဖြစ်လာနိုင်သည်။ အချို့သော အခြေအနေများတွင် လဲလျောင်းနေသော အနေအထားကို စစ်ဆေးခြင်းဖြင့် ပုံမှန်မဟုတ်သော ဒဏ်ရာများကို တွေ့ရှိမည်မဟုတ်ပါ။

အထက်ဖော်ပြပါ အကြောင်းရင်းများကြောင့် မတ်တပ်ရပ်ခြင်း သို့မဟုတ် ထိုင်ပြီးစစ်ဆေးနိုင်သည့် သံလိုက်စက်ကွင်းအသစ် (Weight Bearing MRI) ကို  ဒေါင်လိုက် ကိုယ်အလေးချိန် ဖိအားရှိနိုင်စေရန်အတွက်  မတ်တပ်ရပ်ထားသကဲ့သို့ အမှန်တကယ် ခါးနာစေမည့်အကြောင်းရင်းကိုစစ်ဆေးရန် သံလိုက်စက်ကွင်းအသစ်ကို တီထွင်ခဲ့ကြပြီး ဆရာဝန်သည် လူနာ၏ အခြေအနေမှန်နာကျင်မှုနဲ့ ပိုနီးစပ်သည့် စစ်ဆေးမှု ဓါတ်ပုံကို မြင်နိုင်ပါတယ်။ ထို့အပြင် ကျဉ်းကျပ်မှုကို ကြောက်ရွံခြင်း ရှိသူများကိုလည်း စစ်ဆေးနိုင်ပါသည်။

ဒေါင်လိုက်သံလိုက်ဓါတ်မှန်ကို ဖွံ့ဖြိုးတိုးတက်အောင် သံလိုက်စက်ကွင်းကို သေးငယ်စေသော ဒီဇိုင်းတီထွင်ခဲ့ပြီး ၎င်းဒေါင်လိုက်နှင့် အလျားလိုက် နှစ်ခုလုံးကို   လဲလျောင်းခြင်း မတ်တပ်ရပ်ခြင်း ရုပ်ပုံများဖန်တီးနိုင်ရန် စက်၏ပုံသဏ္ဍာန် ဥမင်လိုဏ်ခေါင်း MRI စက်နှင့်မတူဘဲ နှစ်ဖက်စလုံးတွင် ပွင့်နေသောကြောင့် ကျဉ်းကျပ်မှုကိုကြောက်သော လူနာများစိတ်ပူစရာမလိုဘဲ စစ်ဆေးမှုခံယူနိုင်စေရန် ကူညီပေးပါသည်။

MRI แบบยืน 
Standing MRI
Standing MRI
  • နာကျင်မှု လက္ခဏာမများခင် အစောပိုင်းအဆင့် ခါးနာခြင်း။
  • ထိုင်နေစဉ် သို့မဟုတ် မတ်တပ်ရပ်ပြီးအလုပ်လုပ်စဉ် နောက်ကျော သို့မဟုတ် လည်ပင်းတွင် နာကျင်ခြင်း။
  • ပြင်းထန်စွာခါးနာသော်လည်း မတ်တပ်ရပ်ပြီး စစ်ဆေးမှုပြုလုပ်နိုင်သေးသောလူနာဖြစ်ရပါမည် အဘယ်ကြောင့်ဆိုသော် ၎င်းသည် မူမမှန်မှုကို ပိုမိုထင်ရှားစေပါသည်။
  • ကျဉ်းကျပ်မှု ကြောက်သောလူနာအတွက်အသုံးပြုခြင်း။

  • စက်၏ပုံသဏ္ဍာန်သည် ပုံမှန် MRI စက်ကဲ့သို့ ဥမင်လိုဏ်ခေါင်း  နှင့်မတူသည့် နှစ်ဖက်စလုံးတွင် ပွင့်နေသောပုံသဏ္ဍာန်ရှိခြင်း။
  • ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်း၊ လဲလျောင်းခြင်း သို့မဟုတ် တစ်ပိုင်းထိုင်၊ တစ်ပိုင်းမတ်တပ်ရပ်ခြင်းပုံစံဖြင့် လိုအပ်သလို ချိန်ညှိနိုင်ခြင်း။
  • အရိုးလှုပ်ရှားမှုကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်စေရန်ခါးကိုင်းခြင်း သို့မဟုတ် နောက်သို့ ကွေးခြင်း ပြုလုပ်နိုင်သည်။
  • စစ်ဆေးသည့်ကြာချိန်  တိုတောင်းခြင်း။
  • အာရုံကြော ညှက်ခြင်း အရိုးနု ယိုယွင်းခြင်း ကို ပိုမို ထင်ရှားစွာ မြင်နိုင်ခြင်း။
  • အရေးကြီးသောကျောရိုးအကြောင်း အသေးစိတ်  3D ပုံများအဖြစ် ရိုက်ယူနိုင်ပြီး မတူညီသော အကွာအဝေးများကို တိုင်းတာနိုင်စေခြင်း။

การแสดงผลเปรียบเทียบ mriแบบท่dายืนกับแบบท่านอน 3

ယခုလက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ MRI စက်များ၏ 90% ခန့်သည် ဥမင်လိုဏ်ခေါင်းအမျိုးအစားဖြစ်ပြီး ၎င်းနှင့်ကွဲပြားသည့် ဒေါင်လိုက် မတ်တပ်ရပ်စစ်ဆေးရတော့  MRI စက်အနည်းစုသာရှိ ပါသည် ထို့ကြောင့် ကျောရိုးအထူးကုဆေးရုံဖြစ်သည့် S Spine and Nerve ဆေးရုံ တွင် မတ်တပ်ရပ် MRI စက်၏ အကျိုးကျေးဇူးတွေကို တွေ့မြင်ရသည့်အတွက် ကျောရိုးပြဿနာရှိသည့် လူနာများကို စစ်ဆေး၍ ရောဂါရှာဖွေမှုရလဒ်များတိကျစွာရရှိနိုင်စေရန်   ထိုင်းနိုင်ငံတွင်တစ်ခုတည်း သော ဤစက်ကို အသုံးပြုထားသည့်ဆေးရုံသာဖြစ်ပါသည်။ အရင်းခံပြဿနာများကို ဖြေရှင်းပေးပြီး ကျဉ်းကျပ်မှု ကိုကြောက်တက်သော လူနာများအတွက် သင့်လျော်စေပါသည်။


ဒေါင်လိုက်မတ်တပ်ရပ် MRI စက်ဖြင့် ရောဂါ အရင်းမြစ်ကို ရှာဖွေပေးနိုင်သည့်အပြင်၊ ကျောရိုးအထူးကုဆရာဝန်ထံမှ တိကျသောရောဂါရှာဖွေတွေ့ရှိခြင်းသည် သင့်အား အကောင်းဆုံးရလဒ်များ ရရှိစေရန် နှင့် ရေရှည်တည်တံ့ခိုင်မြဲစွာ ပျောက်ကင်းရန် ကူညီပေးပါသည်။ 

ရည်ညွှန်းချက်:

“Magnetic Resonance, a critical peer-reviewed introduction”. European Magnetic Resonance Forum. Retrieved October 2018.

အချက်အလက်တောင်းပါ။

လည်ပင်းနာ
ခါးနာ
MRI

รพ. เอส ไปน์

เราเฉพาะทางด้านกระดูกสันหลัง

ปวดหลัง ปวดคอไม่หาย
ปรึกษาเราเลย!

020340808Line ID @s-spinehospital