ပြင်းပြင်းထန်ထန် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းသည် ကျောရိုးအဆစ်ပြားများကို ပျက်စီးစေနိုင်သည် ကိုသင်သိပါသလား။

ချောင်းဆိုးခြင်းနှင့် နှာချေခြင်းများသည် အသက်ရှူလမ်းကြောင်းစနစ်အတွင်းတွင် ခန္တာကိုယ်၌ မရှိသင့်သော ဝတ္ထုများနှင့် ရောဂါပိုးမွှားအမျိုးမျိုးမှ ကာကွယ်ပေးရန် အရေးကြီးသော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ခန္ဓာကိုယ်သည် နှာခေါင်းနှင့် ပါးစပ်အတွင်း ယားယံမှုကို ဖြစ်စေနိုင်သော အဆိပ်အတောက်များကို သဘာဝအတိုင်း ဖယ်ထုတ်ခြင်း သို့မဟုတ် ဖယ်ရှားပေးပါသည်။ ယင်းသည် ဖုန်မှုန့်၊ မီးခိုးငွေ့ သို့မဟုတ် ခန္တာကိုယ်နှင့် ဓာတ်မတည့်သည့်အရာ အမျိုးမျိုး ကဲ့သို့သော ပြင်ပအရာများ ဝင်ရောက်ခြင်းကြောင့် နှာခေါင်းပေါက်အတွင်း ယားယံစေပြီး ယင်းသည် နှာချေခြင်းကိုဖြစ်စေပါသည်။ ပုံမှန်အားဖြင့် နှာချေချိန်တွင် ရင်ဘတ်ကြွက်သားများနှင့် ရင်ခေါင်းသည် ရုတ်တရတ် ကျုံ့သွားကာ မိမိကိုယ်ကို ထိန်းရန် အချိန်မရနိုင်ပါ။

ချောင်းဆိုးခြင်းနှင့် နှာချေခြင်းသည် နေ့စဉ်ဖြစ်နေကြ အသေးအဖွဲများဟု ထင်ရသော်လည်း ပြင်းထန်စွာ ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်းသည် ကျောရိုးအောက်ပိုင်း ရှိအဆစ်ပြားများ (intervertebral discs) များ ပေါက်ပြဲပျက်စီးနိုင်ချေရှိသည်ကို လူအများ သတိမပြုမိကြပါ။ အဘယ်ကြောင့်ဆိုသော် intervertebral disc များပျက်စီးခြင်းသည် ပုံမှန် အချိန်ကြာရှည်ထိုင်ခြင်း၊ မမှန်ကန်သောပုံစံဖြင့် အလေးမခြင်း နှင့် မတော်တဆဖြစ်ပွါးမှုများကြောင့်သာမကပဲ၊ ပြင်းထန်စွာ ချောင်းဆိုးခြင်းနှင့် နှာချေခြင်းတို့သည်လည်း ကျောရိုးအောက်ပိုင်းရှိ အဆစ်ပြားများ (intervertebral disc) ကိုပေါက်ပြဲစေနိုင်ပါသည်။ အထူးသဖြင့် ကျောရိုးအဆစ်များ ယိုယွင်းခြင်းရှိနှင့်နေပြီးသော သူများတွင် ထိုအဆစ်ပြားများသည် အာရုံကြောများကို ဖိမိခြင်းကို ကြုံတွေ့ရနိုင်သည်။ ၎င်းသည် ခြေထောက်အောက်ပိုင်း နာကျင်ခြင်းနှင့်အတူ ထုံကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။

ချောင်းဆိုးခြင်း သို့မဟုတ် နှာချေခြင်း သည် ညင်သာစွာပြုလုပ်သည်ဖြစ်စေ မပြုလုပ်သည်ဖြစ်စေ ထိုအရှိန်သည် တစ်နာရီလျှင် ကီလိုမီတာ ၃၀ ဝန်းကျင် မှ ပြင်းပြင်းထန်ထန် နှာချေသည့်အခါ တစ်နာရီလျှင် ကီလိုမီတာ ၁၅၀ အထိ အရှိန်နှုန်းမြှင့်နိုင်ပါသည်။ ထို့ကြောင့် ပြင်းပြင်းထန်ထန် ချောင်းဆိုးခြင်း သို့မဟုတ် နှာချေသည့်အခါ သင့်ခန္ဓာကိုယ်ကို ဝန်းရံထားသော ကြွက်သားများ ပြင်းထန်စွာ ကျုံ့သွားခြင်းကြောင့် ရင်ဘတ်နှင့် ဝမ်းဗိုက်အတွင်း ဖိအားများ ဖြစ်ပေါ်စေပါသည်။ ထိုအခါ ခန္တာကိုယ်၏ ရုတ်တရက်လှုပ်ရှားမှုများကို စုပ်ယူရန်တာဝန်ရှိသော ကျောရိုးအဆစ်ပြားများ (intervertebral discs) ပေါ်တွင် ရုတ်တရက် ဖိအားသက်ရောက်မှုပိုမိုပြင်းထန်စေပါသည်။ ထိုကဲ့သို့သော ဆိုးကျိုးများ သင်၏ကျောရိုးပေါ် သက်ရောက်မှုကို ရှောင်ရှားရန် အတွက် သင်၏ဝမ်းဗိုက်ကြွက်သားများကို အားကောင်းနေစေရန် လိုအပ်ပါသည်။ ထိုအခါ သင့်ဝမ်းဗိုက်ကြွက်သားများသည် သင့်ခန္တာကိုယ်အလေးချိန်ကို ပိုမိုသယ်ဆောင်နိုင်သည့်အတွက် ကျောရိုး၏ အလေးချိန်ထမ်းသောဝန်အချို့ကို သယ်ဆောင်ရန် ကူညီပေးပါသည်။ ထိုအခါသင်၏ကျောရိုးပေါ်သို့ ခန္တာကိုယ်ဖိအားသက်ရောက်မှုကို လျှော့ချကာ ကျောရိုးအဆစ်ပြားများ ပေါက်ပြဲခြင်း နှင့် ပျက်ဆီးခြင်းများဖြစ်နိုင်ခြေကို လျှော့နဲစေပါသည်။

ချောင်းဆိုး၊ နှာချေပြီးနောက် ခါးနာပါက လိုက်နာရမည့်အချက်များ-

  1. ရောဂါ လက္ခဏာ မပြင်းထန်ပါက ဆရာဝန်သည် အကိုက်အခဲပျောက်ဆေးကိုသာအသုံးပြုရန် ညွှန်ကြားပါလိမ့်မည်။
  2. နာကျင် ကိုက်ခဲခြင်းနှင့် ရောင်ရမ်းမှုများရှိပါက ဆရာဝန်သည် ခန္တာကိုယ်သန်စွမ်းရေး လေ့ကျင့်ခန်းနှင့် နေမှုထိုင်မှုပုံစံပြောင်းလဲခြင်းများကို အကြံပေးနိုင်ပါသည်။
  3. အကိုက်အခဲပျောက်ဆေး နှင့် ခန္တာကိုယ်သန်စွမ်းရေး လေ့ကျင့်ခန်း များဖြင့်မသက်သာပါက၊ နာကျင်မှုကိုသက်သာစေရန် အာရုံကြောအတွင်း ဆေးထိုး ကုသခြင်းဖြစ်ပါသည်။ ထိုနည်းသည် ခါးနာကျင်ခြင်းကို လျှော့ချရန် ကုသမှုနည်းလမ်းတခုဖြစ်ပါသည်။
  4. ၄-၆ ပတ်အတွင်း ရောဂါအခြေအနေတိုးတက်မှုမရှိပဲ နာကျင်မှုသည် ခြေထောက်သို့ပြန့်နှံလာပါက၊ ဆရာဝန်သည် X-rays နှင့် MRI ရိုက်ပြီး သင့်ရောဂါအခြေအနေကို စမ်းစစ်ပါလိမ့်မည်။ ကျောရိုးအဆစ်ပြားမှ အာရုံကြောကို ဖိမိသည်ဟု ဆုံးဖြတ်ပါက၊ ဆရာဝန်သည် ခွဲစိတ်ကုသမှုဖြင့် ကုသရန်စဉ်းစားနိုင်ပါသည်။ လက်ရှိတွင် အကောင်းဆုံး ကုသမှုနည်းလမ်းသည် PSLD (Percutaneous Stenoscopic Lumbar Decompression) နည်းပညာခေါ် မှန်ပြောင့်ဖြင့် (endoscopic) ခါးတွင်အပေါက်ဖေါက်ကာ ကုသခြင်းဖြစ်သည်။

သင်သည် ခါးနာကျင်ခြင်းကို ရေရှည်ခံစားနေရပြီး မသက်သာပါက၊ ကျောရိုးရောဂါကုသမှုအတွက် အထူးပြုဆေးရုံဖြစ်သော S Spine and Nerve ဆေးရုံတွင် သင့်နာကျင်မှု၏ အရင်းခံအကြောင်းရင်းများကို စုံစမ်းစစ်ဆေး ကုသရန် သီးသန့်ဆေးဘက်ဆိုင်ရာအဖွဲ့သည် အမြဲအဆင်သင့်ရှိနေပါကြောင်းတင်ပြအပ်ပါသည်။

အချက်အလက်များတင်ပြသူ-
Matee Phakawech, M.D.
ကျောရိုးအထူးကု

Share This Story