TLIF (Transforaminal Lumbar Interbody Fusion) နည်းပညာသည် လူနာ၏ ကျောရိုးလှုပ်ရှားမှုကို ကာကွယ်ရန် ချိတ်ဆက်ပေးခြင်း နှင့် ပျက်စီးသွားသော ကျောရိုးအဆစ်ခံပြားများကို အစားထိုးရန် ကျောရိုးကုသမှု တစ်ခုဖြစ်ပါသည်။ ခွဲစိတ်မှုမတိုးတက်ခင်အချိန်က ထိုကဲ့သို့သောကုသမှုကို ကျောရိုးအား ခွဲစိတ်မှုအကြီးစား ဖြင့်ကုသမှုပြုလုပ်ရပါသည်။ သို့သော် နောက်ပိုင်းတိုးတက်လာသောအခါ MIS TLIF ခေါ်သော မှန်ပြောင့်ဖြင့်ခွဲစိတ်ခြင်းတွင် အစားထိုး အဆစ်ခံပြားအတုကို မတပ်ဆင်မီ ပြွန်တစ်ခုထည့်သွင်းရန် ကြွက်သားတစ်သျှူးအချို့ကို ခွဲစိတ်ရပါသည်။ မကြာသေးမီကထွက်ပေါ်လာသော Full Endo TLIF (Full Endoscopic TLIF) ဟုခေါ်သော နည်းပညာသစ်သည် အာရုံကြောဖိသိပ်မှုပါဝင်သော ကျောရိုးအဆစ်လွဲခြင်းကို ကုသရန်အတွက် တီထွင်ခဲ့ပါသည်။ ဤနည်းပညာသည် အဆစ်ခံပြားအတုကို ထည့်သွင်းရန် endoscope ကိုအသုံးပြုသည့်အတွက် ကြွက်သား အနည်းငယ်ကိုသာ ထိခိုက်စေသည့်အတွက်၊ သမားရိုးကျနည်းလမ်းများနှင့် နှိုင်းယှဉ်ပါက ပိုမို အန္တရာယ်ကင်းခြင်း၊ ခွဲစိတ်မှုဒဏ်ရာအရွယ်အစားပိုမိုသေးငယ်ခြင်း နှင့် ပိုမိုကောင်းမွန်သော ရလဒ်များကို ရရှိစေမည်ဖြစ်ပါသည်။”- ကျောရိုးအထူးကု သမားတော် Dr. Methee Phakkawet ။

“ကျောရိုးအဆစ်ချော်ခြင်း” ဟုသိကြသော Spondylolisthesis သည် ကျောရိုး အဆစ်တစ်ခုသည် ၎င်း၏ပုံမှန်အနေအထားမှ ရှေ့သို့ရွေ့သွားခြင်းဖြစ်ပါသည်။ ကျောရိုးအဆစ်များသည် ရွေ့ရှားနိုင်သော်လည်း ဤအခြေအနေသည် အထူးသဖြင့် ခါးပိုင်း L4-L5 အဆင့်၌ ဖြစ်ပွါးလေ့ရှိပြီး၊ အသက် 50 နှင့်အထက် အမျိုးသမီးများတွင် ပိုအဖြစ်များပါသည်။ အဘယ်ကြောင့်ဆိုသော် အမျိုးသမီးများသည် ယေဘူယျအားဖြင့် အမျိုးသားများထက် ကြွက်သားအားနည်းပြီး အရွတ်များ ကြံ့ခိုင်မှုနည်းသောကြောင့် ဖြစ်ပါသည်။ အမေရိကန်ပြည်ထောင်စုရှိ National Institute of Health မှပြုလုပ်သော သုတေသနမှတ်တန်းတွင် Endoscopic TLIF နှင့် MIS TLIF ၏ ကုသမှုနည်းလမ်းများအကြား နှိုင်းယှဉ်အချက်အလက်များကို ဖေါ်ပြထားပါသည်။ Endoscopic TLIF ဖြင့် ကုသသော လူနာများသည် ခြောက်လတာကာလအတွင်း ပိုမိုကောင်းမွန်စွာ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရှိရပါသည်။ ၎င်းသည် S-Spine and Nerve ဆေးရုံရှိ Full Endo TLIF နည်းစနစ်ကို အသုံးပြု၍ spondylolisthesis ကြောင့် အာရုံကြောဖိခြင်းအတွက် ကုသမှုကို ခံယူသော လူနာများမှ ဒေတာများနှင့် ကိုက်ညီပြီး၊ ဤနည်းပညာကို 2023 ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့သည်။ လေးလအတွင်း လူနာ 20 ကျော်ကို ကုသပေးခဲ့ပြီး ဤကုသမှုတစ်ခုစီတိုင်းမှလဲ ကျေနပ်အားရဖွယ်ရလဒ်များ ထွက်ပေါ်လာပါသည်။

TLIF နည်းပညာ ဖြင့် ကျောရိုးအဆစ်လွဲခြင်း ကြောင့် အာရုံကြောဖိမိနေမှုကို ကုသခြင်း။

လက်ရှိတွင်၊ ကျောရိုးအဆစ်လွဲခြင်းကို ကုသရန် နည်းလမ်းအမျိုးမျိုးရှိပြီး S-Spine and Nerve ဆေးရုံသည် လူနာ၏ကြွက်သားများကို အနည်းဆုံးထိခိုက်စေမည့် နည်းလမ်းအသစ်ကို မိတ်ဆက်ပေးနိုင်ခဲ့ပါသည်။ ၎င်းကို Full Endo TLIF (Full Endoscopic TLIF) နည်းပညာဟုခေါ်ပြီး ၎င်းသည် ကြီးမားသောခွဲစိတ်မှုအစား ကြွက်သားတစ်သျှူးများကို ဖြတ်ရန်မလိုအပ်ဘဲ အနဲငယ်သာ ထိခိုက်မှုရှိသော endoscope ကို ထည့်သွင်းရသည့် ကုသမှုဖြစ်ပါသည်။ ခွဲစိတ်ဆရာဝန်သည် အာရုံကြောများကို ဖိသိပ်မှုကိုဖြစ်ပေါ်စေသော ကျောရိုးရှိ အဓိက ပြဿနာဖြစ်နိုင်သည့် အစိတ်အပိုင်းများဖြစ်သည့် အဆစ်ခံပြား၊ အာရုံကြော သို့မဟုတ် ကျောရိုးအဆစ် တခုခုကို ဖယ်ရှားလိမ့်မည်ဖြစ်ပါသည်။ ထို့နောက်တွင်၊ PEEK (Polyether Ether Ketone) ဖြင့်ပြုလုပ်ထားသော ကျောရိုးအဆစ်ခံပြားအတုကို endoscope မှတဆင့် ထည့်သွင်းပြီး ကျောရိုးအဆစ်ပြာများနှင့် ချိတ်ဆက်ရန် percutaneous ဝက်အူ များကိုအသုံးပြုပါလိမ့်မည်။ ဤနည်းပညာသည် ကျောရိုးတည်ဆောက်ပုံကို အနည်းငယ်သာနှောင့်ယှက်မှုရှိပြီး ခွဲစိတ်ကုသမှုခံယူပြီးနောက် လူနာများ၏ ခံစားရသော နာကျင်မှုသည် ပုံမှန်ခွဲစိတ်ကုသမှုများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့နဲသွားပါသည်။

Endoscopic TLIF နှင့် ပတ်သက်၍ ကုသမှုနည်းလမ်း နှစ်မျိုးရှိပါသည်။ ပထမနည်းလမ်းမှာ ထိုင်းနိုင်ငံရှိ ဆေးရုံအများစုတွင် အသုံးများသော Endoscopic assist TLIF ဟုခေါ်သော အပေါက်နှစ်ပေါက်ဖေါက်၍ ကုသရသော နည်းဖြစ်ပါသည်။ endoscope ကိုအသုံးပြုသော်လည်း၊ ခွဲစိတ်ကိရိယာများကို ထည့်သွင်းနိုင်ရန် ခန္ဓာကိုယ် နှစ်ဖက်စလုံး ကြွက်သားတစ်ရှူးအလွှာအသီးသီးကိုဖြတ်သန်း၍ အပေါက် ဖေါက်ရသောကြောင့် ပုံမှန်ခွဲစိတ်ခြင်းနှင့် ဆင်တူပါသည်။

ကုသမှုအတွက် လိုအပ်သော ထောင့် သို့မဟုတ် အနေအထားကို ရှာဖွေရန် ကင်မရာနှင့် ခွဲစိတ်ကိရိယာများကို ထိန်းရသောအခါတွင် ကြွက်သားနှင့် အာရုံကြောတစ်ရှူးများ ထိခိုက်ဒဏ်ရာရမှု ပိုဖြစ်စေနိုင်ပါသည်။ ထို့အပြင်၊ ကင်မရာနှင့် ခွဲစိတ်ကိရိယာများသည် တစ်နေရာတည်းတွင် မတည်ရှိသောကြောင့် ခွဲစိတ်ကိရိယာများကို အသုံးပြုသည့်အခါ အမှားအယွင်းဖြစ်နိုင်ခြေ များပါသည်။ ဤကုသမှုနည်းသည် ခန့်မှန်းခြေ အချိန် နှစ်နာရီခွဲခန့် ကြာသည်။

ဒုတိယနည်းလမ်းမှာ အပေါက်တစ်ပေါက်တည်းသုံးသော နည်းပညာ Full Endo TLIF (Full Endoscopic TLIF) ဖြစ်ပါသည်။ ဤနည်းလမ်းတွင် ခွဲစိတ်ကိရိယာများထည့်သွင်းရန်အတွက် ပြွန်တစ်ခုပါရှိသော အထူးကင်မရာကို ကုသမှုအတွက် အသုံးပြုပါသည်။ ၎င်းတွင် ကျောရိုးကြားရှိ ပြဿနာရှိသော အဆစ်ခံပြားကို ဖယ်ရှားခြင်းနှင့် ၎င်းကို အဆစ်ခံပြားအတုဖြင့် အစားထိုးနိုင်ခြင်းတို့ ပါဝင်သည်။ ခွဲစိတ်ကိရိယာများသည် ကြွက်သားများကို တိုက်ရိုက်မထိခိုက်စေဘဲ two-hole technique နှင့် နှိုင်းယှဉ်ပါက ခွဲစိတ်ဒဏ်ရာသက်သာပါသည်။ ခွဲစိတ်ဆရာဝန်သည် ဤကုသနည်းအတွင်း ခွဲစိတ်ကိရိယာများကို အဆက်မပြတ်မြင်နေရပြီး ကုသမှုအချိန်သည် ခန့်မှန်းခြေအားဖြင့် နှစ်နာရီခန့်ဖြစ်သည်။ ကုသမှုပြီးနောက် လူနာများသည် လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာကာ ခွဲစိတ်မှုမှာ သေးငယ်သည့်အတွက် တစ်ပတ်အတွင်း သက်တောင့်သက်သာ လမ်းလျှောက်နိုင်မည်ဖြစ်သည်။ ဤ Full Endo TLIF နည်းပညာကို ထိုင်းနိုင်ငံတွင် S-Spine and Nerve ဆေးရုံ တွင်သာရရှိနိုင်သည်ကို သတိပြုသင့်ပါသည်။

• ကျောရိုးခွဲစိတ်မှုသည် သာမန်ဖြစ်ပြီး သင်ထင်ထားသလောက် ကြောက်စရာမဟုတ်ပါ။
• မတ်တက်ရပ်ရိုက်နိုင်သော MRI- ခါးနာရခြင်းအကြောင်းရင်းကို ရှာဖွေခြင်း။
• ခါးနာကျင်မှု မပျောက်ပါက ကုသမှုခံယူရန် လိုအပ်ပါသည်။

Full Endo TLIF ၏ ကုသမှုနည်းပညာသည် အခြားနည်းလမ်းများနှင့် မည်ကဲ့သို့ကွာခြားပါသနည်း။

Full Endo TLIF သို့မဟုတ် Endoscopic TLIF ဟုလူသိများသော endoscope ကို အသုံးပြု၍ ကုသသော ကျောရိုးခွဲစိတ်မှုတွင်၊ ခွဲစိတ်ဒဏ်ရာ ပတ်ဝန်းကျင်ရှိ ကြွက်သား အများအပြားကို ထိဖြတ်တောက်ခြင်းမပြုဘဲ ကျောရိုးအတွင်းသို့ endoscope ကိုထဲ့သွင်းကုသသော နည်းဖြစ်ပါသည်။ ဤနည်းလမ်းသည် သွေးဆုံးရှုံးမှုကို နည်းပါးစေပြီး ပုံမှန်အားဖြင့် ၁ စင်တီမီတာထက် မပိုသော သေးငယ်သော ခွဲစိတ်မှုဖြစ်ပြီး ခွဲစိတ်ဒဏ်ရာသည်ကျောရိုးကို တွဲထားသော ဝက်အူအရွယ်အစားမျှသာရှိပါသည်။ ခွဲစိတ်ခံ လူနာများသည် ခွဲစိတ်မှုပြီးပြီးချင်း မကြာခင်မှာ ထပြီး လမ်းလျှောက်နိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်ပိုင်း ခါးနာကျင်မှု သိသိသာသာ လျော့ကျသွားပြီး လူနာများမှာ အကိုက်အခဲပျောက်ဆေး အနည်းငယ်သာ သို့မဟုတ် လုံးဝအသုံးပြုရန် မလိုအပ်တော့ပါ။ ဆေးရုံတွင် ပုံမှန်အားဖြင့် ၂-၄ ရက်ခန့်သာနေရပြီး လူနာများသည် အိမ်ပြန်ရောက်လျှင် ၎င်းတို့၏နေ့စဉ်ပုံမှန်လုပ်ဆောင်မှုများကို ပြန်လည်လုပ်ဆောင်နိုင်သည်။ ဤနည်းလမ်း Full Endo TLIF သည် spondylolisthesis သို့မဟုတ် ကျောရိုးအဆစ်လွဲခြင်း ရောဂါကို ကုသရာတွင် ထိရောက်မှုရှိပါသည်။ သို့သော်လည်း အန္တရာယ်ကင်းပြီး အောင်မြင်သောရလဒ်များကို ရရှိစေရန် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော ခွဲစိတ်ဆရာဝန်တစ်ဦး လိုအပ်ပါသည်။

MIS TLIF (Minimally Invasive Transforaminal Lumbar Interbody Fusion) သို့မဟုတ် ထိခိုက်ဖိမိနေသော အာရုံကြောများကို တည်ငြိမ်စေရန် ကျောရိုးအဆစ်များကို ထိမ်းချုပ်သည့် ကုသမှုကို ယနေ့ခေတ်တွင် တွင်ကျယ်စွာ အသုံးပြုနေပါသည်။ ပြဿနာရှိသော ကျောရိုးထဲသို့ ခွဲစိတ်ကိရိယာများကို ထည့်သွင်းပြီး ကြွက်သား၏ သေးငယ်သော အစိတ်အပိုင်းကို ဖယ်ရှားရန်အတွက် ပုံမှန်အားဖြင့် နောက်ကျောအလယ်တွင် ၃ စင်တီမီတာဝန်းကျင်ရှိပြီး ပုံမှန်ခွဲစိတ်ကုသမှုထက် ဒဏ်ရာအရွယ်အစား များစွာသေးငယ်ပါသည်။ ခွဲစိတ်ဆရာဝန်သည် ကျောရိုးအဆစ်ပြားကို ကိုမလဲမီတွင် ၁ စင်တီမီတာအရွယ်ခန့် ဝက်အူလေးခုကိုထည့်သွင်း ၍ ကျောရိုးတည်ငြိမ်စေရန် ကျောရိုးကိုထိန်းထားပါလိမ့်မည်။ ခွဲစိတ်ပြီးနောက် ပထမ ၂၄ နာရီအတွင်း နာကျင်မှုကို သက်သာစေရန် အကိုက်အခဲပျောက်ဆေးလိုအပ်သော်လည်း အနာရည်ထွက်ရန် ပြွန်များ တပ်ဆင်ရန် မလိုအပ်ပါ။ ထို့အပြင် လူနာများသည် ပုံမှန် ခွဲစိတ်မှုခံယူထားသူများထက် ပိုမိုလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပါသည်။ ပုံမှန်အားဖြင့် သူတို့သည် ဆေးရုံတွင် ၃-၄ ရက်သာ နေထိုင်ကြပြီး အိမ်ပြန်နိုင်ကြသည်။

ဝက်အူရစ်များဖြင့် TLIF (Transforaminal Lumbar Interbody Fusion) ၏နည်းပညာကို အသုံးပြု၍ ကျောရိုးမအဆစ်လွဲခြင်းကို ကုသနိုင်ပါသည်။

ဖယ်ရှားပေးသည့် ကျောအလယ်ပိုင်းတွင် ခွဲစိတ်မှုပြုလုပ်ခြင်း ဖြစ်သည်။ ထို့နောက် ကျောရိုးအဆစ်များ တည်ငြိမ်စေရန်နှင့် ၎င်းတို့ကို ထိမ်းချုပ်ရန် သတ္တုချောင်းများနှင့်ပြုလုပ်ထားသော ဝက်အူများကို နောက်ကျောဘက်မှ ထည့်သွင်းထားသည်။ ထို့အပြင် သွေးပုတ်များထွက်နိုင်စေရန် ပိုက်တစ်ခုလည်း ထားရှိရပါသည်။ ပုံမှန်အားဖြင့် ထိခိုက်နေသောကျောရိုး၏အရွယ်အစားပေါ်မူတည်၍ ခွဲစိတ်ခြင်းသည် ၅-၇ စင်တီမီတာခန့်ရှိပြီး ခွဲစိတ်မှုသည် ကြီးမားသောကြောင့် လူနာသည် ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင်း အိပ်ရာထဲတွင်လဲလျှောင်းနေရန် လိုအပ်ပါသည်။ လူနာသည် ခွဲစိတ်မှုဝေဒနာ သက်သာသည်အထိ ၄-၅ ရက်ကြာ ဆေးရုံတွင် နေရလေ့ရှိပါသည်။ ကြွက်သားများ အားနည်းခြင်း သို့မဟုတ် တောင့်တင်းမှုကို တားဆီးရန် နောက်ပိုင်းတွင် ခန္တာကိုယ် ကျမ်းမာသန်စွမ်းရန် လေ့ကျင့်ခန်း များပြုလုပ်ရန်လိုအပ်ပြီး လူနာသည် ပုံမှန်လမ်းလျှောက်နိုင်ရန် ၂-၃ လခန့် အချိန်ယူရပေမည်။

Full Endoscopic TLIF နည်းပညာကို အသုံးပြု၍ ကျောရိုးအဆစ်လွဲခြင်းနှင့် အာရုံကြောဖိခြင်းကို ကုသရန်အတွက် အကောင်းဆုံး နည်းလမ်းများ။

ကုသမှုခံယူပြီးနောက် လူနာအများစုသည် တိုးတက်မှုကိုခံစားရပြီး ၎င်းတို့၏ အလုပ်အကိုင်များကို ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သို့သော် အချို့သောလူနာများတွင် ပုံမှန်အလုပ် ပြန်လုပ်နိုင်ရန် ၄-၈ ပတ်ခန့် ကြာနိုင်သည်။ ဤကြာချိန်သည် လူနာ၏ အလုံးစုံ ကာယကြံ့ခိုင်မှုပေါ်တွင် မူတည်ပါသည်။ ခွဲစိတ်ပြီးနောက် လူနာများသည် သက်သာလာသော်လည်း ခါးမကြာခဏကုန်းခြင်း၊ ကြမ်းပြင်ပေါ်ထိုင်ခြင်း၊ စောင့်ကြောင့်ထိုင်ခြင်း သို့မဟုတ် လေးလံသော အရာများကို မ ခြင်းစသည့် လှုပ်ရှားမှုများကို ဆက်လက်လုပ်ဆောင်ပါက နောင်တွင် နောက်ထပ်ခွဲစိတ်မှုတစ်ခု လိုအပ်နိုင်ခြေရှိပါသည်။

ပြန်လည်ထူထောင်ရေးကာလတွင် လူနာများသည် ပထမ ၆ ပတ်အတွင်း ၅-၁၀ မိနစ်ခန့် လမ်းလျှောက်ခြင်းဖြင့် လေ့ကျင့်ခန်းကို စတင်နိုင်သည်။ အကြောင်းမှာ ကြွက်သားများနှင့် အာရုံကြောများ အပြည့်အဝ ပြန်လည်ကောင်းမွန်ရန် အချိန်လိုအပ်နေသေးသောကြောင့် ဖြစ်သည်။ သို့သော် ၆ ပတ်အကြာတွင် လူနာများသည် အတွင်းဒဏ်ရာ သက်သာလာသည်နှင့်အမျှ ၎င်းတို့လမ်းလျှောက်သည့် အကွာအဝေးကို ဖြည်းဖြည်းချင်း တိုးလာနိုင်သည်။ ထိုသို့သော လေ့ကျင့်ခန်းများပြုလုပ်ခြင်းသည် ပုံမှန် ကိုယ်လက်လှုပ်ရှားနှိုင်မှုကို ပိုမိုမြန်ဆန်စွာ ပြန်ရောက်စေရန် အထောက်အကူ ဖြစ်စေပါသည်။

ခွဲစိတ်ပြီးနော် ဂရုစိုက်ခြင်း- ကုသမှုခံယူပြီးနောက် ကိုယ့်ကိုယ်ကို ဂရုစိုက်ခြင်း။

အာရုံကြောများ ဖိမိခြင်း သို့မဟုတ် ကျောရိုးအရိုးများ ထိခိုက်ခြင်း ကိုဖြစ်စေနိုင်သော ကျောရိုးအဆစ်လွဲခြင်းကို ကာကွယ်ရန် မိမိကိုယ်ကို ဂရုစိုက်ခြင်းသည် ရောဂါဖြစ်မှကုသမှုခံယူခြင်းထက် အမြဲပိုကောင်းသောကြောင့် ကြိုတင်ကာကွယ်ခြင်းသည် အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကျောရိုးကျန်းမာရေးကို ရေရှည်ထိန်းသိမ်းရန် ဦးစားပေးသင့်ပါသည်။ ထိရောက်သောနည်းလမ်းတစ်ခုမှာ ကျွန်ုပ်တို့၏အဓိကကြွက်သားများဖြစ်သည့် ခန္ဓာကိုယ်အလည်ပိုင်းရှိကြွက်သားများကို သန်မာစေရန်ဖြစ်ပါသည်။ လေ့ကျင့်ခန်း သို့မဟုတ် အားကစားလှုပ်ရှားမှုများ မပြုလုပ်မီ၊ လှုပ်ရှားမှုအတွက် ပြင်ဆင်ရန် ကျွန်ုပ်တို့၏ကြွက်သားများကို ဆန့်ထုတ်ရန် အရေးကြီးပါသည်။ အထူးသဖြင့် ကျောရိုးပေါ်တွင် အလွန်အမင်း ဖိစီးမှုဖြစ်စေသော လှုပ်ရှားမှုများ ဖြစ်သည့် ကွေးညွှတ်လှုပ်ရှားမှု သို့မဟုတ် အလေးမ ခြင်း စသောလှုပ်ရှားမှုများ ကိုအချိန်ကြာမြင့်စွာ မပြုလုပ်ခြင်းသည် ကျောရိုးမညီခြင်း ဖြစ်နိုင်ခြေကို လျှော့ချနိုင်သည်။ ထို့အပြင် ကျောရိုးကွေးကောင်ခြင်း ဖြစ်နိုင်ချေကို လျော့နည်းစေရန် အထောက်အကူဖြစ်စေသောကြောင့် ကျန်းမာသောခန္ဓာကိုယ်အလေးချိန်ကို ထိန်းသိမ်းရန်လည်း အကြံပြုအပ်ပါသည်။

Reference:
Dr. Matee Phakawech, Spine Specialist Physician.
Percutaneous Endoscopic Transforaminal Lumbar Interbody Fusion: Technique Note and Comparison of Early Outcomes with Minimally Invasive Transforaminal Lumbar Interbody Fusion for Lumbar Spondylolisthesis (https://www.ncbi.nlm.nih.gov/pmc/articles/PMC7910530/)

Share This Story