Mr. Sumet, age 63 years
လုပ်ငန်းပိုင်ရှင်

“ဒီငွေတွေဟာ ကျွန်တော်တို့ရဲ့ဘဝကို ပြန်ဝယ်ပေးနိုင်ပါတယ်။ ဒါဟာ တန်ဖိုးအရှိဆုံးအသုံးချမှုပါပဲ။”

Mr. Sumet ၏ ကျောရိုးအဆစ်ပြားကျွံခြင်းရောဂါ ကုသမှု အတွေ့အကြုံ။

Mr. Sumet သည် လေးလံသော အရာများကို မှားရွင်းသောပုံစံဖြင့် အကြိမ်များစွာသယ်၊ မ ခဲ့ခြင်းကြောင့် ကျောရိုးအဆစ်ပြားကျွံခြင်းရောဂါ ခံစားနေရာမှ  S Spine and Nerve ဆေးရုံတွင် PSLD (Percutaneous Stenoscopic Lumbar Decompression) နည်းပညာကို အသုံးပြုသည့် ခွဲစိတ်မှုကို ခံယူခဲ့ပါသည်။

သူ့အသက် ၃၀ ခန့်တွင် ခါးနာရောဂါကို စတင်ခံစားခဲ့ရပါသည်။ ဖြစ်ခါစတွင် ခဏလောက် အနားယူလိုက်လျှင် နာကျင်မှုမှာ သူ့အလိုလို ပျောက်သွားသည့်အတွက်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးရန် စိတ်မဝင်စားခဲ့ပါ။ မကြာသေးခင်ကတော့ အလုပ်အချိန်မှီပြီးစေရန်အတွက် လက်အောက်ငယ်သားများကို ဆောက်လုပ်ရေးပစ္စည်းများ ကူညီသယ်ယူပေးနေစဉ် သူအသက် ၃၀ အရွယ်ခန့်က ခံစားရဖူးသည့် ခါးနာကျင်ခြင်းကို ပြန်လည်ခံစားရပြီး၊ ယခုအချိန်နာကျင်မှုသည် အရင်ကထက်ပို၍ပြင်းထန်ပါသည်။ အသိမိတ်ဆွေများက ကောင်းမည်ထင်၍ ညွှန်းသည့်ဆေးအားလုံးကို သောက်သုံးခဲ့သော်လည်း မသက်သာခဲ့ပါ။ အဲဒီတုန်းက သူစဉ်းစားတယ်-

“အကယ်၍များ ခါးနာတာကို ကုသဖို့အတွက်သည် ခွဲစိတ်ဖို့ ကလွဲလို့ တခြားနည်းလမ်းမရှိဘူးဆိုရင်တော့ ငါသေတာ ပိုကောင်းမယ်” လို့ပါ။

ခါးနာနေတဲ့အခါ ဘယ်လိုခံစားရပါသလဲ။

Mr. Sumet : ကျွန်တော် အိပ်လို့မရတဲ့ အထိကို နာကျင်ပါတယ်။ တခါတလေ အိပ်ယာပေါ်မှာ လဲလျောင်းတဲ့အခါ နာကျင်မှုအနည်းဆုံးဖြစ်အောင် ကိုယ့်ကိုယ်ကိုယ် ပုံစံပြောင်းပြီးနေရပါတယ်။
အိပ်ရာထဲမှာ ခန္တာကိုယ်ကို ရွှေ့ရတာအရမ်းခက်ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ကစပြီးတော့ ကျွန်တော့်ရဲ့ ရောဂါလက္ခဏာတွေက ပိုမိုဆိုးရွားလာတဲ့အတွက်အသိမိတ်ဆွေတစ်ဦးရဲ့ အကြံပြုချက်နဲ့ S Spine and Nerve ဆေးရုံမှာ ကုသမှုခံယူဖို့ရောက်လာတာပါ။

ဒီ S Spine and Nerve ဆေးရုံမှာ မှန်ပြောင်းဖြင့်ခွဲစိတ်ကုသမှု (Endoscopic Surgery) ခံယူဖို့ ဘာကြောင့် ဆုံးဖြတ်ခဲ့တာလဲ။

Mr. Sumet: ဒီကိုမလာခင် တခြားဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ပါတယ်။ အဲဒီမှာဆရာဝန်က ကျောရိုးကို ပုံမှန်ခွဲစိတ်ကုသဖို့ အကြံပြုတယ်။ ကျွန်တော်မလုပ်ဘူးဆိုပြီး ဆရာဝန်ကို ပြောလိုက်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်ညီ ကျောရိုးအဆစ်ပြားကျွံတာကို ကုသတုံးက ဆေးရုံသို့ သွားရောက်လည်ပတ်ဖူးပါတယ်။ သူဟာ ခွဲစိတ်မှု ၁၀ ကြိမ်ခန့် ခံယူခဲ့ရပြီး ယခုအခါ ထပ်မံ ခွဲစိတ်မှုပြုလုပ်ပြီး မကုသနိုင်တော့ပါဘူး။ အဲဒီအဖြစ်က ကျွန်တော့်ကို နာကျင်စေတဲ့အတွက် ကိုယ့်ကိုကိုယ်ဆုံးဖြတ်ထားတာက-

“အကယ်၍များ ကုသမှုဟာ ခွဲစိတ်ကုသမှုအကြီးစား လုပ်ရမယ်ဆိုရင်တော့ ငါသေတာ ပိုကောင်းတယ်” လို့ပါ။

အဲ့ဒီနောက်မှာတော့ အကြီးစား ခွဲစိတ်မှုမလိုအပ်တဲ့ ကုသမှုဆိုင်ရာအချက်အလက်ကို ကျွန်တော်ရှာဖွေခဲ့ပါတယ်။ အဲ့ဒီမှာ ပြည်ပနိုင်ငံတွေမှာလိုပဲနောက်ဆုံးပေါ် အဆင့်မြင့်ခွဲစိတ်မှု နည်းပညာဖြစ်တဲ့ သေးငယ်သော ဒဏ်ရာ၊အနည်းဆုံးနာကျင်မှု နှင့် လျှင်မြန်စွာ ပုံမှန်ပြန်လည်ကောင်းမွန်လာစေသော နည်းပညာကို ထိုင်းနိုင်ငံတွင်းမှာ ကုသပေးနေတဲ့ S Spine and Nerve ဆေးရုံကို တွေ့ခဲ့ပါတယ်။

S Spine and Nerve ဆေးရုံမှာ ဆရာဝန်နဲ့ ပထမဆုံးတွေ့တဲ့နေ့မှာ ဘယ်လိုခံစားရပါသလဲ။

Mr. Sumet : ကျွန်တော် ဒီဆေးရုံက ဆရာဝန်ကို ပထမဆုံးတွေ့ပြီးတဲ့အချိန်မှာ စိတ်ထဲမှာ စကားလုံးတစ်လုံးပဲ ရှိခဲ့ပါတယ်၊ “ဒီနေ့ တော့ခွဲစိတ်ရမယ်” လို့။ ပြီးတော့ကျွန်တော်ဆရာဝန်ကို ပြောပြလိုက်ပါတယ်၊ ဒီကို မလာခင်မှာ တစ်လလောက်မှာဓာတ်မှန် နဲ့ MRI ရိုက်ခဲ့ပါတယ်၊ ဒါပေမယ့် ကျွန်တော် မပြတော့ဘူး  ဘာလို့လဲဆိုတော့အားလုံးကို ပြန်စစ်စေချင်လို့ပါ လို့။

အဲဒီတုန်းက စိတ်ထဲမှာတော့ အခုစစ်လို့ထွက်တဲ့အဖြေက အရင်ကထက် ပိုဆိုးနေလိမ့်မယ်ထင်တယ်လို့။ ဓါတ်မှန် နဲ့ MRI အဖြေ ထွက်လာတော့ ထင်ထားတဲ့အတိုင်း ဖြစ်နေပါတယ်။ အရင်က ၂နေရာပဲရှိနေတာကနေ အခု ၃နေရာဖြစ်သွားပါတယ်။ အဲဒီနောက် ဆရာဝန်က ဘယ်လိုကုသမှုမျိုး လုပ်ရမလဲဆိုတာ ရှင်းပြပါတယ်။ အဲဒီအချိန်မှာပဲ ကျွန်တော်ဒီနေ့ ဆေးကုသမှုခံယူဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့အကြောင်းကိုဆရာဝန်ကိုပြောပြလိုက်ပါတယ်။

ကုသမှုမခံယူမီ နဲ့ ကုသမှုခံယူပြီးနောက် ကွာခြားမှု ဘယ်လောက်ရှိပါသလဲ။

Mr. Sumet: အရမ်းကွာခြားပါတယ်။ ခွဲစိတ်ခန်းထဲမဝင်ခင် စိတ်ထဲမှာ ကျွန်တော်ရောဂါပျောက်ပါ့မလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ရှိခဲ့ပါတယ်။ ဆေးရုံရဲ့ ဝဘ်ဆိုဒ်မှာပြောထားသလိုမျိုး လမ်းပြန်လျှောက်နိုင်ပါ့မလားပေါ့။

ဒါပေမယ့် ကျွန်တော်ခွဲစိတ်ပြီးနိုးလာလို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့ ညာဘက်ခြမ်းမှာ အရင်ကလို နာတာတို့ ထုံကျင်တာတို့ မရှိတော့တာကို သတိထားမိပါတယ်။နောက်ကျော နဲနဲတင်းနေသလို ဖြစ်တဲ့ ခံစားချက်တစ်ခုပဲကျန်ခဲ့ပါတယ်။နောက်ကျောမှာ ခွဲစိတ်ဒဏ်ရာ အသေးလေး ၃ ခုပဲရှိပါတယ်။

“ကျွန်တော်အတွက် ဖြစ်ပျက်ခဲ့တာတွေက အံ့ဩစရာတော့မဟုတ်ပါဘူး။ ဒါတွေအမှန်က ဆရာဝန် နှင့်အတူ ဆေးရုံမှာအသုံးပြုတဲ့ နောက်ဆုံးပေါ် ခွဲစိတ်ကိရိယာတွေကြောင့်ပါ။ ခါးနာရောဂါကြောင့် လမ်းမလျှောက်နိုင်တဲ့သူတွေနဲ့ ပြန်ကောင်းနိုင်ပါတော့မလားလို့ စိတ်ဓါတ်ကျနေတဲ့သူတွေ ကိုပြောခြင်တာကတော့၊ စိတ်ပြောင်းပြီးဒီဆေးရုံမှာလာရောက် ကုသမှု ခံယူရင် သင့်ရဲ့ ခန္ဓာကိုယ် လုံးလုံး ပြန်ကောင်းလာလိမ့်မယ်” ဆိုတာပါပဲ။

ကျွန်တော်နဲ့ တူညီတဲ့ လက္ခဏာ ရှိသူတိုင်းကို ဖိတ်ခေါ်ချင်တာက ဒီဆေးရုံကဆရာဝန်တွေနဲ့ လာပြီးတိုင်ပင်လိုက်ပါ စိတ်မပျက်စေရဘူးဆိုတာကို အာမခံပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ကုသမှုခံယူပြီးသွားရင် အရင်ကထက် ပိုကောင်းတဲ့ ဘဝကိုပြန်ရောက် လာပါလိမ့်မယ်။ ဆေးရုံကြီးမဟုတ်ပေမယ့် ထိရောက်စွာကုသနှိုင်မှုကတော့ အလွန်မြင့်မားပါတယ်။

ပြီးတော့ ဒီဆေးရုံဟာ ရောဂါရဲ့အဓိကအရင်းအမြစ်ကို တိုက်ရိုက်ကုသပေးတဲ့ကျောရိုးအထူးကုဆေးရုံပါ။
ဒါဟာ ဒီဆေးရုံရဲ့အဓိကအားသာချက်ဆိုတာကို ကျွန်တော်ယုံကြည်လို့လဲ ဒီမှာဆေးကုဖို့ ရွေးချယ်ခဲ့တာပါ။

“ကျွန်တော်ပြောရမယ်ဆိုရင်တော့ နာကျင်မှုတွေကို ထပ်ပြီး မခံစားနေပါနဲ့တော့။ မြန်မြန်နေကောင်းအောင်လုပ်ပါ။” / Mr. Sumet

ကျောရိုးနှင့် အာရုံကြောအထူးကု ဆေးရုံ ဖြစ်သည့် S-Spine and Nerve ၏ကုသမှုအတွေ့အကြုံကို မျှဝေပေးသော Mr.  Sumet ကို အထူးကျေးဇူးတင်ပါတယ်။ စာဖတ်သူများ အားလုံးအတွက်လည်း အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်။

ဆရာဝန်နှင့်ပြသရန် စိတ်ဝင်စားပါသလား။ အသေးစိတ်အချက်အလက်များကိုမေးမြန်းနိုင်ရန် 02-0340808 ကိုခေါ်ဆို၍ ကြိုတင်ရက်ချိန်းယူလိုက်ပါ။