“နာတာရှည် လည်ပင်းနာခြင်း၊ သို့မဟုတ် လည်ပင်းကျီးပေါင်းတက်ခြင်း ရောဂါသည် လူတော်တော်များများ မှ ကုသရန်ဆေးမရှိဟုထင်ထားသော အခြေအနေတစ်ခုဖြစ်ပါသည်။ လူအများစုသည် ဤဝေဒနာကို ၁၀ နှစ်ကျော်ခန့်အထိ ခံနိုင်ရည်ရှိကြသည်။ ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ များသောအားဖြင့် အသက်အရွယ်ကြီးရင့်ခြင်းနှင့် လည်ပင်း ကျောရိုး ယိုယွင်းပျက်ဆီးခြင်းကြောင့်ဖြစ်ပါသည်။ အချို့သောလူနာများသည် လည်ပင်းကျောရိုးတွင် ၃-၄ မှတ်ခန့် ယိုယွင်းနေပြီဖြစ်သော်လည်း သတိမထားမိကြပါ။ အချိန်ကြာမြင့်စွာ မကုသဘဲထားပါက ကုသရန် ပိုမိုခက်ခဲသော နာတာရှည် ဝေဒနာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။” – Matee Phakawech, M.D., Spine Specialist

လည်ကုပ်ကျီးပေါင်းရောဂါ၏ အဓိကအရင်းခံ အကြောင်းအရင်း။

အသက်ကြီးလာသည်နှင့်အမျှ၊ ကျောရိုးအဆစ်ပြား များသည် တဖြည်းဖြည်း ပါးလာခြင်း သို့မဟုတ် ယိုယွင်းလာတက်ပါသည်။ ရောဂါလက္ခဏာများသည် အများအားဖြင့် နာတာရှည်လည်ပင်းနာခြင်း သို့မဟုတ် လည်ပင်းမကြာခဏ နာကျင်ခြင်းမှ စတင်လေ့ရှိပြီး အသက် ၄၀ နှစ်နှင့်အထက် လူများတွင် အဖြစ်များပါသည်။ အသက်အရွယ်အပြင် ကျောရိုးကျီးပေါင်းရောဂါ ဖြစ်စေသည့် နောက်ထပ်သိသာထင်ရှားသည့်အချက်မှာ မကြာခဏ လည်ပင်းကို ပြင်းပြင်းထန်ထန် လှုပ်ရှားခြင်းသည် လည်ပင်းအဆစ်ပြားများ ယိုယွင်းခြင်းကိုပိုမိုမြန်ဆန်စေနိုင်ပါသည်။ ခန့်မှန်းခြေအားဖြင့် ရောဂါဖြစ်ပွားမှု၏ ၈၀% သည် ကျောရိုးအဆစ်၏ C5/C6 အဆင့်တွင် ယိုယွင်းခြင်းကြောင့်အဖြစ်များပါသည်။ အဓိကအကြောင်းအရင်းမှာ ထိုကျောရိုးအဆင့်များ သည် ဦးခေါင်းကို လှည့်ခြင်း သို့မဟုတ် စောင်းခြင်းများအတွက် အဓိကအသုံးပြုလေ့ရှိသောကြောင့်ဖြစ်ပါသည်။ နောက်ထပ် အဖြစ်အများဆုံး အဆင့်များမှာ C4/C5 နှင့် C6/C7 တို့ဖြစ်ပါသည်။

S Spine and Nerve ဆေးရုံမှ စာရင်းဇယားများအရ လက်ရှိတွင် ထိုင်းလူမျိုးများတွင် ကျောရိုးကျီးပေါင်းရောဂါ ဖြစ်ပွါးမှုနှုမ်း များပြားလာနေပါသည်။ ၂၀၁၈ ခုနှစ်မှ ယနေ့အထိ ကုသမှုခံယူလိုသော လူနာများ၊ အထူးသဖြင့် ဆယ်ကျော်သက်များနှင့် လုပ်ငန်းခွင်ဝင်သူများအကြားတွင် လေးဆပိုများပြားလာကြောင်း တွေ့ရှိရပါသည်။ အဓိက အကြောင်းရင်းများမှာ ကိုယ်ဟန်အနေအထား မပြောင်းလဲဘဲ အချိန်ကြာမြင့်စွာ အလုပ်လုပ်ခြင်း နှင့် ယနေ့ခေတ် လူ့အဖွဲ့အစည်းတွင် ပျံ့နှံ့နေသော လက်ကိုင်ဖုန်းအသုံးပြုစဉ် လည်ပင်းကို ငုံ့ကြည့်သည့် အလေ့အထ များကြောင့်ဖြစ်ပါသည်။

လည်ပင်းနာခြင်း၏ လက္ခဏာများသည် လည်ကုပ်ကျီးပေါင်း ရောဂါ၏တည်နေရာကို ညွှန်ပြနိုင်သည်ကို သင်သိပါသလား။

  • လည်ကုပ်ကျောရိုး၏ C3-C4 အဆင့်ရှိ အဆစ်သည် ကျီးပေါင်းရောဂါ ဖြစ်ပွါးသောအမြင့်ဆုံးအမှတ်ဖြစ်ပါသည်။ ရောဂါလက္ခဏာများတွင် ဦးခေါင်း တခြမ်း (migraine) ကိုက်ခြင်းနှင့်ဆင်တူသော လည်ကုပ်တွင် နာကျင်ခြင်းဖြစ်ပေါ်နိုင်ပါသည်။
  • လည်ကုပ်ကျောရိုး၏ C4-C5 အဆင့်ရှိ အဆစ်ပြား- လည်ကုပ်နှင့် ပခုံးများတွင် နာကျင်မှုကို ခံစားရသည်။
  • လည်ကုပ်ကျောရိုး၏ C5-C6 အဆင့်ရှိ အဆစ်ပြား- လက်ပျင်ရိုး များတွင် နာကျင်မှုခံစားရသည်။
  • လည်ကုပ်ကျောရိုး၏ C6-C7 အဆင့်ရှိ အဆစ်ပြား- လက်ပျင်ရိုးများ၏အတွင်းပိုင်း သို့မဟုတ် အောက်ဘက်ခြမ်းတွင် နာကျင်မှုကိုခံစားရသည်။

လည်ကုပ်နာကျင်ခြင်း ဖြစ်ပွါးသည့်နေရာကို မည်ကဲ့သို့ သိရှိနိုင်မည်နည်း။

ကျွံနေသောအဆစ်ပြား ၏ တည်နေရာကို နာကျင်မှု၏ လက္ခဏာများဖြင့် ညွှန်ပြနိုင်သော်လည်း တိကျမှုနှင့် အခြေအနေအမှန်ကို သိရှိနိုင်ရန် အတွက် MRI ရိုက်ရန် အကြံပြုလိုပါသည်။ MRI သည် ကျွံနေသောအဆစ်ပြား ကြောင့်ဖြစ်ရသည့် အာရုံကြောများအပေါ် ဖိအားအတိုင်းအတာ သို့မဟုတ် လည်ကုပ်ကျီးပေါင်းရောဂါ၏ ပမာဏကို တိကျစွာပြသနိုင်ပါသည်။ အာရုံကြောများ သိသိသာသာ ဖိမိနေပါက အမြန်ကုသမှုခံယူရန် အကြံပြုလိုပါသည်။ ကုသမှုမခံယူပဲ အချိန်ကြာမြင့်စွာထားပါက အာရုံကြောများ လုံးဝ ပျက်စီးသွားပြီး ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာရန် ခက်ခဲပါလိမ့်မည်။

လည်ကုပ်ကျီးပေါင်းရောဂါ မဖြစ်စေရန် ရှောင်ရှားခြင်း။

ကျွန်ုပ်တို့၏ခန္ဓာကိုယ်ရှိ အရိုးအဆစ်များသည် အလွန်အကျွံ အသုံးပြုခြင်းကြောင့် ယိုယွင်းသွားနိုင်သည်ကို သတိပြုရန် လိုအပ်ပါသည်။ အလွန်အကျွံအသုံးပြုလေ ယိုယွင်းပျက်ဆီးမှုနှုမ်း ပိုမြန်လေဖြစ်ပါသည်။ လည်ကုပ်ကျီးပေါင်းရောဂါကို ကာကွယ်ရန် ရှောင်ရှားရမည့်နည်းလမ်းများမှာ-

• ဦးခေါင်းကို အရှေ့သို့အချိန်ကြာမြင့်စွာ ငုံ့ကြည့်ခြင်းကို ရှောင်ကြဉ်ပါ- လည်ပင်း ပိုကွေးလေ၊ လည်ပင်းရိုးသည် ပိုမိုလျင်မြန်စွာ ယိုယွင်းလာလေဖြစ်ပါသည်။
• ခေါင်းအုံးအမြင့်ဖြင့် အိပ်ခြင်းကို ရှောင်ပါ- ခေါင်းအုံးပိုမြင့်လေ၊ သင့်လည်ပင်းကို ရှေ့သို့ကွေးလိုက်သကဲ့သို့ ခေါက်လာလေဖြစ်သည်။

လည်ကုပ်ကျီးပေါင်းရောဂါအတွက် ကုသမှုလမ်းညွှန်ချက်များ။

လည်ကုပ်ကျီးပေါင်းရောဂါ ကုသမှုသည် ရောဂါအခြေအနေ ပြင်းထန်မှုပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။ ရောဂါမပြင်းထန်ပါက ကုသမှုသည် လည်ပင်းတဝိုက်ရှိ ကြွက်သားများကို အားကောင်းသန်မာစေရန်အတွက် ဆေးဝါးနှင့် ကာယလေ့ကျင့်ခန်းများပြုလုပ်ခြင်းကို အကြံပြုလေ့ရှိပါသည်။ အချို့သောနေရာများတွင် အာရုံကြောများ ရောင်ရမ်းခြင်းရှိပါက၊ ဆရာဝန်သည် ထိုနေရာကို ဆေးထိုးကုသရန် အကြံပြုနိုင်ပါသည်။

အထက်တွင် ဖော်ပြခဲ့သော ကုသမှုများဖြင့်မသက်သာပါက၊ ခွဲစိတ်ကုသမှုခံယူရန် အကြံပြုပါလိမ့်မည်။ ခေတ်မီလာသည်နှင့်အမျှ ဆေးကုသနည်းများသည် ပိုမိုထိရောက် တိုးတက်မှုရှိလာပြီဖြစ်ပါသည်။ ထိုကုသမှုနည်းပညာများမှာ၊

  1. လေဆာကုထုံး (LASER)- MRI အဖြေတွင် ကျောရိုးဆစ်ပြားသည် ဖောင်းနေပြီး အာရုံကြောများကို ဖိမိနေချိန်တွင် ဤနည်းလမ်းကို အသုံးပြုသည်။ လေဆာကုထုံးသည် ဖောင်းနေသောအဆစ်ပြားကို ကျဉ်းသွားစေပြီး ၎င်း၏ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိစေရန်အတွက် အသုံးပြုနိုင်သည်။
  2. ကျောရိုးအဆစ် မျက်နှာစာအရိုးများကိုဖေါက်ခြင်း သို့မဟုတ် PSCD ခေါ် Percutaneous Stenoscopic Cervical decompression- ဤကုသမှုနည်းတွင် ဆရာဝန်သည် ဖိမိနေသော အာရုံကြောများပေါ်မှဖိအားကို ဖြေလျှော့သက်သာစေရန်ကုသမှုဖြစ်ပါသည်။ S Spine and Nerve ဆေးရုံ၏ အချက်အလက်များအရ၊ ဆရာဝန်သည် တစ်ကြိမ်တည်းတွင် ကျောရိုးကျီးပေါင်း နေရာ 6 ခုအထိ ကုသပေးခဲ့ပြီး လည်ပင်းနာခြင်းကို သက်သာပျောက်ကင်းစေပါသည်။ ကုသမှုခံယူပြီးနောက် လူနာများစွာသည် ပုံမှန်ပြန်လည်ကျမ်းမာလာသည်ကို တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း ဤကုသမှုကို ကျောရိုးကျီးပေါင်းကုသမှုတွင် အထူးကျွန်းကျင်ပြီး အတွေ့အကြုံရှိသော သမားတော်များမှသာ လုပ်ဆောင်သင့်ပါသည်။
  3. ကျောရိုးအဆစ်ပြား ကို ခွဲစိတ်ခြင်း (Hybrid ACDF ခေါ် Hybrid Anterior Cervical Discectomy and Fusion) ကို သိသာထင်ရှားစွာ ယိုယွင်းနေသော ကျောရိုးအဆစ်ပြားများရှိနေလျှင်သော် ၎င်း၊ ကျောရိုးအဆစ်ပြားများ ကျွံခြင်း သို့မဟုတ် ပေါက်ထွက်ခြင်းကြောင့်အာရုံကြောများဖိမိခြင်း များရှိလာပါက ပြဿနာရှိသော ကျောရိုးအဆစ်ပြားကိုပြန်ဆက်စေပြီး ထိုအနီးတဝိုက်ကိုရှင်းလင်းကာ နောက်ထပ်အာရုံကြောဖိမိခြင်း ပြဿနာများမရှိစေရန် ကာကွယ်ခြင်းဖြစ်ပါသည်။

သို့သော်လည်း လည်ကုပ်ကျီးပေါင်းရောဂါသည် နေ့စဉ်နေထိုင်မှုကို သိသိသာသာ ထိခိုက်စေနိုင်သော အခြေအနေဖြစ်ပြီး လူငယ်များတွင်လဲ ဖြစ်ပွါးနိုင်ပါသည်။ ကျွန်ုပ်တို့၏ ကျောရိုးကျန်းမာရေးကို ဂရုစိုက်ခြင်း၊ အန္တရာယ်ရှိသောအပြုအမူများကို ရှောင်ကြဉ်ခြင်း နှင့် လည်ကုပ်လည်ပင်းနာခြင်းရှိ မရှိ မိမိကိုယ်ကို ပုံမှန်စောင့်ကြည့်ပါ။ ထိုအခါမှသာလျှင် နာကျင်မှုရှိလာသောအခါ ရောဂါအရင်းခံ အကြောင်းအရင်းအမှန်ကို သိရှိနိုင်ရန် ကျောရိုးအထူးကု ဆရာဝန်၏ ရောဂါကုသစောင့်ရှောက်မှုအချိန်မှီခံယူနိုင်ပါလိမ့်မည်။

Share This Story