အရိုးကျီးပေါင်းသည် ကျောရိုး၏ အစိတ်အပိုင်းများဖြစ်သော ကျောရိုး၊ အဆစ်ပြားများ၊ အရိုးအဆစ်များ၊ အရွတ်များနှင့် နောက်ကျောကြွက်သားများ ယိုယွင်းလာခြင်းကြောင့်ဖြစ်ပါသည်။ ထိုရောဂါသည် ကျောရိုးကိုတောင့်တင်းနေစေသောကြောင့် ကျောရိုးရွှေ့လျှားနိုင်မှုကို လျော့နဲစေပါသည်။ ပုံမှန်အားဖြင့် အသက် ၃၅ နှစ်နှင့် အထက်လူနာများတွင်အဖြစ်များလေ့ရှိသော်လည်း ယခုအခါတွင်မူ ငယ်ရွယ်သော လူနာများတွင်လည်း ဤရောဂါ အဖြစ်များလာသည် ကိုတွေရှိရပါသည်။ သိသာထင်ရှားသော လက္ခဏာများမှာ လက်၊ လက်မောင်း၊ ခြေထောက် နှင့် ခြေထောက်အောက်ပိုင်း များလှုပ်ရှားရန်ခက်ခဲလာခြင်း နှင့် ထုံကျင်ခြင်းတို့ပါဝင်ပါသည်။ ထိုကဲ့သို့သော လက္ခဏာများကို သတိပြုမိပါက သင့်လျော်သောကုသမှုကို သေချာစေရန်နှင့် ကျောရိုး ယိုယွင်းမှုပိုမိုမဆိုးရွားခင် ရပ်တန့်ရန်အတွက် သက်ဆိုင်ရာဆရာဝန်များ၏အကြံဉာဏ်ကို ဆောလျင်စွာ ရယူရန် အရေးကြီးပါသည်။

အရိုးကျီးပေါင်း ရောဂါလက္ခဏာများကိုခွဲခြားသတ်မှတ်ခြင်း။

အရိုးကျီးပေါင်း ရောဂါ လက္ခဏာများသည် လူနာတစ်ယောက်နှင့် တစ်ယောက် မတူတက်ပါ။ အချို့လူနာများတွင် ကြိုကြားကြိုကြား နာကျင်မှုကို ခံစားရပြီး အချို့မှာရေရှည်နာကျင်မှုကို ခံစားရနိုင်ပါသည်။ အောက်ဖေါ်ပြပါ လက္ခဏာများသည်သတိပြုသင့်သော၊ အဖြစ်များသည့် ရောဂါလက္ခဏာများဖြစ်ပါသည်-

  • မကြာခဏ သို့မဟုတ် နာတာရှည် လည်ပင်း၊ ခါးနာခြင်း။
  • ခါးအောက်ပိုင်းနာကျင်ခြင်း။
  • ကျောရိုးများ တောင့်တင်းခြင်း၊ ကျောရိုးလှုပ်ရှားရန်ခက်ခဲလာခြင်း။
  • လက်၊ လက်မောင်း၊ ခြေထောက် သို့မဟုတ် ခြေထောက်အောက်ပိုင်းတို့တွင် နာကျင်ခြင်း၊ ထုံကျင်ခြင်း သို့မဟုတ် အားနည်းလာခြင်း။
  • အထူးသဖြင့် လည်ပင်းအသုံးပြုမှုများလျှင် ခေါင်းကိုက်ခြင်းနှင့် ဖျားနာခြင်း။
  • ဆီး နှင့် ဝမ်း မထိန်းနိုင်ခြင်း။

ရောဂါလက္ခဏာ ပြင်းထန်ပြီး အရိုးမှအာရုံကြောကို ဖိမိမှုရှိနေသူများတွင်လမ်းလျှောက်ရန်ခက်ခဲလာခြင်း၊ အထူးသဖြင့် လှေကားတက်လျှင် သို့မဟုတ် ကားအတွင်းသို့ဝင်လိုက်လျှင် ခန္တာကိုယ် ယိမ်းယိုင်လာခြင်းများကို ဖြစ်စေပါသည်။

အရိုးကျီးပေါင်း ရောဂါဖြစ်ရခြင်း အကြောင်းရင်းများ

အသက်အရွယ်နှင့်လိုက်၍ ကျောရိုး၏ အစိတ်အပိုင်းများပျက်စီးလာခြင်းသည်အရိုးကျီးပေါင်း ဖြစ်ရခြင်း၏ အကြောင်းအရင်းတခုဖြစ်သည့်အပြင် အခြားအကြောင်းရင်းများကလည်း အရိုးကျီးပေါင်းရောဂါ ဖြစ်စေခြင်းကို ပိုမိုမြန်ဆန်စေနိုင်ပါသည်။ ဥပမာအားဖြင့် အချိန်ကြာမြင့်စွာ ခန္တာကိုယ်ကိုကွေးညွှတ်နေခြင်း သို့မဟုတ် ပုံစံမမှန်သော အနေအထားဖြင့် ကြာမြင့်စွာနေခြင်း များက ရေရှည်တွင်ကျောရိုးလှုပ်ရှားနိုင်မှုကို လျှော့နဲစေနိုင်သည်။ ထို့အခါတွင် ထိုင်ရာမှမတ်တပ်ရပ်ပါက ကျောရိုးသည် ပြန်လည်တည့်မက်ချိန်တွင် ကျောရိုး နာကျင်ခြင်းနှင့် မသက်မသာဖြစ်ခြင်းများကို ခံစားရနိုင်သည်။ ဤပျက်စီးမှုများ အချိန်ကြာလာလျှင် ခန္ဓာကိုယ်မှပြန်လည်ချိန်ညှိရန် အရိုးမှ အစွယ်များကြီးထွားလာနိုင်ပါသည်။ ဤကြီးထွားမှုသည် တစ်ခါတစ်ရံတွင် ခန္တာကိုယ်အတွက် အကျိုးရှိသော်လည်း အာရုံကြောများ သို့မဟုတ် ကျောရိုးအခေါင်းပေါက်ကို ဖိမိသွားသည့်ခါ၊ အထူးသဖြင့်သက်ကြီးရွယ်အိုများတွင် နာကျင်မှုကို ဖြစ်စေသည်။

အရိုးကျီးပေါင်း ရောဂါ၏ရင်းမြစ်ကိုရှာဖွေခြင်း။

ရောဂါရှာဖွေခြင်းသည် လူနာ၏ရောဂါလက္ခဏာများကို နားလည်ခြင်းဖြင့် စတင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှု ပြုလုပ်ရာတွင် လည်ပင်းနှင့် ကျောအောက်ပိုင်းကိုအာရုံစိုက်ပါသည်။ သမားတော်သည် လူနာ၏ ဦးခေါင်းနှင့် ခါးကို နည်းအမျိုးမျိုးဖြင့် ရွှေ့ခိုင်းခြင်းဖြင့် လှုပ်ရှားမှု ကန့်သတ်ချက်ကို စစ်ဆေးပါသည်။ အာရုံခံစားမှုနှင့် လှုပ်ရှားမှုအပေါ် ကျောရိုးကျီးပေါင်းရောဂါ ၏အလားအလာသက်ရောက်မှုကြောင့် သမားတော်သည် လူနာ၏လက်ဖျားများတွင် တုံ့ပြန်မှုများကိုစမ်းသပ်နိုင်သည်။ အာရုံကြောထိခိုက်မှုရှိသည်ဟု သံသယရှိပါက ဓာတ်မှန်ရိုက်ရန်အကြံပြုပါလိမ့်မည်။

ပုံမှန်ကုသနည်းများဖြင့် ရောဂါအခြေအနေမတိုးတက်သောလူနာများတွင်၊ အထူးသဖြင့်ဓါတ်မှန်ဖြင့်မမြင်ရသောနေရာမှ အာရုံကြောများ ပျက်စီးခြင်းအတွက် ပိုမိုအသေးစိတ်သော မြင်ကွင်းကိုရရှိရန် MRI စက် (Magnetic Resonance Imaging) ကဲ့သို့သော အဆင့်မြင့်နည်းလမ်းများကို အသုံးပြုရပါသည်။

ကြွက်သားနှင့် အာရုံကြောများကို အသေးစိတ်စစ်ဆေးခြင်း-

အဓိကအသုံးပြုသော စမ်းသပ်မှုနှစ်ခုမှာ Nerve Conduction Velocity (NCV) နှင့် Electromyography (EMG) များဖြစ်ပါသည်။ စမ်းသပ်မှုနှစ်ခုလုံးသည် ကြွက်သားနှင့်အာရုံကြောကျန်းမာရေး ကိုအသေးစိတ် ထိုးထွင်းသိနိုင်သော်လည်း မတူညီသောနည်းလမ်းများကို အသုံးပြုထားပါသည်။ Nerve Conduction Velocity သည် အာရုံကြောအချက်ပြမှုများ၏ အမြန်နှုန်းနှင့် စွမ်းအားကို တိုင်းတာသည်။ ၎င်းတွင်လူနာ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်ကူးပစ္စည်းမှတစ်ဆင့် ညင်သာသောလျှပ်စီးကြောင်းများကို အသုံးပြုပါသည်။ EMG နည်းသည် လူနာကိုထုံဆေးပေးပြီး ပါးလွှာသော အပ်များနှင့်ဆင်တူသည့်  လျှပ်ကူးပစ္စည်းအာရုံခံကိရိယာကို အသုံးပြုစစ်ဆေးပါသည်။ ၎င်းတို့သည်ကြွက်သားနှင့် အာရုံကြောများ၏ ကျန်းမာရေးနှင့် တုံ့ပြန်မှုကို အသေးစိတ်အကဲဖြတ်ပေးပါသည်။

အရိုးကျီးပေါင်းရောဂါ လမ်းညွှန်ချက်- ကုသမှု၊ နောက်ဆက်တွဲများနှင့် ကာကွယ်ခြင်း။

အရိုးကျီးပေါင်းရောဂါအတွက် ကုသမှုရွေးချယ်စရာများကို သိထားရန်။

ရောဂါလက္ခဏာများ ပေါ်လာသောအခါ၊ အပူ/အအေးအိတ်ကပ်ခြင်း နှင့် ပုံမှန်လေ့ကျင့်ခန်းများပြုလုပ်ခြင်း များကဲ့သို့ မိမိကိုယ်ကို ကုသခြင်းဖြင့် နာကျင်မှုကိုအရင်သက်သာစေပါ။ သို့သော် ကိုယ်တိုင်ကုသမှုက အထောက်အကူမဖြစ်ပါက ဆေးဘက်ဆိုင်ရာ ကုထုံးများမှရွေးချယ်စရာများစွာရှိပါသည်။ ဆေးဝါးသည် လူအများအတွက် အဆင်ပြေသော ရွေးချယ်မှုဖြစ်သော်လည်း နဂိုရောဂါအခံရှိသော လူနာများအတွက် သတိထားသင့်ပါသည်။ ခွဲစိတ်မှုမဟုတ်သောနည်းလမ်းများဖြင့် ကုသခြင်းသည် ထိရောက်မှုမရှိပါက၊ အထူးသဖြင့် ရောဂါလက္ခဏာပြင်းထန်သော သူများကို ခွဲစိတ်မှုပြုလုပ်ရန် အကြံပြုနိုင်ပါသည်။

ပုံမှန်အသုံးပြုလေ့ရှိသော အရိုးကျီးပေါင်းရောဂါ ကုသမှုနည်းလမ်းများ-

ဆေးဝါး- Diclofenac၊ Ibuprofen နှင့် Naproxen ကဲ့သို့သော စတီးရွိုက်မဟုတ်သောအရောင်ကျ ဆေးဝါးများ (NSAIDs) သည် ထိရောက်ပြီး နာကျင်မှုကို သက်သာစေပါသည်။ ပါရာ (Paracetamol) သည်ရွေးချယ်စရာဆေးတခုဖြစ်သော်လည်း အသည်းကိုပြဿနာပေးနိုင်သည့်အတွက် ဆရာဝန်၏လမ်းညွှန်မှုဖြင့်သာ အသုံးပြုသင့်ပါသည်။

လေးကျင့်ခန်း ကာယကုထုံး- ဤနည်းလမ်းသည် ရွေ့လျားနိုင်မှုကို မြှင့်တင်ပေးပြီး၊ အာရုံကြောဖိသိပ်မှုကို သက်သာစေရန် ကျောရိုးကို ဆန့်ထုတ်ခြင်းတို့လည်း ပါဝင်နိုင်သည်။

ထိုးဆေး- ကျောရိုးအတွင်း ထိုးသွင်းခြင်းဖြင့် လူနာ၏ ကျောရိုးအဆစ်ပြားတစ်ဝိုက်ရှိ နာကျင်မှုနှင့် ရောင်ရမ်းမှုကို သက်သာစေနိုင်ပါသည်။

ခွဲစိတ်ကုသမှုများ- အခြားကုသမှုများဖြင့် မပျောက်ကင်းပါက၊ အထူးသဖြင့်ရောဂါပြင်းထန် သော လူနာများတွင် Spinal Fusion ခွဲစိတ်မှု သို့မဟုတ် ကျောရိုးအဆစ်ပြားအစားထိုးကုသမှု (Artificial Disc Replacement or ADR) ကဲ့သို့သောခွဲစိတ်ကုသမှုများကို ရွေးချယ်ရန် ထည့်သွင်းစဉ်းစားသင့်သည်။

လေဆာဖြင့် ကုသခြင်း- ခေတ်မီသော ခွဲစိတ်မှုကို အစားထိုးကုသမှု- ဤနည်းလမ်းသည် အာရုံကြောများပေါ်တွင် ဖိထားသော ကျောရိုးအဆစ်ပြား များကို ကုသမှုပြုပြီး ပိုမိုလျင်မြန်စွာ ကောင်းမွန်စေသ ည့်အပြင် ရောဂါပိုးကူးစက်နိုင်ခြေကို လျှော့ချပေးပါသည်။

လည်ပင်း နှင့် ခါးအောက်ပိုင်းကျောရိုးအဆစ်များ- ယိုယွင်းမှုများအကြောင်း

လည်ပင်းကျောရိုးအဆစ်များ ယိုယွင်းမှုသည် လူနာကို သက်မသာဖြစ်စေပြီး ပြင်းထန်၍ အန္တရာယ်များသော နောက်ဆက်တွဲပြဿနာများကိုဖြစ်ပေါ်စေနိုင်ပါသည်။ အဆိုပါပြဿနာများသည် အချိန်နှင့်အမျှ နာကျင်ကိုက်ခဲမှု ဆိုးရွားလာပြီးဆေးကုသမှုခံယူရန် လိုအပ်သည် အထိ ကြီးထွားလာနိုင်ပါသည်။ ထို့အပြင် ခါးရိုးရောဂါ ပြဿနာများကြောင့် မကြာခဏ အဆုတ်နှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်းများဖြစ်နိုင်ပြီး လူနာ၏ နေထိုင်မှုအရည်အသွေးကို သိသိသာသာ ထိခိုက်စေပါသည်။ ပိုမိုပြင်းထန်သော အခြေအနေများတွင် ကျောရိုးအဆစ်ပြား ယိုယွင်းမှုသည် ခါးအောက်ပိုင်း မလှုပ်ရှားနိုင်ခြင်း နှင့် ခြေလက်များမလှုပ်ရှားနိုင်ခြင်းများ ကဲ့သို့သော အခြေအနေများ ဖြစ်ပေါ်လာနိုင်ပြီးရွေ့လျားနိုင်မှုနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။

ခါးအောက်ပိုင်းအရိုးများ ယိုယွင်းလာသောအခါတွင်မူ အခြားနှင့်မတူသော ရောဂါလက္ခဏာများ ဖြစ်ပေါ်စေပါသည်။ ကျောရိုးအာရုံကြောများ သွားလာရာလမ်းကြောင်း  (neuroforamen) သည် အလွန်အကျွံ ကျဉ်းသွားသောအခါ၊ ၎င်းသည် နောက်ဆက်တွဲပြဿနာများစွာကို ဖြစ်ပွါးစေနိုင်ပါသည်။ ဤနောက်ဆက်တွဲ ပြဿနာ များသည် နာကျင်ပြီး အားနည်းသွား စေနိုင်သည့် ကျောရိုးအဆစ်ပြားကျွံခြင်း နှင့် ကျောရိုးတင်းခြင်းအပြင် သွေးလွှတ်ကြောမကြီး ဖောင်းခြင်း (aortic aneurysms) ကဲ့သို့သော ပိုမိုပြင်းထန်သောအခြေအနေများအထိဖြစ်လာနိုင်ပါသည်။ သတိထားစရာတခုမှာ စတုထ္ထမြောက် ခါးရိုးသည် အူသိမ်အပေါ်ပိုင်းကို ဖိနေနိုင်သဖြင့် အစာခြေခြင်းနှင့် အထွေထွေအစာအိမ်နှင့် အူလမ်းကြောင်းကျန်းမာရေးကို ထိခိုက်လာနိုင်သည် အထိဖြစ်ပြဿနာများလာနိုင်ပါသည်။

အရိုးကျီးပေါင်း ရောဂါမှ ကာကွယ်ခြင်း။

အသက်အရွယ်ကြီးရင့်ခြင်းသည် ခါးနာခြင်းနှင့် လည်ပင်းနာခြင်းရောဂါများကို ဖြစ်ပေါ်စေနိုင်သော်လည်း ကြိုတင်ကာကွယ်ခြင်းဖြင့် အရိုးကျီးပေါင်းရောဂါကို ကာကွယ်နိုင်ပါသည်

  • ထိုင်နေချိန်တွင် နောက်ကျောကို တည့်မတ်သောအနေအထားဖြင့်ပုံမှန် ထိုင်နိုင်ရန်ကျောအနောက်တွင်ခေါင်းအုံး ကဲ့သို့ခံပြီးထိုင်ပါ။ သင်၏ခြေဖဝါးများကို မြေပြင်ပေါ်တွင် အညီချထားပြီး ပခုံးနှင့်လည်ပင်းတင်းမာမှုကို လျှော့ချရန် သင့်တံတောင်ဆစ်များကိုထောက်ထားပါ။
  • လည်ပင်း တင်းမာမှုကို လျှော့ချရန် သင့်ကွန်ပြူအနေအထားကို ညှိပါ။ ကွန်ပြူတာအသုံးပြုနေရာမှ မကြာမကြာ အနားယူပါ၊ ကိုယ်ဟန်အနေအထားပြောင်းပါ၊ အကြောဆန့်ပါ။
  • နောက်ကျောကြွက်သားများကို ဆန့်ထုတ်ပြီး သန်မာစေသော လေ့ကျင့်ခန်းများပြုလုပ်ပါ။
  • အလွန်အကျွံ ကွေးညွှတ်ခြင်းကို လျှော့ချပါ။
  • အချိန်ကြာမြင့်စွာ တနေရာထဲတာရှည် နေထိုင်မှုကို ရှောင်ရှားနိုင်ရန် အလုပ်တာဝန်များကို ပြောင်းလုပ်ပါ။
  • လေးလံသော ပစ္စည်းများ မ ခြင်းကိုရှောင်ပါ။
  • သင့်နောက်ကျောကို ရုတ်တရတ် လှုပ်ရှားခြင်း သို့မဟုတ် မတော်တဆထိခိုက်မှုများမှ ကာကွယ်ပါ။

S Spine & Nerve ဆေးရုံမှ လူနာများအတွက်စိုးရိမ်မှုဖြင့်
ကျောရိုးနှင့် အာရုံကြောဆိုင်ရာ အထူးကုဆေးရုံ
ရောဂါ၏အရင်းအမြစ်ကို ကုသပေးခြင်းသည် ရေရှည် ရောဂါကင်းရှင်းစေပါသည်။

Share This Story