S Spine & Nerve ဆေးရုံ တွင် ကျောရိုးရောဂါခံစားနေရပြီး ပုံမှန် နည်းပညာဖြင့် ခွဲစိတ်မှုခံယူရန် ကြောက်ရွံ့သူတစ်ဦးချင်းစီအတွက် အစားထိုးကုသမှုအဖြစ် ပြီးပြည့်စုံသော မှန်ပြောင်းဖြင့်ခွဲစိတ်သော Minimally Invasive Spine Surgery (MIS Spine) ကို ဆောင်ရွက်ပေးနေပါသည်။

ဤနည်းလမ်းသည် ပုံမှန်ခွဲစိတ်မှုများနှင့် နှိုင်းယှဉ်နိုင်သော ကုသမှုရလဒ်များကို ရရှိစေပြီး ကြီးကြီးမားမား ခွဲစိတ်မှုများကို အသေးစားအဖြစ်သို့ ပြောင်းလဲပေးပါသည်။ ၎င်းသည် သွေးဆုံးရှုံးမှုအနည်းဆုံးဖြစ်ခြင်း၊ ကုသပြီးနောက် နာကျင်မှုနည်းပါးခြင်း များကြောင့် အဆ ၃၀ ပိုဘေးကင်းသည့်အပြင် ကုသစရိတ်လည်းများ စွာသက်သာစေပါသည်။ အချို့သောအခြေအနေများတွင် ၂-၃ ပတ်ခန့် သို့မဟုတ် ၁-၂ လအထိပင် ဆေးရုံတက်ဖူးသော လူနာများသည် ယခုအခါ MIS ကုသမှုနည်းပညာကြောင့် ခွဲစိတ်ပြီးနောက် ဆေးရုံတွင် တစ်ညခန့်သာ နေရန် လိုပါသည်။

ဤဆေးရုံ၏ လျှို့ဝှက်ချက်တစ်ခုမှာ ရောဂါများ၏ မူလဇစ်မြစ်ကို ကုသရန် အထူးအာရုံစိုက်ထားပြီး၊ သင့်ရောဂါအတွက် ကုသမှု ဆုံးဖြတ်ချက်များ မချမီ သင့်ရောဂါလက္ခဏာဖြစ်ရခြင်း၏ အဓိကအကြောင်းရင်းများကို နားလည်နိုင်စေရန်အသေးစိတ် ဆွေးနွေးပေးခြင်းဖြစ်ပါသည်။ “နာကျင်မှုများ မသက်သာဘူးလား ကျွန်ုပ်တို့နှင့်လာရောက်ဆွေးနွေးပါ၊” “အသေးစားခွဲစိတ်မှု၊ နာကျင်မှုအနဲဆုံးနှင့်၊ အမြန်ဆုံးပြန်လည်ကောင်းမွန်စေရမည်”၊ S Spine & Nerve ဆေးရုံ၏ ၉၅% သောလူနာ များသည် ဆေးရုံတွင် တစ်ညသာအိပ်ရပြီး ၎င်းတို့၏ပုံမှန်ဘဝများသို့ လျင်မြန်စွာပြန်လည်ရောက်ရှိစေပါသည်။ ပြည်တွင်း ပြည်ပမှ လူနာများသည် ကုသမှုအတွက် S Spine and Nerve ဆေးရုံကို ယုံကြည်ကြပါသည်။ ထောင်နှင့်ချီသောလူများသည် ကုသမှုခံယူပြီးနောက် စိတ်ချယုံကြည်မှုရှိခါ အခြားသောခါးနာဝေဒနာခံစားနေရသူ အများအပြားကိုလဲ ဤဆေးရုံတွင်ကုသမှုခံယူရန် အကြံပြုကြပါသည်။

ထို့အပြင် S Spine and Nerve ဆေးရုံသည် ကမ္ဘာ့အဆင့်မှီ ကျောရိုးကုသရေးစံနှုန်းနှင့်တပြေးထဲ အမြဲရှိနေရန်အတွက် ကုသမှုနည်းသစ်များကိုလဲ အဆင်မပြတ် သုတေသနပြုလုပ်လျှက်ရှိပါသည်။ ကျွန်ုပ်တို့၏ အထူးကုသမားတော်များနှင့် ဝန်ထမ်းများသည် အခြားဆေးရုံများနှင့် မတူသော ကျောရိုးစောင့်ရှောက်မှုဆိုင်ရာ ခေတ်မီနည်းပညာများနှင့် ဆန်းသစ်တီထွင်ထားသော ကုသမှုနည်းပညာများတွင် အထူးကျွမ်းကျင်မှုရှိကြပါသည်။ ၎င်းသည် လူနာများအား “S Spine & Nerve ဆေးရုံတွင် ပြီးပြည့်စုံသော ကျောရိုးကုသမှုကို တစ်နေရာတည်းရရှိနိုင်ကြောင်း” အာမခံမှုတခုဖြစ်ပါသည်။

S Spine & Nerve Hospital သည် သင်၏ခါးနာခြင်းမှ ပြန်လည်ကောင်းမွန်လာပြီး ပုံမှန်ဘဝပြန်လည်နေထိုင်နိုင်မှုကို ရရှိစေရန် နှင့် သင်၏ချစ်ခင်ရသူများ သုခချမ်းသာရရာ တစ်စိတ်တစ်ပိုင်းဖြစ်ရန် ရည်ရွယ်ပါသည်။

“အဘယ်ကြောင့်ဆိုသော် S Spine and Nerve ဆေးရုံသည် ထိုင်းနိုင်ငံ၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကျောရိုးဆေးရုံဖြစ်သောကြောင့်ဖြစ်ပါသည်။”

Share This Story